Nan Khan

စခန်းစီးနင်းခံရလို့ ဆုတ်ခွာချိန် PDF ဒုတပ်ရင်းမှူးနဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးအသတ်ခံရ

“စခတွေက မြောက်ဘက်ကနေလာပြီး အနောက်ဘက်ကိုပတ်ဝင်တာ။ ကျနော်တို့က သူတို့စစ်ကြောင်းထိုးလာတဲ့ဘက်ကိုပဲ ကင်းကာထားတာ။ ကျနော်တို့ မထင်မှတ်တဲ့နေရာဘက်ကနေ ဝင်လာလိုက်တာ၊ ကျနော်တို့ အနောက်ကပိတ်ပြီး ခံလိုက်ရတဲ့သဘောပေါ့”

ပျူစောထီးတွေပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အသက် ၄ နှစ်အရွယ်ကလေးမကို နေ့ချင်းသဂြိုလ်

“ပျူစောထီးတွေ နေတဲ့နေရာနဲ့ နှမ်းဆီကန်ရွာက ၄ မိုင်လောက်ပဲ ဝေးတယ်။ ပျူတွေက ခဏခဏ နှမ်းဆီကန်ရွာထဲကို ဝင်တယ်။ သူတို့လာတော့ ရွာသားတွေ ပြေးတယ်။ ပြေးလို့ဆိုပြီးလိုက်ပစ်တော့ ကလေးတဦးကို ထိသွားတယ်”

ဗုံးပေါက်ကွဲပြီးနောက် ရွှေမော်ဓောဘုရားပွဲမှာ စစ်ဆေးမှုပိုတင်းကြပ်

“စစ်ဆေးရေးက ဘုရားဝန်းကျင် လေးဘက်လေးလံပဲ။ ရဲတွေက ကားနဲ့အပြည့်ပဲ။ ဝန်းထဲကို လွယ်လွယ်ဝင်လို့ မရတော့ဘူး။ အသံဗုံးပေါက်တဲ့နေ့မှာပဲ လမ်းတွေ ပိတ်ချလိုက်တယ်။ အဝင်လည်း စစ်တယ်။ အထွက်လည်း စစ်တယ်။ ဆိုင်ကယ်လိုင်စင်၊ ဖုန်းနဲ့ ခန္ဓာကိုယ် ကိုင်ပြီးလည်း စစ်တယ်”

စစ်ကိုင်းမြို့ပေါ်မှာ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းလို့ ဖမ်းဆီးထောင်ချခံရမှုတွေရှိနေ

“ယောကျာ်းလေး ၂ ယောက် မစီးရဘူးလို့ ကြိုပြီးထုတ်ပြန်တာမျိုးလည်း မရှိဘူး။ လိုက်ကြေငြာတာမျိုးလည်း မရှိဘူး။ အဲ့ဒီနေ့မနက်ကတော့ ရပ်ကွက်တွေထဲမှာတော့ လိုက်ပြောတာမျိုးရှိတယ်လို့တော့ သိရတယ်။ ယောကျ်ားလေး ၂ ယောက်ပိုးကိုတော့ မထင်ရင်မထင်သလို ဖမ်းတယ်။ ညနေ ၆ နာရီ နောက်ပိုင်းလောက်မှာ ဖမ်းတာပိုများဖမ်းတယ်။ လမ်းဂွတွေမှာ စောင့်ဖမ်းတာ”

ကနီက ပြည်သူ့အခြေပြု ကျောင်းတကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

“စာမေးပွဲ ပညာရည်ချွန်ဆုပါ။ ပထမ၊ ဒုတိယ၊ တတိယ ဆုတွေပေါင်းပြီး ဆုပေါင်း ၁၅ ဆုပါ။ ဆုပေးပွဲမှာ ဖျော်ဖြေရေးတွေလည်း ပါပါတယ်။ အခုလို ကျင်းပပေးရတာဟာ ကလေးတွေကို စာကြိုးစားလာအောင် ကျောင်းဆက်တက်ချင်တဲ့စိတ်ပေါက်အောင်၊ မိဘ ဆရာ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံလို့ရအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးရတာပါ”

စစ်အုပ်စုလက်ချက်နဲ့ကျဆုံးခဲ့သူ မသဉ္ဇာဟိန်းအတွက် အောက်မေ့ဖွယ် ၂ နှစ်ပြည့်အခမ်းအနားပြုလုပ်

“အခုလို အောက်မေ့ဖွယ်အခမ်းအနားလုပ်တာ ပထမအကြိမ်ပါ။ အရင်နှစ်က လုပ်ချင်ပေမယ့် နယ်မြေအနေအထားအရ မလုပ်ဖြစ်လိုက်ပါဘူး”

ဖက်ဆစ်တော်လှန်ရေးနေ့မှာ ပခုက္ကူလူထုတိုက်ပွဲကော်မတီက သပိတ်စစ်ကြောင်းပြုလုပ်

“ပြည်သူတွေအနေနဲ့လည်း တယောက်ကိုတယောက် အပြစ်ပြော လက်ညိုးထိုးနေမဲ့အစား လက်သီးကျစ်ကျစ်ဆုတ်ပြီး အချင်းချင်းစည်းလုံးညီညွတ်စွာ ကိုယ်ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ဘက်က ပါဝင်ပေးကြဖို့ကို ပြောချင်တယ်” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လမ်းမှာ ဗုံးဖြုတ်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဗုံးပေါက်ကွဲလို့ သေဆုံး

“ဗုံးပေါက်ကွဲပြီတော့ လူနာတင်ယာဉ်နဲ့ လာတင်သွားတယ်။ သေတာတော့ ၂ ယောက်သေတယ်။ သေတာကို ဘယ်လိုသိရလဲဆိုတော့ ကျနော်တို့ မြေပြင်သတင်းပေးတွေဆီကနေ သိရတာပါ။ ထိခိုက်ဒဏ်ရာရတာတွေတော့ မကြားမိဘူး”

ဘုတလင်နယ်က စစ်ရှောင်စာသင်ကျောင်းကို ကျောင်းသုံးပစ္စည်းနဲ့ စားသောက်ကုန်တွေလှူဒါန်း

“အဲဒီကျောင်းမှာ KG တန်းကနေ Grade 8 အထိရှိတယ်။ CDM ဆရာမက ၄ ဦးရှိတယ်။ စေတနာ့ဝန်ထမ်း ၂၃ ဦးရှိတယ်။ သူတို့ကျောင်းကိုဖွင့်ထားတာ ၃ လလောက်ပဲ ရှိသေးတယ်။ သူတို့လေးတွေ တောထဲမှာနေရတာ တနှစ်ကျော်ပြီ။ ကျနော်တို့ သပိတ်အင်အားစုကို အကူညီတောင်းလို့သွားရောက်လှူဒါန်းခဲ့တာ”

ဝက်လက်နယ်၊ စိုင်နိုင်ကြီးရွာက ဒေသခံ ၁၀ ဦးကျော်ကို စစ်တပ်ကဖမ်းဆီးသွား

“ရွာထဲကိုဝင်လာတဲ့အချိန် လက်နက်ငယ်တွေရော၊ လက်နက်ကြီးတွေရော ပစ်ခတ်ခဲ့တယ်။ ရွာသားတွေကိုလည်း ဘာကြောင့်ဖမ်းခေါ်သွားတာလဲတော့ မသိပါဘူး၊ လူဦးရေအတိအကျတော့ မပြောနိုင်ပေမဲ့ ၁၀ ဦးထက်မနည်း အဖမ်းခံရတာပါ။ အခုချိန်ထိရွာသားတွေလည်း ရွာထဲကို ပြန်ဝင်မရဲသေးဘူး”

မုံရွာ နမခ တပ်ကနေ အရာတော် စခတ ၁၀ တပ်ကိုလာတဲ့ ယာဉ်တန်း မိုင်းဆွဲခံရ

"သူတို့လာမှာကို ကျနော်တို့ကြိုတင်သတင်းရထားလို့ သွားစောင့်နေတာပါ။ သူတို့ကို မိုင်းဆွဲ‌လိုက်‌တော့ ကားတစီး ထိသွားတယ်။ မိုင်းဆွဲခံရပြီးတော့ ကမ်းဖြူရွာမှာ ခဏနေတယ်။ ပြီးတော့ စခတ ၁၀ တပ်ကို ဆက်သွားပါတယ်"

ပဲခူးရွှေမော်ဓောဘုရားပွဲတော်မှာ စျေးရောင်းချသူ နည်းပါး

“ကစားကွင်းနဲ့ စျေးတန်းတွေက ဆောက်နေတုန်းပဲ။ ဇာတ်ပွဲက ၃၀ ရက်နေ့မှာ ဝင်မယ်လို့ပြောတယ်။ အခုချိန်ထိ ဇာတ်စင်တောင် မဆောက်ရသေးဘူး။ ဝန်းထဲမှာတော့ ရဲတယောက်နှစ်ယောက်ကို လုံခြုံရေးချထားတယ်။ ဆိုင်တန်းပေါင်း ၃၀ ဆယ်လောက်ပဲ ရှိမယ်။ ဈေးရောင်းတဲ့သူ‌တွေလည်း သိပ်မရှိဘူး”

သပိတ်စစ်ကြောင်း ၇၄၅ ရက်‌မြောက်နေ့အဖြစ် ကျေးရွာပေါင်းစုံသပိတ်ပြုလုပ်

"သပိတ်ကို ယင်းမာပင်မြို့နယ်ထဲမှာပြုလုပ်တာပါ။ သပိတ်က နေ့စဥ်လုပ်ပါတယ်။ ဒီနေ့မနက် သပိတ်ကိုတော့ နာရီဝက်လောက်ပဲလုပ်ဖြစ်တယ်"

ကန့်ဘလူမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့တဲ့အပြင် ဘုန်းကြီးတပါးကိုပါ ဖမ်းသွား

“အခုလောလောဆယ် စစ်ကြောင်းတွေက မရှင်းသေးတဲ့အတွက် အိမ်ခြေဘယ်လောက် မီးထဲပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ရွာထဲဘယ်သူမှ မဝင်ရဲသေးပါဘူး။ ညောင်ဇင်ကြီးရွာက အခုမှ ပထမအကြိမ် မီးရှို့ခံရတာပါ”

မတ္တရာမြို့နယ်၊ ပိုဝမြောက်ရွာကို စစ်တပ်က တလတည်း ၂ ကြိမ်မီးရှို့

“ပိုဝမြောက်ရွာက ဒီလထဲမှာပဲ မီးရှို့ခံရတာ ၂ ကြိမ်ရှိပြီ။ လေတွေကလည်း တိုက်နေတော့ မီးငြိမ်းဖို့က တော်တော်ခက်တယ်။ ဖမ်းဆီးခံရတဲ့ ရွာသားတွေတော့ မရှိဘူး။ ရွာသားတွေကတော့ ရွာထဲမရောက်သေးပါဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10