စောကျော်ငြိမ်း

မုံရွာ-အမြင့်လမ်း ကျေးရွာမှာ နယ်မြေမအေးချမ်းတဲ့ကြားက လူထုဟောပြောပွဲ ပြုလုပ်

" နယ်မြေမအေးချမ်းတော့ သပိတ်စစ်ကြောင်းတွေ မထွက်ဖြစ်လို့လုပ်တာပါ။ ပြည်သူတွေသိဖို့လိုတဲ့ လက်ရှိနိုင်ငံရေး၊ တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သဘောတရားတွေကို ပြောပြတာဖြစ်တယ်။ ပြည်သူတွေနားလည်ပါဝင်လာမှ တော်လှန်ရေးက ပိုအားကောင်းလာမှာပါ"

ဆားလင်းကြီးက စစ်ရှောင်ပြည်သူ ၅၀၀ ကျော်ကို နှစ်ရက်ဆက် အာဟာရဒါန ကျွေးမွေး

"စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ယာယီစစ်ဘေးရှောင်မဟုတ်ဘဲ ရက်ရှည်မယ့်အနေထားမှာရှိနေပါတယ်။ စားသောက်ရေး အခက်ခဲလည်းဖြစ်နေလို့ ကျွေးမွေးဖြစ်တာပါ။ စကစ အနေနဲ့ကလည်း ရွာတွေကို ဆက်တိုက်မီးရှို့နေပါတယ်"

ဆားလင်းကြီးတွင် သေဆုံးသွားတဲ့ ဦးဗန့်ဂျီအတွက် ဆုတောင်းသပိတ်ပြုလုပ်

"ကိုဗန့်ဂျီဟာ စစ်တပ်ရဲ့ လူမဆန်စွာသတ်ဖြတ်တာခံခဲ့ရတယ်။ နေ့လည်ပိုင်းက မီးရှို့သဂြိုဟ်ခဲ့ပြီ။ အဲဒါနဲ့ပတ်သက်ပြီးကျဆုံးခဲ့တဲ့ အာဇာနည် ကိုဗန်ဂျီအတွက် ဆုတောင်းပွဲလုပ်ဖြစ်တာပါ"

စဥ့်ကူးက စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် လွတ်လပ်သောထောက်ပို့အဖွဲ့က ရိက္ခာထောက်ပံ့

"ရွာတွေမှာ အိမ်မရှိကြတော့ဘူး။ တချိူ့ဆို အဝတ်တထည် ကိုယ်တခုနဲ့နေကြရတယ်။ ဆန် ဆီ ကြက်သွန်လေးလှူတာတောင် ပြုံးပျော်နေကြတယ်။ သူတို့မှာ အိမ်မရှိတော့တာကို မေ့နေသလို တွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ စားဖို့နေဖို့ဝတ်ဖို့ ဘာမှကိုမရှိလို့အခက်အခဲ ဖြစ်နေကြတာ"

ယင်းမာပင်မှာ PDF ရဲဘော်ဆေးမှူးက တကိုယ်တော် ဆေးကုသနေပြီး ဆေးဝါးပစ္စည်းတွေလိုအပ်နေ

"ရဲဘော်တွေလိုအပ်ချက်တွေကို ပြည်သူတွေအဆင်ပြေတုန်းက ကူညီပေးခဲ့တယ်။ အခုပြည်သူတွေ ဒုက္ခအခက်အခဲရောက်နေတော့ ဥပက္ခာမပြုနိုင်ပါဘူး။ ကျနော်တတ်နိုင်တဲ့အပိုင်းက ဆေးကုသစောင့်ရှောက်ပေးသွားမယ်"

ပြည်မြို့မှာ ဆိုင်ကယ်စီးနင်းသူတွေကို စစ်ဆေးပြီး လိုင်စင်မရှိပါက ငွေ သိန်းချီတောင်း

"မနေ့က ကိုးသောင်းနားမှာ ကောင်လေးတယောက် အဖမ်းခံရတယ်။ ဆိုင်ကယ်ပစ္စည်းလာဝယ်ရင်း အဖမ်းခံရတာ။ ဆိုင်ကယ် လိုင်စင်မရှိလို့ ၅ သိန်းတောင်းတယ်။ အဲ့ကလေးတွေ အိမ်ကငွေကြေး အဆင်မပြေကြဘူး။ ပိုက်ဆံမပေးနိုင်ရင် ထောင် ၁ လကျမယ်ပြောလို့ ငွေရှာနေကြတယ်"

မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

"ကျနော်တို့ PDF ဆိုတာ ပြည်သူကမွေးဖွားလာတဲ့ ပြည်သူ့ရဲဘော်တွေပါ။ လက်နက်ခဲယမ်းကအစ ပြည်သူက ဝယ်ပေးထားတာ။ ပြည်သူကို မျက်နှာမမူဘဲ ပြန်နှိပ်စက်တဲ့လုပ်ရပ်မျိုးကတော့ လက်မခံနိုင်ပါဘူး။ ဒါကလည်း အဖွဲ့ငယ်လေးတွေမှာ ဖြစ်နေတာတွေ့ရပါတယ်။"

ပခုက္ကူက ဆန်သယ်ယူတာကို စစ်တပ်ကဖမ်းဆီးသိမ်းနေလို့ ပေါက်ဒေသခံတွေ စားနပ်ရိက္ခာ ခက်ခဲလာ

"ပေါက်နဲ့ ပခုက္ကူကြားက ဘုရားတောင်မှာ စစ်တပ်ဂိတ်စခန်းရှိတယ်။ ပေါက်တောင်ပိုင်းကပစ္စည်းဆိုရင် သယ်တာလက်မခံဘူး။ ဆန်ဝယ်ရင် ငွေကြိုပေးရတော့ သိမ်းခံရရင် ငွေရောဆန်ပါဆုံးတယ်။ တချို့သူတွေကရွာထဲမှာရှိတဲ့ ဆန်ပဲဝယ်စားရတာလည်းရှိတယ် "

ဂန့်ဂေါနယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

"ရွာအရှေ့ဘက်ကုန်းပေါ်ကနေ အပိုင်စောင့်ပစ်တာ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိသေးဘူး။ ကျနော့်ရဲဘော်က စနိုက်ပါရိုင်ဖယ်နဲ့ပစ်လိုက်တာ စစ်သားနှစ်ယောက်သေတယ်"

ကျောက်ထု၊ စံတောင်တိုက်ပွဲမှာ စစ်သား ၂ ဦးသေပြီး လက်နက်ခဲယမ်းအချို့သိမ်းနိုင်ခဲ့

“စံတောင်ကုန်းပေါ်မှာ ကျနော်တို့ကအရင်နေရာယူထားတယ်။ သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အရင်စပစ်တယ်။ ပြီးမှ ကျနော်တို့ပြန်ပစ်တယ်။ စစ်သားနှစ်ယောက် ရင်ဘတ်မှန်ပြီးလဲကျသွားတယ်။ ဒဏ်ရာရတာများပေမယ့် ၄ ယောက် ဒဏ်ရာရတာကိုပဲ အတည်ပြုပါတယ်"

ဆောဒေသ မှာ NUG လမ်းညွှန်ချက်နဲ့ စာသင်ကျောင်း ၈၀ ကျော် ဖွင့်လှစ်သင်ကြားပေးနေ

"ကျောင်း ၈၀ ကျော်ဖွင့်လှစ်ပြီး သင်ကြားပေးထားနိုင်တယ်။ ကလေးတွေကို ပညာရေးနဲ့အလှမ်းမဝေးစေချင်တဲ့ဆန္ဒနဲ့ သင်ဖြစ်တာပါ။ သူတို့ရဲ့အနာဂတ် တိုးတက်စေချင်တယ်။ ကျမတို့အတွက် လခမရလည်း ခလေးတွေကို ပညာတတ်စေချင်လို့သင်ပေးနေမှာပါ" လို့ ပြောပါတယ်။

ပုလဲနယ်က မီးဘေးသင့်တွေကို ကူညီလှူဒါန်းခဲ့တဲ့ ပြည်ပရောက် ကမ်းလက်မေတ္တာ

"ကမ်းလက်မေတ္တာအဖွဲ့ကို မီးရှို့ခံရတဲ့ရွာတွေက ပြည်သူတွေရဲ့ အခက်အခဲကိုပြောပြတယ်။ လိုအပ်တဲ့ပစ္စည်းတွေနဲ့ ကုန်ကျစရိတ် စာရင်းတွေ ပို့ပေးတယ်။ အဲဒီအဖွဲ့ရဲ့ငွေကြေးနဲ့ ပစ္စည်းတွေဝယ်ပြီး လှူဒါန်းခဲ့ပါတယ်"

ရေနံချောင်းက တောင်ကတုံးတွေမှာ ဒင်းဂါးညီနောင်များအဖွဲ့က အရိပ်ရပင်တွေ စိုက်ပျိုး

"အခု ကျနော်တို့စိုက်တဲ့နေရာမှာ သစ်ပင်လုံးဝမပေါက်တဲ့ နေရာပါ။ မြက်ပင်တောင်မရှိဘဲ ကန္တာရလိုဖြစ်နေတာပါ။ ကုန်ကျစရိတ်တော့ မြေပြန့်မှာစိုက်တာထက်ပိုများတယ်။ပြုစုစောင့်ရှောက်ရတာလည်း ပိုခက်ခဲတယ်။ အပင်ဖြစ်အောင်လည်း စိုက်နေပါတယ်"

မင်းလှမြို့နယ် ရိုးမဖြတ်လမ်းသွားလာခွင့်ကို စစ်ကောင်စီကပိတ်ပြီး လာသူတွေကို ဆက်ကြေးကောက်

"စစ်ကြောင်းထိုးမယ်ဆိုပြီးတော့ ဘယ်သူ့မှ အတက်မခံတော့ဘူး။ မျှစ်ချိုး၊ ဝါးခုတ်၊ ထင်းခုတ်တဲ့သူတွေလည်း မောင်းချတယ်။ ဆိုင်ကယ်နဲ့တနိုင်တင်တာမျိုးရှိတော့ ဘယ်ဆိုင်ကယ်မှအလာမခံဘူး။ လာတာနဲ့ဖမ်းတယ်။ ဆိုင်ကယ်တစီးကို ပိုက်ဆံ တသိန်းခွဲ၊ နှစ်သိန်းတောင်းတယ်"

ခမရ - ၁၅ ထဲကို စစ်ကောင်စီအရာရှိတွေ ရောက်နေချိန် ဗုံးကြဲလို့ သေဆုံးမှုရှိဟုဆို

"ဒုချုပ်-စိုးဝင်း ပါတယ်လို့ကြားတယ်။ သံမဏိစက်ရုံ စစ်ဆေးဖို့လာတာ။ ရဟတ်ယာဥ်နှစ်စင်းနဲ့ လာပြီးတော့ ခမရ ၁၅ ထဲ အရင်ဆင်းတယ်။ အဲ့အချိန်မှာ ကျနော်တို့ကဒရုန်းနဲ့ဗုံး ၄ လုံးချခဲ့တာပါ။ စစ်သား ၇ ဦးသေတယ်။ ၈ ဦးဒဏ်ရာရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10