စောကျော်ငြိမ်း

ရေလယ်ကျွန်းမှာ မြစ်ရေကြီးလာလို့ စစ်ရှောင်တွေပြောင်းရွေ့နေကြရပြီး ဝါးနဲ့မိုးကာ အကူအညီ လိုအပ်နေ

"မြေနိမ့်ပိုင်းက ရေဝင်လာတဲ့ တဲတွေအရင်ရွေ့နေရတယ်။ လှေပေါ် ပစ္စည်းတွေတင်ပြီး တဘက်ကမ်းကိုပြန်ရွေ့ရတာပါ။ လှေမရှိတဲ့သူတွေက ပိုခက်ခဲကြတယ်။ ကျွန်းပေါ်မှာ ခုံမြင့်တဲ့နေရာကသိပ်မရှိတော့ဘူး။ တဲပြန်ထိုးဖို့ဝါးနဲ့မိုးကာ မရှိလို့ အခက်အခဲတွေ့ နေရတယ်" လို့ စစ်ရှောင်ရွာသားတဦးက ပြောပါတယ်။

ပခုက္ကူနယ်တွင် စစ်ရှောင်နဲ့ဒေသခံတွေ ဖျားနာရောဂါအဖြစ်များပြီး ဆေးဝါးအကူအညီလိုအပ်နေ

"ရာသီပေါ်ဖျားနာတာတွေနဲ့ သွေးလွန်တုပ်ကွေးတွေ အဖြစ်များနေကြတယ်။ တပ်ရင်းမှာရှိတဲ့ ဆေးဝါးနဲ့တော့ အဆင်ပြေအောင်ကုပေးနေပါတယ်။ ယားနာတွေပေါက်တာနဲ့ ကိုယ်ဆောင်မိခင်တွေလည်း ရှိတယ်။ ဆေးဝါးပစ္စည်းတွေက လုံလောက်တာမျိုး မရှိသေးပါဘူး"

ခင်ဦးနယ်မှာ ၁ ရက်တည်း ရွာ ၂ ရွာကို စစ်ကောင်စီက တိုက်ခိုက်လို့ လူနဲ့တိရစ္ဆာန်တွေသေဆုံးဒဏ်ရာရ

"ရွာမဝင်ခင် ဘေးကင်းအောင်လို့ လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ရဲနဲ့ပျူတွေ ရွာထဲဝင်လာတယ်။ စာသင်ကျောင်းမှာနေတဲ့ စစ်ရှောင်တွေရဲ့ အိမ်တွေက ဆန်၊ အဝတ်အထည်၊ တခြားစားစရာတွေခိုးသွားကြတယ် "

ပဲခူးရိုးပေါ်ရှိ မြို့ချောင်း-စိန်ကန့်လန့် လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်တွေနယ်မြေရှင်းလင်းရေးပြုလုပ်

"ကျနော်တို့ PDF တွေနယ်မြေစိုးမိုးထားတဲ့နေရာမှာ စစ်တပ်ဘက်ကသစ်ခိုးထုတ်နေတာသိလို့ လုံခြုံရေးအရ စစ်ဆေးနေတာပါ။ ပြည်သူတွေပူပေါင်းပါဝင်တဲ့အနေနဲ့ စစ်တပ်နဲ့ဝေးဝေးနေကြပါ။ အတတ်နိုင်ဆုံး ဒီလမ်းကိုမလာကြဖို့ ပြောချင်ပါတယ်" လို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

YDF တပ်ဖွဲ့မှာ ရဲဘော်အင်းအားများလာလို့ရိက္ခာမလုံလောက်တဲ့အတွက် စိုက်ခင်းတွေတိုးချဲ့စိုက်ပျိုးနေ

"တောထဲမှာ ဟင်းသားကရှားတယ်။ စျေးဝယ်ဖို့ ငွေမတတ်နိုင်သလို လမ်းခရီးကလုံခြုံမှုမရှိသေးပါဘူး။ ရဲဘော်စားဖို့အတွက် ရည်ရွယ်ပြီး စိုက်ထားတာပါ။ စိုက်ခင်းမလုပ်ခင်က စားဖို့အတော်ခက်တယ်။ ရိက္ခာက လိုအပ်နေတာဖြစ်လို့ နောက်ထပ်လည်းတိုးချဲ့ပြီး စိုက်နေရတယ်" YDF တာဝန်ခံက ပြောပါတယ်။

စစ်တပ်ရဲ့ဖမ်းဆီးရိုက်နှက်ခြောက်လှန့်မှုတွေကြောင့် မသွားလာရဲဖြစ်နေလို့ အုတ်ဖိုစစ်ရှောင်တွေ အခက်တွေ့နေ

" ဆည်ထဲ ငါးရှာဖားရှာတော့လည်း သေနတ်ဖောက်ခြောက်လှန့်တယ်။ ရိုက်နှက်ခံရတာလည်းရှိတော့ ဆည်လည်းမသွားရဲကြဘူး။ ဒီနားရွာက ကုန်စုံဆိုင်တွေမှာ စျေးဝယ်တော့လည်း စစ်ဆေးမေးမြန်းတော့ မသွားရဲဘူး ဖြစ်နေတယ်။ မထင်ရင်မထင်သလို ရိုက်တယ်။ ရှိတာပဲ ဝမ်းဝရုံမျှတစားနေရတယ်"

လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗုံးကွဲပြီးနောက် ဒေသခံပြည်သူ ၇ ဦးကို စစ်ကောင်စီဖမ်းဆီး

" ညပိုင်းဗုံးပေါက်သံကြားလို့ မိတ္တူဆိုင်ကကောင်လေး ထွက်ကြည့်တာကို ရဲတွေကမြင်ပြီး မသင်္ကာလို့ ဝင်ဖမ်းတာပြောတယ်။ အိမ်ရှင်ရော သားနဲ့သမက်တွေပါ ၆ ဦးဖမ်းသွားတယ်။ ရိပ်သာလမ်းကအမျိုးသား ၁ ဦးကိုလည်း ဖမ်းသွားတယ်”

PDF တွေစိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိက္ခာခက်ခဲနေတဲ့စစ်ရှောင်တွေထံ ထောက်ပံ့

"စိုက်ခင်းစိုက်တာ ၂ လလောက်ပဲရှိသေးတယ်။ ရဲဘော်တွေ ရိက္ခာအဆင်ပြေဖို့စိုက်ကြတာပါ။ အနီးနားမှာ စစ်ရှောင်များတော့ စားဖို့ခက်ခဲကြတယ်။ အဲ့ဒါနဲ့ စစ်ရှောင်တွေစားဖို့တတ်နိုင်တဲ့ဘက်က ကူညီပေးတာပါ" လို့ယာယီ ဒု-တပ်ရင်းမှူက ပြောပါတယ်။

ရေနံချောင်းနယ် ကျေးရွာအချို့မှာ မိုးမရွာလို့ မိုးခေါ်လွန်ဆွဲပွဲ ပြုလုပ်

" ကံနတ်တင်တယ်လို့ခေါ်ကြတယ်။ နှစ်စဥ်လည်း မိုးနည်းတော့ မိုးခေါ်လွန်ဆွဲနေကြပါ။ မနှစ်ကဆိုရင် လွန်ဆွဲဲပြီးတာနဲ့ မိုးအတော်ရွာလိုက်တယ်။အခုလည်း မိုးလိုနေတာနဲ့ ဆရာတော်တွေပင့်ပြီး၊ ငါးရံ့မင်း ပရိတ်ရွတ်တယ်။ ရွာမှာရှိတဲ့ ကလေး၊ လူကြီး၊ အပျို၊ အအို အကုန်ထွက် လွန်ဆွဲကြတယ်။ အိုးစည်ဗုံမောင်းနဲ့ စိတ်ပါလက်ပါ လွန်ဆွဲနိုင်အောင် တီးပေးကြတယ်။"

စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ရှောင်တွေကို စစ်ကြောင်းအန္တရာယ်နဲ့ ခရီးလမ်းအခက်ခဲကြားက သွားရောက် ထောက်ပံ့

"စစ်ကြောင်းတွေဖြစ်နေတဲ့ကြားက ကုန်းလမ်းရေလမ်းနဲ့သွားခဲ့ရတယ်။ စစ်ရှောင်တွေက လှူမယ့်သူရှိမှစားရတဲ့ သဘောဖြစ်နေတယ်။ စောင်တွေနဲ့ တဲအမိုးတွေ မိုးနေရတယ်။ စားဝတ်နေရေး အတော်ကိုခက်ခဲနေကြတယ်။ အဘိုးအဘွားက ဆေးဝါးတွေလှူပေးဖို့ပြောတယ်"

ဂန့်ဂေါက စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးအကူအညီလိုအပ်နေ

"အခုလို မိုးရာသီမှာ အဖြစ်များနေတဲ့ တုပ်ကွေးရောဂါအတွက် ဆေးတွေဆိုရင် အလုံအလောက်မရှိပါဘူး။ ဆေးဝါးအကူအညီ လိုအပ်နေပါတယ်"

ရွှေဘိုနယ်မှာ စစ်ကောင်စီယာဥ်တန်းနဲ့ ကင်းပုန်းအဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်တိုက် တိုက်ခိုက်

" စစ်ယာဥ်တန်းကားကို မိုင်းနှစ်နေရာခွဲဆွဲတော့ ကားပေါ်ကပစ်လို့ ပြန်ဆုတ်လိုက်ရတယ်။ ကားဘယ်နှစ်စီးလည်း မသိလိုက်ပါဘူး။ အဲ့ယာဥ်တန်းပြန်အလာကို တအုံရွာနားက ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်သား ၄ ကောင်ကိုသေနတ်နဲ့ပစ်ခဲ့ကြတယ်"

PDF ၅ ဦးကိုသတ်ခဲ့တဲ့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရာ စစ်သား၂ ဦးသေဆုံးဟုဆို

" ဧပြီလကတည်းက မြို့နယ်နှစ်ခုကြားမှာ သူတို့က စစ်ကြောင်းပတ်သွားနေကြတာ။ သူတို့ကင်းပုန်းဝပ်နေတဲ့အချိန် စနိုက်ပါနဲ့ပစ်ခဲ့တယ်။ စစ်သား ၂ ယောက်လဲကျပြီး သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေရှိပေမယ့်အတိ အကျမသိရသေးပါဘူး ။ ကျနော်တို့ ဒရုန်းတစင်း Jammer ကြောင့်ပျက်စီးခဲ့ရတယ်"

YDF ရဲဘော်ရဲမေအများစု ငှက်ဖျားရောဂါဆိုးရွားစွာဖြစ်နေပြီး ဆေးဝါးအကူအညီလိုအပ်နေ

"ငှက်ဖျားဖြစ်တာအများစုက လေ့ကျင့်ရေးဌာနကရဲဘော်တွေမှာ ဖြစ်နေကြတယ်။ လူရာနဲ့ချီပြီး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ တပတ်ကဆိုရင် ၃၀ ကျော်ဆေးနားနေရတယ်။ တပ်ရင်းဆေးခန်းမှာ ကုသပေးနေပေမယ့် ဆေးတွေက မလုံလောက်တာမျိုး ဖြစ်နေပါတယ်။ ငှက်ဖျားဆေးတွေ အရေးတကြီး လိုအပ်နေပါတယ်"

မြောင်က ကျောင်သားတွေရဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှု

"စစ်တပ်ကို ပြောချင်တာကတော့ စစ်ကျွန်ပညာရေးကို မလိုလားဘူး။ ငါတို့ကျောင်းသားတွေ ညီညွတ်လာပြီ၊ စစ်အုပ်စုကိုယ်တိုင် အခိုင်အမာတည်ဆောက်ထားတဲ့ ကျွန်ပညာရေးယန္တယားကို တစတစ ဖြိုချဖျက်ဆီးပစ်မယ်။ ငါတို့ ကျောင်းသားလူငယ်တွေကို မတရားဖမ်းဆီး သတ်ဖြတ်လို့ ရကောင်းရမယ်။ ငါတို့ရင်ထဲက တော်လှန်စိတ်ကို ဖျောက်ဖျက်ပစ်လို့မရနိုင်ဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10