စောကျော်ငြိမ်း

ရေဦးနယ်၊ မုန်တိုင်ပင်ရွာကို စစ်တပ်က ၂ ကြိမ်မြောက်မီးရှို့၊ အိမ် ၁၇ လုံးပျက်စီး

"စစ်တပ်က ပထမတခါလည်း အိမ်တွေမီးရှို့တယ်။ ပြည်သူတွေကို အစုလိုက် အပြုံလိုက် မီးရှို့သတ်ခဲ့တယ်။ အခုလည်း ကောင်းတဲ့ကြီးတဲ့အိမ်တွေ မီးထပ်ရှို့တယ်။ အဲ့ဒီရွာနားမှာ မိုင်းဆွဲခံရတော့ အထိနာသွားတယ်။ ရွာမီးရှို့တော့ အပြစ်မဲ့ပြည်သူတွေပဲ ဒုက္ခရောက်တာပေါ့ဗျာ"

စစ်သားနဲ့ပျူတွေက ပေါက်တောင်ပိုင်းကျေးရွာတွေကို ၅ ရက်ကြာ မီးရှို့ပြီး ဒေသခံ ၂ ဦးကို ပစ်သတ်

"အပြစ်မဲ့ပြည်သူကို ဖမ်းမိတဲ့နေရာမှာ ဘာမှမမေးဘဲ သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်သွားတယ်။ ချောင်းနားရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း မတရားယူတယ်။ သယ်လို့မနိုင်တဲ့ ပစ္စည်းတွေ၊ အိမ်တွေ မီးရှို့ပစ်တာ။"

မိုခါကြောင့်ပျက်စီးသွားတဲ့ လမ်းကိုပြင်နေတဲ့ ဒေသခံတွေကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲပစ်ခတ်

"ဘက်ဟိုးတွေ ဖောကားတွေနဲ့ ကျေးရွာလူထု လမ်းပြင်နေတဲ့ အချိန်ပစ်တာပါ။ နှစ်ခါပစ်တယ်။ ကားအောက်ဝင်နေတဲ့ တယောက်ဗုံးစမှန်တော့ လက်မောင်းထိသွားတယ်။ ဖောကားတစီးလည်း ပျက်စီးသွားတယ်။ ကျန်တဲ့သူတွေက လူစုခွဲထမင်းစားနားနေလို့ ဘာမှမဖြစ်ပါဘူး"

ရေစကြို ရေလယ်ကျွန်းမှာ စစ်တပ်နဲ့ပျူတွေက ၄ ရက်ဆက်တိုက် မီးရှို့သတ်ဖြတ်လို့ ဒေသခံ ၆ ဦးသေဆုံး

"လူထုကြားထဲမှာ ကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေနဲ့ လူထုအခက်အခဲကို ပိုများစေချင်တဲ့သဘောရှိတယ်။ ဝင်တဲ့ရွာတိုင်းကိုမီးရှို့တယ်။ ဒါကတော်လှန်ရေးအပေါ်မှာ ပြည်သူတွေ အားပေးနေတဲ့စိတ်တွေကို လျော့ရဲယိုင်နဲ့လာအောင် အဖွဲ့အစည်းတွေကြားမှာမညီညွတ်အောင် လုပ်နေတာဖြစ်တယ်"

ရေစကြို၊ ရေလယ်ကျွန်းမှာ စစ်တပ်ကမီးရှို့နေလို့ သီးနှံတွေကို ရတဲ့စျေးနဲ့ရောင်းချနေရ

"ခုချိန်က ပဲတီစိမ်းတို့ နှမ်းတို့ပေါ်တဲ့အချိန်ပါ။ ပဲတီစိမ်းဆိုရင် ၃ ခါကောက်ကြတယ်။ အခုက ၁ ခါပဲကောက်ပြီး အိမ်မှာမထားရဲလို့ရတဲ့စျေးနဲ့ ရောင်းနေရတာပါ။ နောက်ထပ် ၂ ခါကောက်ဖို့ ကျန်သေးတယ်။ နှမ်းလည်းရိတ်သိမ်းလို့ မပြီးသေးပါဘူး။ စစ်တပ်ကမီးရှို့ဖျက်ဆီးမှာစိုးတော့ သိမ်းလို့ပြီးတာကို အရင်ရောင်းနေတာလို့"

ပုလဲ၊ နှောကန်ရွာ မီးဘေးသင့်ဒေသခံတွေကို ကျပ်သိန်း ၄၀ ခန့်တန်ဖိုးရှိ စားသောက်ကုန်တွေထောက်ပံ့

"ကျနော်က နှောကန်ရွာမီးရှို့ဒဏ်ခံခဲ့ရတဲ့ပြည်သူတယောက်ပါ။ ရွာကို စစ်**တွေလာပြီးတော့ တရွာလုံး နီးပါးပြာကျအောင်မီးရှို့သွားခဲ့တာ။ပုလဲမြို့နယ်ပအဖ၊ပကဖနဲ့အလှူရှင်တွေကဝိုင်းဝန်း ကူညီလှူဒါန်းပေး ထားလို့ လောလောဆယ်ကျနော်တို့စားဝတ်နေရေးအဆင်ပြေနေပါတယ်"

ဝက်လက်နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

"ကျနော်တို့ကသတင်းရလို့ ကြိုစောင့်နေတာ။ ဝက်လက်နဲ့သုံးမိုင်ကျော်လောက်ဝေးမယ်။ ရွာနှစ်ရွာကြားမှာ ကျနော်တို့စတိုက်တယ်။ မိနစ် ၂၀ လောက် အပြန်အလှန်ပစ်ခဲ့ကြတယ်။ ပစ်တဲ့အချိန်မှာပဲ ၃ ယောက်လဲကျသွားတာ မြင်လိုက်ရတယ်"

စစ်တပ်က စစ်ကြောင်းထိုးလို့ ရေဦးဒေသခံ ၅ ထောင်နီးပါး တိမ်းရှောင်နေရ၊ စားသောက်ရေး အခက်တွေ့နေ

"စစ်သားတွေက ရေဦးမြောက်ဘက် ချောင်းဦးနဲ့စခန်းသာရွာမှာ ညအိပ် စခန်းချတယ်။ အဲ့နားက ရွာသားတွေလည်း ရှောင်ပြေးနေရတယ်။ စစ်ရှောင်တာ ၅၀၀၀ လောက်ရှိမယ်။ ထမင်းထုပ်တွေ တနိုင်လာပေးတာတော့ ရှိပါတယ်။ စားစရာလည်းမသယ်နိုင်တော့ စစ်ရှောင်ပြည်သူတွေ စားစရာမရှိဖြစ်နေတယ်"

စစ်ဆေးရေးတင်းကြပ်ထားတဲ့ မုံရွာမှာ သပိတ်ပြုလုပ်

"သပိတ်ဆိုတာ နွေဦးတော်လှန်ရေးရဲ့ထောက်တိုင်တွေထဲမှာ ပါဝင်သလို လူထုကိုယ်စား ကျမတို့လူငယ်တွေက အာဏာရှင်ကိုအလိုမရှိကြောင်း နိုင်ငံတကာကိုပြချင်လို့ပါ။ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရှိနေတာကို မြို့ပေါ်မှာ အပြုံးမပျက်သွားလာစားသောက်နေကြတဲ့သူတွေရှိနေလို့ မီးမောင်းထိုးပြရတာဖြစ်တယ်"

ပေါက်နယ်မှာ ကွမ်းခြံတွေ ရေမြုပ်ပျက်စီးပြီး ကွမ်းစျေးခေါက်ချိုးမြင့်တက်

"ရေဝင်တာများတော့ ကွမ်းခြံတွေပျက်ကုန်တာပေါ့။ ကွမ်းလဲရောင်းစရာမရှိတော့ဘူး။ အခုတပိဿာတသောင်းကျော်ရှိတယ်"

ရွာက ပစ္စည်းတွေယူပြီးပြန်လာတဲ့ စကစတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ကင်းပုန်းဝပ်စောင့်နေတာ။ ရွာထဲမှာ ဝင်မွှေပြီး ထွက်လာတော့ အပိုင်စောင့်ပစ်ကြတာ။ စစ်သားတွေနောက်ကြောင်း ပြန်ပြေးသွားတယ်။ ၃ ယောက်သေတယ်၊ ၁ ယောက်က ဒဏ်ရာရတယ်"

ပုလဲနယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းတံတားတွေကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြုပြင်

"မိုးတအားများတော့လမ်းတွေ ရေတိုက်စားပြီးပျက်စီးကုန်တာ။ လမ်းပျက်တာရွာ ၂၀ ကျော်ရှိတယ်။ ပြည်သူတွေသွားလာတာ အဆင်ပြေဖို့လုပ်ကြတာပါ။ လိုအပ်တဲ့ပစ္စည်းတွေကိုပြည်သူတွေလှူတဲ့ငွေနဲ့ ဝယ်ပြီးတော့ပြုပြင်ခဲ့တာဖြစ်တယ်"

ပေါက်နယ်မှာ မုန်တိုင်းကြောင့် နှမ်းဧက ၁၆၀၀ ကျော်ပျက်စီးပြီး တောင်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရ

"နှမ်းနက်တွေစိုက်တာပါ။ လေရော မိုးရော ရေပါကြီးတော့ ပိုဆိုးတာပေါ့ဗျာ။ ခုလိုလည်း တခါမှမကြုံဖူးပါဘူး။ အပင်ကြီးတွေက လဲကုန်တယ်။ ရွှံနွံတွေကပ် အပင်လဲတာနဲ့ ဘေးနားက အခင်းတွေရော ပျက်စီးကုန်တာ"

ယင်းမာပင်က ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော်ကို အာဟာရဒါနကျွေးမွေး

"ရေဘေးသင့်ပြည်သူတွေမှာ အခက်အခဲတွေအများကြီးရှိနေပါတယ်။ ထမင်းတနပ် ကောင်းကောင်းစားရလို့ စိတ်ချမ်းသာစေချင်တယ်။ သူတို့ပတ်ဝန်းကျင်ရှင်းလင်းဖို့က တပတ်လောက်ပြင်ဆင်ရအုံးမယ်"

ပခုက္ကူ၊ ချောင်းဂွရွာမှာ တိုက်ပွဲဲဖြစ်ပွားလို့ ပျူစောထီး ၄ ဦးသေ

"ပျူစောထီးတွေ ချောင်းထဲဝင်လာတာ။ သူတို့ ကင်းပုန်းဝပ်နေတာကို မြင်လိုက်တော့ ကျနော်တို့ဘက်က လက်နက်ငယ်တွေနဲ့ စပစ်ကြတယ်။ တိုက်ပွဲက မိနစ် ၂၀ လောက်ပဲကြာမယ်။ နေရာမှာပဲ ပျူ ၄ ကောင်သေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10