MLAT

မုံရွာထောင်တွင်း လှုပ်ရှားမှုဖြိုခွင်းခံရလို့ ၁ဦးသေ၅ဦးဒဏ်ရာရ

"ထောင်ကမြို့လယ်ခေါင်မှာရှိတာဆိုတော့ တို့ပြည်သူတွေညီရဲ့လားဟေ့ဆိုတဲ့ အသံက ၁၅မိနစ်လောက်အထိ ဟိန်းထွက်သွားတယ်၊ အဲ့အချိန်မှာပဲ ရိုက်နှက်သံတွေ ဖြိုခွင်းသံတွေ အတိုင်းသားကြားရတယ်လို့ ကျနော်တို့သိရတယ်။အဲ့နောက်မှာ ၁ယောက်ကျတယ် ၅ယောက်ဒဏ်ရာရတယ်၊ ထောင်ကလည်း မီးနည်းနည်းလောင်သွားတယ်လို့ အကြမ်းဖျင်းသိထားတယ် ၊ ဓါတ်ပုံတွေအရကတော့ ဆုံးသွားတဲ့ တယောက်က ရင်ညွန့်ကို ထိသွားတာဗျ "

စစ်အုပ်စုလက်ချက်နဲ့ ရွာ ၆ ရွာကို မီးရှို့ဖျက်ဆီးခံရပြီး၊ မသန်စွမ်းတဦးနဲ့ အမျိုးသမီး ၁ ဦး သေနတ် ထိမှန်သေဆုံး

"ဘုန်းကြီးကျောင်းတကျောင်းကို အရင်ဆုံး မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ ပြီးတော့ အိမ် ၃ လုံးလောက် မီးရှို့ပြီး မိဖုရားရွာကို လက်နက်ကြီးနဲ့ ပစ်ဝင်ပြီး အဲ့ဒီရွာမှာ တညအိပ်ခဲ့တယ်။ အဲ့ဒီညဦးမှာ CDM ကျောင်းဆရာရဲ့ အိမ်ကို မီးစရှို့တဲ့အခါမှာ အိမ်ချင်းကပ်ရက်ဖြစ်တဲ့ အတွက် ၂ အိမ်ပြာကျသွားတယ်။ ဘာမှ မကျန်တော့ဘူး"

နတ်မောက်မြို့နယ်က သံဃာတော်တပါးကို PDF နှင့် စပ်ဆက်မှုရှိတယ်ဆိုကာဖမ်းဆီး

"ဖမ်းသွားကတဲ့က ဦးဇင်းကို လူဝတ်လဲ သိက္ခာချခိုင်းပြီးတော့ဖမ်းသွားတာ၊ အဲဒီနေ့မှာက ရွာကိုစစ်ဆင်ရေးပုံစံမျိုးဝင်လာတာဗျ၊ အခုလက်ရှိမှာဘယ်တပ်ကိုဖမ်းသွားတယ်ဆိုတာမသိရသေးဘူးခင်ဗျ၊ ကျောင်းသား ၃ ယောက်ကတော့ပြန်လွတ်လာပါတယ်၊ ဦးဇင်းကတော့ပြန်လွတ်မဘာဘူး၊ PDF တွေနဲ့အဆက်အစပ်ရှိတယ်ဆိုပြီးဖမ်းဆီးသွားတာ၊ အကြောင်းပြချက်ခိုင်ခိုင်လုံလုံရယ်လို့တော့ ဘာမှမရှိဘူးဗျ၊"

တောင်ငူမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲ ၂ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၈ဦးသေဆုံး

" ပထမတိုက်ပွဲ စခ ၂ ကောင် သေပါတယ် အတည်ပြုပြီးပါပြီ၊ ဒုတိယပွဲကတော့ မျက်မြင်အနေနဲ့ ထိခိုက်မှုများပါတယ်၊ စာရင်းအတည်ပြုချက်စောင့်နေပါတယ်၊ ဒုတိယတိုက်ပွဲ မျက်မြင် ၆ယောက်ကျ ဒီထက်ပိုနိုင်ပါတယ်"

‌ရေစကြိုနယ်မှာ ဓါးပြတိုက်လုယက်နေတဲ့ အဖွဲ့ကို ‌ရေစကြို PDF ဖမ်းဆီးစစ်ဆေးနေ

" သူတို့က PDF လည်းမဟုတ်ဘူး ဓားထောက်လုယက်နေတဲ့ အဖွဲ့ ကျနော်တို့စုံစမ်းနေတာကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင် ကံပွင့်ကို လုယက်ပြီး အပြန်မှ ကျနော်တို့ ဖမ်းမိလိုက်တာ၊ ကံပွင့်ကို တိုက်ခိုက်လို့ ဖမ်းတာမဟုတ်ဘူး၊ ကျနော်တို့ ကံပွင့်ကိုလည်း စောင့်ကြည့်နေပါတယ်၊ "

ပဲခူးခရိုင် PDF က တရက်တည်း စစ်ကောင်စီကို ၂ကြိမ်တိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၇ဦးသေဆုံး

" ဒီနေ့ ညောင်လေးပင်နဲ့အမြန်လမ်း ၂ခုပါ ခင်ဗျ၊ အမြန်လမ်း ၅၂ မိုင်က စကစဂိတ် ကို ပဲခူးခရိုင် PDF တပ်ရင်း(၁) ခွဲ(၁) က တပ်ဖွဲ့ဝင်တွေ က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ ခင်ဗျ၊ ပစ်ခတ်မှုတော့ မဖြစ်ပါဘူး"

ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး သေနတ်ထိမှန်

" အဲ့ဒီပစ်ခတ်မှုကြောင့် ငဖဲမြို့နယ် ကုန်းသာရွာက စျေးလာဝယ်တဲ့ ပြည်သူ အမျိုးသား ၂ဦးနဲ့ ပဒါန်းက အမျိုးသမီး ၁ဦး စုစုပေါင်း ၃ဦးမှာ အမျိုးသား ၂ဦးက ခြေသလုံး ကျည်ထိတယ် အမျိုးသမီးကတော့ ခြေဖနောင့်ထိပြီး မင်းဘူးဆေးရုံကို လွှဲလိုက်ပြီး ဆေးဝါးကုသနေရတယ်၊ ပဒါန်းမှာ ရှိမရှိမသိရဘူး "

သေဆုံးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကိုပါ စစ်ကောင်စီ ချိတ်ပိတ်

" သူ့မိသားစုက လက်ရှိအိမ်ငှားပြီး နေနေရတယ် သားလေးရယ် သမီးလေးရယ် အမျိုးသမီးရယ်ပေါ့၊ သူတို့က အရမ်းကြောက်နေကြတယ်"

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ ရေစကြိုက ကံပွင့်ပလက်စတစ်စက်ရုံ ဖောက်ခွဲ မီးရှို့ခံရ

" PDF က Light Truck ကားနဲ့လာပြီး အလုပ်သမားတွေအကုန်ထွက်ခိုင်းပြီး စက်ရုံဖောက်ခွဲပြီး မီးနဲ့ ရှို့ပစ်လိုက်တာ ၊ကံပွင့်ပိုင်ရှင်က ရှင်မတောင်ဆရာတော်၊ ပျူစောထီးအဖွဲ့ စစ်တပ် နဲ့ ဦးစိုးမောင်တို့ကိုအဓိကပံ့ပိုးသူဖြစ်နေတာ၊ တမြို့လုံးလည်းသိပါတယ်၊တနိုင်ငံလုံးလည်းသိတယ်၊ စစ်တပ်ဆိုရင် ကံပွင့်ပိုင်ရှင်က ခါးပိုက်ဆောင်လိုထားတာ"

ကျောက်ထု အမြောက်တပ်မှာ ပဌာန်းရွတ်ပြီး PDF ရန်ကို ကာကွယ်နေ

" သူတို့ နေ့ရောညရော ပဌာန်းတွေရွတ်တယ်၊ တူးထားတဲ့ ကျင်းတွေထဲမှာ အမြဲတမ်းကင်းစောင့်တယ်၊ ပတ်ပတ်လည်မှာလည်း ကျင်းတွေတူးထားတာရှိတယ် ၊ ကျင်းတွေထဲမှာ အချိန်ပြည့်ကင်းစောင့်ပြီးတော့ PDF ကလာတိုက်မယ်ဆိုတဲ့ သတင်းမှားရပြီး သူတို့ဘက်က အမြဲတမ်း အဆင်သင့်ဆိုတဲ့ ပုံစံမျိုး"

ပြည်မြို့ တွင် လမ်းလျှောက်သင်္ကြန်နှင့်ဖျော်ဖြေရေးမဏ္ဍပ်များပါကျင်းပရန် စစ်ကောင်စီပြင်ဆင်

" နာမည်ကြီးမဏ္ဍပ်တခုကတော့ ညဈေးတန်းမှာ ဆောက်ဖို့ ပြင်ဆင်နေတယ်။ လူကြီးသားသမီးတွေ၊ စစ်ထောက်ခံတဲ့သူတွေ လူမိုက်တွေ စီးပွားလုပ်ငန်းရှင်တွေရဲ့သားသမီးတချို့လည်းပါဝင်တဲ့အဖွဲ့ပေါ့။ ဗဟိုမဏ္ဍပ်ကတော့ စာတိုက်တန်းလမ်းကိုပိတ်ပြီး ဆောက်မယ်။"

မြောင်မှာ စစ်အုပ်စု ကား ၁ စီး မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး

“ ကျနော်တို့မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ၊ မြောင်မြို့တောင်ဘက်အထွက် ဆီဆိုင် ၂ ဆိုင်ကြားထဲမှာ မိုင်းခွဲတိုက်ခိုက်လိုက်တာပါ၊ သူတို့က မြောင်ကနေ တောင်ဘက်ထွက်အလာ ညနေ ၄ နာရီလောက်မှာ ကျနော်တို့ တိုက်ခိုက်လိုက်တာပါ၊”

ရဲစခန်းအတွင်း တပ်မတော်နေ့ကျင်းပဖို့ တန်းစီနေတဲ့ စစ်အုပ်စုကို CDF ဝင်တိုက်လို့ ၂ ဦး သေဆုံး

“ ကျနော်တို့မြို့ထဲမှာတိုက်ပွဲ ၂ နာရီ နီးပါးဖြစ်တယ်၊ နေ့ခင်း ၁၂ နာရီလောက်ကစဖြစ်တာ၊ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်းပြန်ပစ်တယ်၊ မြို့ရဲ့အနောက်ဘက် ရဲစခန်းမှာပဲတိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က‌ ၂ ယောက်ကတော့သေတာအတိအကျဖြစ်မယ်၊ “

စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအဖနှစ်ဦးသေဆုံး

"၂၅၈ တပ်က မနေ့ညကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာ၊ ကူတုပ်ရွာကအိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီး ကိုမန်းကျော် အသက် ၅၀ ဖိုးသင်္ကြန် ၉ နှစ် သားအဖ ၂ ယောက်စလုံးပွဲချင်းသေတယ်။ မိန်းမ မညိုက ကိုယ်ဝန် ၄ လနဲ့ စိုးရိမ်ဒဏ်ရာရပြီး ရေစကြိုဆေးရုံမှာတင်ထားရတယ်။ ည ၁၁ နာရီဝန်းကျင်က လှမ်းပစ်တာ"

ကလေးမြို့မှာ CDM ကျောင်းဆရာမ တဦးကို စစ်ကောင်စီဖမ်းဆီး

"မနေ့ကညနေ ၅ နာရီလောက်က ဖမ်းသွားတာ၊ သတင်းပေး အတိအကျရှိလို့ ဖြစ်မယ်၊ အင်အားက ကား ၄ စီးနဲ့လာတာ၊ အမျိုးသမီးတွေရောပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10