ရဲဘော်မိုးဇီးရက်ခ်ရဲ့ တောထဲကသင်္ကြန်
အခုလည်း သင်္ကြန်ကာလ စစ်ဆင်ရေးနားနေတဲ့အချိန် ရဲဘော်တချို့က သာသနာ့ဘောင်မှာ သင်္ကန်းစည်းကြသလို စခန်းမှာကျန်ခဲ့တဲ့ရဲဘော်တွေတော့ စခန်းအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ရေလောင်းအိမ်သာ ဆောက်လုပ်ခြင်းအပါအဝင် တခြားသောအလုပ်တွေကို စုပေါင်းကာ လုပ်အားပေးလို့နေပါတယ်။ အပင်ပေါ်တက်ပြီး သစ်ခုတ်သူက ခုတ်၊ မြေကျင်းတူးသူကတူး၊ အုတ်သယ်သူက သယ်နဲ့ တက်ညီလက်ညီ လုပ်နေကြတာဟာ တဦးပေါ်တဦး ရဲဘော်ရဲဘက်စိတ်ထားတယ်ဆိုတာကို အလုပ်နဲ့သက်သေပြသနေသလိုပါပဲ။