သတင်းလာစုံစမ်းတဲ့ ရဲနဲ့ပျူစောထီးကို PDF က ဖမ်းဆီးရာ ရဲကို ခဲယမ်းတွေနဲ့အတူ အရှင်မိ
" ကျနော်တို့တပ်ဖွဲ့ရှိတဲ့ရွာကို လိုက်မေးနေတာပါ။ ကင်းထောက်အဖွဲ့က မသင်္ကာလို့ စစ်ဆေးတာကနေ ဖမ်းဆီးလိုက်နိုင်တယ်။ ပျူ ၁ ကောင်က ထွက်ပြေးသွားလို့ ပစ်ခတ်ရှင်းလိုက်ရတယ်။"
" ကျနော်တို့တပ်ဖွဲ့ရှိတဲ့ရွာကို လိုက်မေးနေတာပါ။ ကင်းထောက်အဖွဲ့က မသင်္ကာလို့ စစ်ဆေးတာကနေ ဖမ်းဆီးလိုက်နိုင်တယ်။ ပျူ ၁ ကောင်က ထွက်ပြေးသွားလို့ ပစ်ခတ်ရှင်းလိုက်ရတယ်။"
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက PDF ရဲဘော်ရဲမေတွေဟာ မိုးစပါးတွေကို စတင်စိုက်ပျိုးပြီးစီးခဲ့ပြီး အဲဒီက ထွက်ရှိတဲ့ စပါးတွေကိုတော့ တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ထောက်ပံ့မယ်လို့ သိရပါတယ်။
"ကျနော်တို့ စခန်းနေရာကိုလာပြီး အလင်းဝင်တာပါ။ လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်နေပါတယ်။ လက်နက်ခဲယမ်းပါလာတော့ ဆုငွေပေးဖို့လည်း ရှိပါတယ်"
လမ်းလျှောက်ဆန္ဒပြတဲ့အခါ ကျနော် မှတ်မိနေတဲ့ကြွေးကြော်သံတွေက " သပိတ် သပိတ် --- မှောက် မှောက်၊ မီးဒုတ် မီးဒုတ် ---ရှို့ရှို့၊ မဆလပါတီ --- အလိုမရှိ၊ တပါတီစနစ် ဖျက်သိမ်းရေး --- ဒို့အရေး၊ စိန်လွင်ခြောက်တန်း တဇောက်ကန်း ဆောက်ရမ်းမလုပ်နဲ့၊ နဖူး ပြောင်ပြောင် ရူးကြောင်ကြောင် ဒေါက်တာမောင်မောင် ဂဲဒေါက် ဂဲဒေါက်၊ မဆလပါတီ ကျရှုံးရေး --- ဒို့အရေး --- ဒို့အရေး " ဆိုပြီး အသံချဲ့စက်ကနေ အော်ပေးသလို သံပြိုင်ဆန္ဒပြ အော်ဟစ်သံတွေကလည်း ပဲ့တင်ထပ်လို့ နေပါတယ်။
"စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တော့လို့ အလင်းဝင်လာတာပါ။ လုံခြုံတဲ့နေရာကို ပို့ထားပါတယ်"
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ စစ်ရှောင်ကာလအကြာဆုံးဖြစ်တဲ့ ရေရှင်ကျေးရွာ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၃၁ ရက်မှာ ရိက္ခာအတွက် ဆန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ Lighthouse စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်အပြီး အောင်ပွဲနဲ့အတူပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းများနဲ့အတူ ဝမ်းသာပျော်ရွှင်စွာဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးခင်းတွေကနေ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး ဆန်တင်း ၁၅၀ ကျော်ကို ရေဘေးသင့်တွေအတွက် လက်ရှိမှာ လှူဒါန်းထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။
"တပ်ဖွဲ့ကိုအလင်းဝင်လာတာ ပထမဆုံးအကြိမ်ပါ။ ရေစကြိုမှာတာဝန်ကျနေရင်း ဆက်သွယ်လာတာပါ။ သူ့လုပ်သက် ၁၆ နှစ်ရှိပြီ"
အခုလို ဆောက်လုပ်ထားတဲ့ကျောင်းကို "Sakura Donation မှတစ်ဆင့် ဂျပန်ရောက်မြန်မာများ"က လှူဒါန်းခဲ့တာဖြစ်ပြီး အညာပစ်တိုင်းထောင်အဖွဲ့က ကူညီပံ့ပို့ပေးခဲ့တာလို့ မဖူးပွင့်ဝေက ပြောပါတယ်။
"လုံခြုံရေးအရ စစ်ဆေးရေးလုပ်တာပါ။ပြည်သူတွေကို နိုင်ငံရေး အသိပညာပေးဖို့အတွက်လည်း ပါပါတယ်"
" တပ်ရိက္ခာချောင်လည်ဖို့ တနိုင်တပိုင် စိုက်ပျိုးရတာပါ။ မြေပိုင်မရှိတော့ တရာသီငှားရမ်းခပေးရတာပေါ့။ အခုနှစ်မှ စပါးစိုက်တာပါ"
နွေဦးတော်လှန်ရေးကာလမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကိုပြပြီး အသိပညာပေးတာ၊ တူမီးစာစောင်တွေ၊ လူထုလက်စွဲစာအုပ်တွေမှာ ရေးသားပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဟောပြောပေးခဲ့တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရီဗို ကပြောပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ထဲမှာ ရိက္ခာတင်ဆောင်လာတဲ့ စစ်တပ်ယာဥ်တန်းကား ၈ စီးအပြင် ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ တပ်ခွဲ ၃၊ ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့ဆီက သိရပါတယ်။
ဘေးဒုက္ခမျိုးစုံ ကြုံတွေနေရတဲ့ ပြည်သူတွေကို အဓိကထားပြီး S&C အဖွဲ့က ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးတွေကနေ ကြိတ်ခွဲထားတဲ့ ဆန်ကို အိမ်ထောင်စုအလိုက် စတင်ထောက်ပံ့နေပြီလို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။