Nan Khan

မြောင်က စစ်ရှောင်အဘိုးတဦးကို စစ်အုပ်စုက သေနတ်နဲ့ပစ်သတ်

“ပစ်သတ်ခံရတာတောင် ရက်ရက်စက်စက် ပစ်သတ်သွားတာ။ စစ်ရှောင်နေတဲ့အချိန်မှာ သုံးဖို့ သူ့ရဲ့ရေလဲတပတ်လေးတွေ၊ သွားတိုက်တံ၊ သွားတိုက်ဆေးတွေတောင်မှ သူသေတဲ့နေရာမှာပဲ ကျန်ခဲ့တယ်”

မုံရွာနယ်က ထနောင်းတောရွာကို စစ်တပ်ကမီးရှို့နေ

"အခုလောလောဆယ်တော့ ဘာမှတိတိကျကျ မသိရသေးဘူး။ စစ်ကြောင်းပြန်မှပဲ သိရမယ်။ နေအိမ်တွေကို မီးရှို့တာ တော်တော်များတယ်လို့ ကြားတယ်။ ရွာသားတွေလည်း ထွက်ပြေးနေရတယ်"

မတ္တရာမြို့နယ် လဝကဒု-ဦးစီး သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံး

"ပျူ‌တွေကို သင်တန်း‌ပေးတာ စည်းရုံးတာတော့ ကြာပြီ။ ဘယ်လောက်ကြာပြီလည်းဆိုတာတော့ မမှတ်မိတော့ဘူး။ သူ့ရဲ့ခေါင်းကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ခဲ့တယ်။ သူပြန်ခုခံလို့ နပန်းလုံးခဲ့ရသေးတယ်"

ကျွန်းလှမြို့ပေါ် နေထိုင်သူတွေကို စစ်သားနဲ့ပျူတွေက ဖိအားပေးကင်းစောင့်ခိုင်းနေ

“တချို့ရပ်ကွက်တွေ ကင်းစပြီး စောင့်နေရပါပြီ။ ပြီးခဲ့တဲ့မတ်လ ၂ ရက်နေ့ကစပြီး ကင်းစောင့်နေရတယ်။ အခုလို ကင်းစောင့်ဖို့ကိုလည်း ကျွန်းလှမြို့ပေါ်မှာက အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေကပဲ ကင်းစောင့်ဖို့ကို စီစဉ်ခဲ့တာ။ ကင်းမစောင့်ချင်တဲ့ သူတွေလည်း ရရာပိုက်ဆံတွေချေးပြီး ပေးရတယ်”

မုံရွာက ရွာတရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်တပ်ကနေအိမ် ၁၁ လုံးကိုမီးရှို့ခဲ့

“ရွာထဲမှာဘာမှမရှိပါဘူး၊ အကုန်လုံးရိုးရိုးသားသားလုပ်စားကြတာပါ။ PDF ရှိတယ်ထင်ပြီး မီးရှို့သွားတာပါ။ သူတို့အခုလိုလုပ်လိုက်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ ဘာမှပြောစရာမရှိပါဘူး၊ ပြောလည်းမပြောရဲပါဘူး၊ သူတို့လာရင်ပြေးမယ်၊ အဓိက က လူလွတ်အသက်ရှင်ဖို့ပဲ အရေးကြီးတာပါ”

မုံရွာ−အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီအဖွဲ့က လူထုဟောပြောပွဲ ကျင်းပ

“ပြောသွားတာကတော့ လက်ရှိနိုင်ငံရေးအခြေအနေ၊ လူထုပါဝင်မှု၊ ဖက်ဒရယ်ဒီမိုကရေစီအကြောင်းတွေကို အဓိကထားပြီး ပြောသွားခဲ့တာ”

ကနီရှိ ပြည်သူ့အခြေပြုကျောင်း ၂ ကျောင်းက ကလေးတွေကို သံချဆေးတိုက်

“နောက်ထပ်လည်း စစ်ရှောင်ရွာတွေကို ဆေးတိုက်ဖို့အစီအစဉ်တွေရှိနေပါသေးတယ်။ ဆေးတိုက်ဖို့ကျန်တဲ့ရွာတွေတောင် သိပ်မကျန်တော့ဘူး။ နောက် ၆ လနေရင် ကျနော်တို့သပိတ်အင်အားစုက အခု ဆေးတိုက်ခဲ့တဲ့ရွာကျောင်းမှာရှိတဲ့ကလေးတွေကို ဆေးဆက်ပြီးတိုက်သွားဦးမှာပါ။ ပြည်သူနဲ့အတူ အလှူရှင်၊ စေတနာရှင်တော့ ရှာရအုံးမှာပေါ့”

အင်းတော်ကိုတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

"ကားက ၄၆ စီးထွက်လာတာ ၄၄ စီးပဲ အင်းတော်ကိုရောက်ခဲ့တယ်။ ထိသွားတဲ့ကား ၂ စီးကိုလည်း အိမ်စီးကားတွေနဲ့ စွဲသွားတယ်။ စခတွေဘက်က ထိခိုက်မှုကို ကျနော်တို့ကို သတင်းပေးနေကြသူတွေရှိတယ် သူတို့ဆီကနေတဆင့် သိရတာ"

သောက်သုံးရေရှားပါးနေတဲ့ အညာက ဒေသခံတွေအတွက် S&C က သောက်ရေကန်ဆောက်လုပ်ပေး

“ယင်းမာပင်မြို့နယ်နဲ့ ဘုတလင်မြို့နယ်ထဲက ရွာတွေမှာ သောက်ရေကန်ကို ဆောက်လုပ်ပေးနေတာပါ။ ရွာတိုင်းတော့ မဟုတ်ဘူး။ သောက်သုံးရေရှားပါးတဲ့နေရာတွေမှာ လိုက််ဆောက်ပေးတာပေါ့။ သောက်ရေကုန်ရင် ဖြည့်ပေးတဲ့အပိုင်းကိုလည်း ပြင်ဆင်ဆောင်ရွက်ပေးထားပါတယ်။ သောက်ရေရှားပါးတဲ့နေရာတွေရဲ့ နီးစပ်တဲ့ရွာတွေက ဒေသခံတွေလည်း အများအပြား အသုံးပြုနိုင်မှာပါ”

လူဦးရေ ၃၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းကို ကုန်စိမ်းနဲ့မုန့်များ လှူဒါန်း

“ကျနော်တို့ သွားလှူတဲ့ကျောင်းမှာကတော့ လူဦးရေ ၃၀၀ လောက် ရှိမယ်။ တခြားနေရာတွေမှာလည်း စစ်ရှောင်တွေရှိတယ်။ အဲဘက်တွေမှာ လူဦးရေဘယ်လောက်ရှိလဲဆိုတာတော့ အတိအကျမသိရဘူး။ တချို့ရွာသားတွေဆို ပျူရွာနဲ့နီးလို့ ထွက်ပြေးတိမ်းရှောင်နေရတာတော်တော်ကို ကြာနေပြီး တချို့ကတော့ လပိုင်းလောက်ပဲ ရှိသေးတယ်”

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီး ၁ ဦးမြွေကိုက်ခံရ၊ ၂ လအတွင်း ၃ ဦးမြောက်ဖြစ်လာ

“ညနေပိုင်းမှာ ကျွဲ၊နွားတွေ သွားသိမ်းချိန် ကိုက်ခံလိုက်ရတယ်။ ညာဘက်ခြေကျင်းဝတ်နားမှာ ကိုက်ခံလိုက်ရတာ။ အခုကတော့ ၈၅ ရာခိုင်နှုန်းလောက်က သက်သာလာပြီ။ စကားတွေလည်း နည်း နည်းပါးပါး ပြန်ပြောလာနိုင်ပြီ”

ရေနံမြေစခန်းမှာ တပ်စွဲထားတဲ့စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF တဦးကျဆုံး (ရုပ်/သံ)

ကျဆုံးရဲဘော်မှာ Black God ပြောက်ကျားတပ်ဖွဲ့မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဖြိုးဇာ (ခ) မောင်ဇာနည်အောင်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်နေချိန်မှာ ကျဆုံးခဲ့တာဖြစ်သလို အခြားပူးပေါင်းအဖွဲ့တွေဘက်မှ တပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်

မြင်းမူမှာ စစ်ကောင်စီကားတွေကို တရက်တည်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်

“ကျနော်တို့က စကစရဲ့ဝင်ငွေ လည်ပတ်စီးဆင်းမှုကို ပိတ်ဆို့တဲ့အနေနဲ့ ကြေးနီတွေ တင်လာတဲ့ကားတွေကို မိုင်းဆွဲလိုက်တာပါ။ မိုင်းဆွဲလိုက်ပြီးတော့ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး”

စစ်အုပ်စုက ပစ်ခတ်စစ်ကြောင်းထိုးလာလို့ ထန်းတက်သမား ၂ ဦးသေဆုံး

“ကိုမင်းဇော်ကိုတော့ ထန်းပင်ပေါ်က ဆင်းဆင်းချင်း ပစ်သတ်သွားတာပါ။ ဦးမြအေးကတော့ ထန်းပင်ကနေ ပြုတ်ကျပြီး ဆေးကုသမှုခံယူနေရင်း ည ၈ နာရီလောက်မှာ ဆုံးသွားတယ်။ သူတို့ ၂ ယောက်စလုံးက နဘူတောရွာ တောပြင်မှာနေတဲ့ ထန်းတက်သမားတွေပါ”

ဟန်ပြရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ရွာ ၂၀ ကျော်က ပအဖ၊ ပကဖ တွေ ဆွေးနွေး

“ကျနော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဦးနဲ့ ရွာပေါင်း ၂၀ ကျော်က ပအဖ၊ ပကဖ အဖွဲ့တွေ ပြုလုပ်ခဲ့တာပါ။ လူဦးရေကိုတော့ အတိကျပြောလို့ မရပါဘူး။ တရက်တည်းလုပ်တာမို့ အချိန်က နေ့လယ်ကနေ ညနေ ၃ နာရီအထိပါပဲ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10