Nan Khan

စာသင်ကျောင်း ဝင်စီးခံရလို့ အထိုင်ချနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံး

“ရွာသားတွေအားလုံးကို ဘုန်းကြီးကျောင်းထဲမှာ ဝင်ခိုင်းတယ်။ ပြီးတော့ သူတို့(စစ်ကောင်စီ)တွေ ရွာထဲကနေ နဲနဲစီ ထွက်သွားကြတယ်။ ဘယ်ကိုထွက်သွားလဲဆိုတာတော့ မသိဘူး။ ရွာသားတချို့ကတော့ ရွာထဲမှာ ပြန်နေပြီး၊ တချို့ကတော့ ရွာထဲမှာ ပြန်မနေကြသေးဘူး”

စစ်ကိုင်းမှာ စစ်ယာဥ်တန်း ၂ ခုဆုံချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

“မနေ့က စကစ ကားတန်းတွေက ရှုပ်နေတာပဲ။ မုံရွာကနေရော၊ စစ်ကိုင်းကနေရော သူတို့တွေ ကားနဲ့ ပစ္စည်းတခုခုကို သယ်ဆောင်နေကြတာ။ သူတို့ကားတန်းတွေ အဝေးပြေးလမ်းမပေါ် ရောက်လာတဲ့အချိန်မှာ ဒရုန်းနဲ့ကြဲချလိုက်တယ်။ ထိခိုက်မှုတွေတော့ ရှိပါတယ်။ အတိအကျတော့ မသိသေးပါဘူး”

PDF ဟန်ဆောင်ထားတဲ့ စစ်ကောင်စီတွေက ပြည်သူတွေဆီက ငွေတောင်း

“သူတို့ PDF ဝတ်စုံဝတ်ပြီး ငွေတွေကောက်ခံနေတာ။ သူတို့ကောက်တဲ့နေရာက မန္တလေး ၊ မြစ်ကြီးနား ဗျူဟာ လမ်းမကြီးပေါ်မှာ ရှိတာဆိုတော့လာသမျှ ကား၊ ဆိုင်ကယ်တွေကို အကုန်စစ်တာ။ စစ်ပြီးတော့ ပိုက်ဆံကောက်တယ်။ အခုလိုကောက်နေတာ ၅ ရက်ရှိပြီး ပြည်သူတွေကလည်း အထင်မှားနေကြတယ်”

စစ်ကောင်စီလမ်းပြ ပျူစောထီးတပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရလို့သေဆုံး

“ကျနော်တို့ ပျူစောထီး အေးလွင်ကိုပဲ ပစ်ခဲ့တာပါ။ ကျန်တဲ့သူတွေကို ဘာမှမလုပ်ခဲ့ပါဘူး။ ကျနော်တို့အနေနဲ့ကတော့ စစ်ကောင်စီဒေါက်တိုင် ပြည်သူတွေကို အမြဲဒုက္ခပေးနေတဲ့ ပျူတွေ၊ ဒလန်တွေကို နယ်စီးမခြားဘဲ တိုက်ခိုက်ရှင်းလင်းသုတ်သင်သွားပါမယ်”

ရဲကားကို ဖောက်ခွဲဖို့ ပြင်ဆင်ချိန် မိုင်းမတော်တဆဖြစ်ပြီး ပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

“အလောင်းတွေကတော့ ပြန်မရဘူး။ အသားစတွေက တစစီဖြစ်သွားတော့ စခတွေက ဒီမနက်မှာ အသားစတွေ ပြန်ကောက်ပြီး အင်းတော်သချိုင်းမှာ မြေမြှုပ်လိုက်တယ်။ အခုလိုဖြစ်ရပ်မျိုးက ပထမအကြိမ်ပါ။ အရင်ကလည်း မြို့ထဲတွေမှာ လှုပ်ရှားပါတယ်။ **တွေ ထိခိုက်တာပဲရှိခဲ့ဖူးတာ”

မြင်းမူက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲခံရပြီး ၃ ဦးခန့် သေဆုံးဟုဆို

“အဲဒီစခတွေက မြင်းမူမြို့နယ်ထဲမှာရှိတဲ့ ရွာသားတွေကို သတ်ဖြတ်တာတွေ၊ မုဒိမ်းကျင့်တာတွေလုပ်ပြီး စစ်ကြောင်းထွက်လာတာပါ။ ကျနော်တို့ကလည်း စစ်ကြောင်းထိုးလာတဲ့ *တွေကို အထူးထုတ် မိုင်းဘီးလူးကြီးတလုံးနဲ့ ဖောက်ခွဲခဲ့တာ။ သူတို့ဘက်က သေဆုံးသွားတဲ့သူ ဒဏ်ရာရသွားတဲ့သူတွေကို ထမ်းလာတာကို ကျနော်တို့မျက်စိနဲ့ မြင်တွေ့ခဲ့ပါတယ်”

စစ်ကိုင်းမှာ ပကဖခေါင်းဆောင်နဲ့ လူသားဒိုင်းအဖြစ် ဖမ်းခံထားရတဲ့ ပြည်သူ ၁၅ ဦးသတ်ခံရ

“ဓါးစာခံ ဖမ်းဆီးခံရတာက ၁၆ ဦးပါ။ လောလောဆယ်တော့ အလောင်း ၁၅ လောင်းပဲ တွေ့ပါတယ်။ တွေ့ တာက မြင်းမူနယ်ထဲက ညောင်ရမ်းရွာနားမှာ တွေ့တာ။ အမျိုးသမီး ၃ ဦးနဲ့အမျိုးသား ၁၂ ဦးရဲ့ အလောင်းတွေပါ။ ဓါးစာခံခေါ်သွားတဲ့အထဲက ၁ ဦးနဲ့ လမ်းပြခေါ်သွားတဲ့ အမျိုးသား ၃ ဦး ပေါင်း ၄ ဦးက ပျောက်နေဆဲပါ။ အလောင်းတွေကို ညနေ ၆ နာရီလောက်က သဂြိုဟ်ပြီးစီးခဲ့တယ်"

ကနီမှာ စစ်ရှောင်ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ဖို့ အကူညီတွေလိုအပ်

“တဲက သုံးလုံးရှိတယ်။ တဲဆိုတော့ ဝါးတိုင်လေးတွေကို ၆ တိုင် ၈ တိုင်စိုက်ပြီး ဆောက်ထားတယ်။ တတဲ နဲ့ တတဲက နီးတော့ စာသင်တဲ့အခါ အဆင်မပြေဘူး။ အဆောက်အဦးတွေကလည်း အဆင်မပြေဘူး။ ကလေးတွေကလည်း တောထဲတောင်ထဲမှာ နေရတော့ ကျန်းမာရေးချို့တဲ့တာ အနည်းငယ် ရှိတယ်။ ကလေးတွေအတွက် အိမ်သာတောင် တလုံးပဲ ရှိတယ်။ နွေပြီးလို့ မိုးရောက်လာရင် ကလေးတွေကို ဘယ်လိုမှ စာသင်ကြားလို့ မရတော့ဘူး”

ပဲခူးမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းပြီး ငွေကြေးတောင်းခံမှု ပိုမိုပြုလုပ်လာ

“မနေ့က အဖမ်းခံလိုက်ရတဲ့ ဆိုင်ကယ်တွေ စုစုပေါင်း ၂၅ စီးလောက် ရှိမယ်။ ဆန်အိတ်တင်ကား ၂ စီးလည်း အဖမ်းခံရတယ်။ ဖမ်းမိရင် ဆိုင်ကယ်နံပါတ်၊ လိပ်စာတွေ ပြောရမယ်။ အဖေနာမည်တွေ ပြောရတယ်။ ပြောပြီးရင် သူတို့က ချလန်ဖြတ်ပေးတယ်။ စာရင်းစာအုပ်မှာ လက်မှတ်ထိုးရတယ်။ ကျနော်တောင် အဲ့နေ့က တသောင်းပေးလိုက်ရတယ်”

ထန်းရည်ခိုးသောက်တဲ့ ရဲဘော်တွေ အပြစ်ပေးခံရ (ရုပ်/သံ)

“အစက သူတို့တွေ ရေသွားချိုးသလိုလိုဘာလိုလိုပေါ့။ ကျနော်တို့လည်း စကားပြောနေကြတယ်ထင်တာ။ သွားကြည့်တော့မှ ထန်းရည်ခွက်ကိုယ်စီနဲ့ ထန်းရည်သောက်နေကြတယ်။ မိသွားတော့ သူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ သူတို့ရှေ့မှာ ပုန်းချထားတယ် အဲဒီပုန်းထဲက ရေမပြည့်မချင်းသူတို့ကို မှောက်ထားခိုင်းတယ်။ အပြစ်ခံရတဲ့ ရဲဘော်တွေများတော့ မကြာပါဘူး ရေက ခဏလေးနဲ့ပြည့်သွားတယ်”

ခင်ဦးမှာ အုပ်စွဲဖွဲ့ လုယက်သတ်ဖြတ်မှု တပတ်ခန့်ကြာအထိ လက်သည်မပေါ်သေး

“သူတို့ရဲ့မျက်နှာတွေကို ပုဝါနဲ့ အုပ်ထားတယ်။ အသက်တွေက ၁၈ ကနေ ၃၀ ဝန်းကျင်တွေ။ မိသားစုဝင် ၅ ယောက်လုံးကို မှောက်ထားခိုင်းပြီး လည်ပင်းတွေကိုလည်းတက်နင်းထားတယ်။ အိမ်ထဲကနေ ငွေကျပ် သိန်း ၆၅၀၊ ရွှေထည် ၁ ပိဿာကျော်ကို ချွတ်ယူတာရော၊သိမ်းယူတာရော ပြီးတော့ ဆိုင်ကယ်(လိုင်စင်ပါ)၄ စီး ယူသွားတယ်” လို့ ဆိုပါတယ်။

ဆိပ်ဖြူ-ဆော လမ်းပိုင်းတွေကို အသုံးမပြုဖို့ တားမြစ်ချက် ကားသမားတွေ မလိုက်နာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားဖို့ ခက်တယ်လို့ဆို

မကွေးတိုင်း၊ ဆိပ်ဖြူ − ဆောလမ်းပိုင်းတွေကို အသုံးမပြုဖို့ တားမြစ်ထားပေမဲ့လည်း ကားသမားတွေက မလိုက်နာတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ဖို့အတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။

မိုင်းခင်းဖို့ ပြင်နေတဲ့ PDF ရဲဘော် ၂ ဦး စစ်ကောင်စီတပ်နဲ့ တွေ့ပြီး မီးရှို့သတ်ခံရ

“အဖမ်းခံရတာကတော့ ရဲဘော် ၃ ဦးနဲ့ ရွာသားတွေလည်း ပါတယ်။ ရဲဘော်တဦးနဲ့ ရွာသားတွေကတော့ လွတ်သွားတယ်။ သူတို့ ၂ ဦးပဲ ကျန်ခဲ့တယ်။ ပထမတော့ တာဝရွာဘုန်းကြီးကျောင်းမှာ သူတို့ကို စစ်ဆေးပြီး ရိုက်နှက်တယ်။ ခနနေတော့ ဘုန်းကြီးကျောင်းကနေ ထွက်သွားပြီး စာသင်ကျောင်းဘက်မှာ မီးရှို့သွားတယ်” လို့ ဆိုပါတယ်။

ခင်ဦးမှာ တရက်တည်း စစ်ရှောင် ၉၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာ ၇ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းထောင်ပြီးအပြန် ခြုံခိုတိုက်ခိုက်ခံရလို့ PDF ရဲဘော်တဦး ကျဆုံး

"၇ ယောက်မှာ ၆ ယောက်က လွတ်မြောက်လာပြီး သူကတော့ ခြေထောက်ကျည်ထိမှန်လို့ကျန်ခဲ့တယ်။ ကျန်ခဲ့တော့ သူ့ဆီကနေ ဖုန်းနဲ့ဆက်သွယ်လာတယ်။ လာကယ်ပေးဖို့ ပြောတော့ ကျတော်တို့တပ်ရင်းတပ်ဖွဲ့တွေ ကြိုးစားပြီးတော့ ကယ်ခဲ့တယ်။ ဒါပေမဲ့မမှီလိုက်ဘူး" လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10