ကျွန်းလှမှာ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စေခိုင်း
“အခုက သင်တန်းကို မတက်မနေ တက်ရမဲ့သဘော။ သူတို့ဘက်က လူအင်အားမရှိတော့ ပြည်သူတွေကို ဖိအားပေး ခြိမ်းခြောက်တယ်လို့ ပြောလို့ရတယ်။ ရပ်ကွက်က လူတွေလည်း ပြဿနာ ပိုကြီးမှာ ကြောက်ကြတော့ အကုန်သွားကြတာ များတယ်။ အစည်းအဝေးကိုလည်း သူတို့ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီးလုပ်ကြတာ”