စောကျော်ငြိမ်း

ဆောနယ်ထဲက စစ်ရှောင်အမျိုးသမီးတွေကို လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ (ရုပ်/သံ)

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၂ ရက်မှာ အာဟာရဒါနကျွေးမွေးခဲ့ပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပါ ထောက်ပံ့ပေးခဲ့တယ်လို့ Yu&Tulip Foundation အဖွဲ့ဆီက သိရပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ အင်ဂျင်နီယာတပ်က တပ်ကြပ် ၁ ဦးကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

တပ်ကြပ်ဝင်းမောင်ဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ တာဝန်ကျနေချိန် ဇွန်လ ၁၅ ရက်က ချိတ်ဆက်လာပြီး ဇွန်လ ၃၀ ရက်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၀ Yoma Yar Zar တပ်ဖွဲ့ဆီကို အလင်းဝင်လာတာဖြစ်တယ်လို့ တပ်ရင်းမှူး လဂွန်းအိမ် က ပြောပါတယ်။

မင်းတုန်းမှာ စစ်တပ်ကားကို PDF က စောင့်ကြိုတိုက်ခိုက်လို့ ၃ ဦးသေဆုံး

" ကားလမ်းပေါ်မှာတိုက်ပွဲဖြစ်တော့ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ထိတွေ့မှုက ၁၀ မိနစ်လောက်ပဲကြာတယ်။ စစ်တပ်ဘက်က ဗိုလ်အဆင့် ၁ ယောက်နဲ့ ရဲ ၂ ယောက်သေတာ အတည်ပြုနိုင်ပါတယ်"

တိုက်ပွဲနားချိန် အကနဲ့ စိတ်ဓာတ်မြှင့်တင်နေတဲ့ ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်း (ရုပ်/သံ)

စစ်ရေးရှုပ်ထွေးနေတဲ့ အချိန်နဲ့ ရှေ့တန်းထွက်နေရတဲ့အချိန်ကလွဲရင် တပ်ခွဲအလိုက် စိတ်ဓာတ်ခွန်အားကြံ့ခိုင်စေဖို့၊ ကိုယ်ကာယခွန်အားနဲ့ စိတ်ဓါတ်ခွန်အားကြံ့ခိုင်စေဖို့ ရဲဘော်တွေနဲ့ တိုင်ပင်ပြီး အခုလို ကကွက်တွေနဲ့ လုပ်ပေးဖြစ်တယ်လို့ တပ်ရင်းတာဝန်ခံ ဗိုလ်မာဃ ကပြောပါတယ်။

နွေဦးတော်လှန်ရေး မကျည်းတန် သို့မဟုတ် နှလုံးလှ အကျည်းတန် (ရုပ်သံဆောင်းပါး)

"မကျည်းတန်" တို့ မိသားစုအသိုက်အမြုံလေး ပူပင်စရာမရှိ ပုံမှန်ဖြတ်သန်းနေကြတဲ့ အချိန်မှာပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်က တိုင်းပြည်ကို မတရားအာဏာသိမ်းခဲ့ရာမှာ မကျည်းတန်တို့မိသားစုလေးလည်း တကွဲတပြားစီ ဖြစ်ခဲ့ရပါတော့တယ်။

ပခုက္ကူပကဖ က တပ်တွင်းအထောက်အကူဖြစ်စေမယ့် မြေပဲစိုက်ပျိုးမှု စတင် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ အထောက်အကူပြုဖို့နဲ့ တပ်တွင်းရိက္ခာအတွက် ရည်ရွယ်ပြီး ဇွန် ၂၆ ရက်မှာ မြေပဲ စိုက်ပျိုးမြေဧက ၁၇ ဧကကိုစတင် စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးခဲ့တဲ့ PDF ရဲဘော် ၃ ဦးကို ထောက်ပံ့ငွေချီးမြှင့်

"တိုက်ပွဲမှာ ကျည်ဆန်နဲ့ယမ်းငွေ့ကြောင့် မျက်လုံးနဲ့ခြေထောက်တွေ ထိခိုက်ခဲ့တာပါ။ ကမ်ပိန်းကရတဲ့ငွေနဲ့ ထောက်ပံ့တယ်။ ပြည်သူတွေကလည်း အလှူငွေပေးခဲ့ပါတယ်"

ကြေးနီတင်ကားတွေကို လုံခြုံရေးယူပေးနေတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ (ရုပ်/သံ)

ကြေးနီသယ်ဆောင်လာတဲ့ ကားတွေလာနေချိန် မနက် ၉ နာရီခွဲခန့်မှာ ချောင်းဦးမြပုလဲဂိတ်က လုံခြုံရေးလာယူပေးတဲ့ စစ်သားတွေ မိုင်းကွင်းရှေ့မှာ ရောက်ရှိနေချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Special Forces 11-PDFတပ်ဖွဲ့ တာဝန်ခံ မောင်ပီကေ ကပြောပါတယ်။

ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက် ပေးရာမှာ ဆေးဝါးပစ္စည်းတွေရရှိဖို့ခက်ခဲနေတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPDF ဆီက သိရပါတယ်။

ဂန့်ဂေါနယ်က စစ်ရှောင်နဲ့ PDF ရဲဘော်တွေအတွက် ဆေးဝါးရရှိဖို့ခက်ခဲနေ

"ဆေးတွေ လိုတဲ့အချိန်မှာ လိုသလို မရပါဘူး။ မိုးရွာတော့ လမ်းတွေကလည်းမကောင်း၊ ဂိတ်တွေက စစ်တာနဲ့ ခရီးမတွင်ဘူးပေါ့။ ရှိတဲ့ဆေးဝါးနဲ့ပဲ အဆင်ပြေအောင် ကုပေးနေရတယ်"

တိုက်ပွဲမှာ လေးခွနဲ့ပစ်နေတဲ့ တော်လှန်ရေးရဲဘော် (ရုပ်/သံ)

တိုက်ပွဲအတွင်းမှာ Defender Of Motherland Force တပ်ဖွဲ့ကရဲဘော်အချို့ဟာ ကျည်ဆန်ကုန်သွားတာ‌ကြောင့်လေးခွနဲ့ပစ်ကာ ဆက်လက်တိုက်ပွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

ကလေးနယ်မှာ ၃ နှစ်ကျော် စစ်ရှောင်နေရတဲ့ပြည်သူတွေကို ဆန်တင်း ၁၀၀ ကျော်ထောက်ပံ့ (ရုပ်/သံ)

" ရွာလုံးကျွတ် မီးရှို့ခံရတဲ့ရွာပါ။ အလုပ်အကိုင်လည်း ကြုံရာလုပ်ရပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှကြပါဘူး။ စားဝတ်နေရေး ခက်ခဲနေကြပါတယ်"

မြောင်နယ်မှာ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအကြောင်း အသိပညာပေးလှုပ်ရှားမှုပြုလုပ်(ရုပ်/သံ)

မြန်မာနိုင်ငံမှာရှိတဲ့ LGBTIQ တွေဟာ သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်စေဖို့နဲ့ တန်းတူလူ့အခွင့်အရေးတွေရရှိဖို့အတွက် တိုက်ပွဲဝင်တောင်းဆိုနေကြသလို နွေဦးတော်လှန်ရေးစကတည်းက ပြည်သူတွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်ကို တွန်းလှန်ရာမှာလည်း တက်ကြွစွာနဲ့ ရှေ့တန်းက ပါဝင်နေသူတွေပါ။

စားဝတ်နေရေးခက်ခဲတဲ့ မီးဘေးသင့်စစ်ရှောင်တွေကို ကျပ်သိန်းပေါင်း ၁,၆၀၀ ကျော်ထောက်ပံ့

"ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ ရွာတွေလည်းရှိတယ်။ စစ်ကြောင်းဝင်တာ တိုက်ပွဲဖြစ်နေတာတွေနဲ့ နေရပ် မပြန်နိုင်သေးပါဘူး။ ကြုံရာအလုပ်တွေ လုပ်ကိုင်စားရတယ်။ အရမ်းကို ခက်ခဲတဲ့ စစ်ရှောင်တွေကို ထောက်ပံ့ပေးခဲ့တာပါ"

ချောင်းဦးရှိ ပျူစောထီးစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံး ၅ လုံးချတိုက်ခိုက်

" ဗုံးသီး ၁၀ လုံးချတိုက်ဖို့ ၅ လုံးပဲချနိုင်ခဲ့တယ်။ သူတို့ဘက်က ကောင်တာပြန်ပစ်တယ်။ တပ်ဖွဲ့အနောက်မှာ ကျတဲ့လက်နက်ကြီးက ထန်းပင်တောင် ပျက်စီးသွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10