Danger

ပေါက်နဲ့မြိုင်အစပ် ရေနံမှော်နဲ့ရွာတွေမှာ လေယာဉ်ဗုံးကြဲခံရလို့ ၁၃ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က လက်ပံတိုရေနံမှော်နဲ့ ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၁၃ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေများပြားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ဆီက သိရပါတယ်။

ပေါက်နဲ့မြိုင်အစပ် ရေနံမှော်နဲ့ရွာတွေမှာ လေယာဉ်ဗုံးကြဲခံရလို့ ၁၃ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ ■ ပေါက်နဲ့မြိုင်မှာ လေယာဉ်ဗုံးကြောင့် ၇ ရက်အတွင်း ဒုတိယအကြိမ်မြောက် လူဆယ်နဲ့ချီသေဆုံးမှုဖြစ်

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ပံတိုရေနံမှော်က ၆ ဦး၊ ဘော်ဘင်ရွာက ၄ ဦး၊ သရက်ကန်ရွာက ၃ ဦးအပါစုစုပေါင်း ဒေသခံအရပ်သား အမျိုးသား၊ အမျိုးသမီး ၁၃ ဦးထက်မနည်း သေဆုံးထားပြီး သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

မြေစွန်းတော်ရွာကို စစ်တပ်ကမီးရှို့ပြီးစစ်ကြောင်းထိုးလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရ

“အခုဘယ်လောက်ထိ မီးလောင်ကုန်တယ် ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ အဲ့ဒီအနားမှာ စစ်ကြောင်းကရှိသေးတော့ ကျနော်တို့ကပ်လို့မရသေးဘူး။ မြေစွန်းတော်ကျေးရွာက အိမ်ခြေ ၄၀၀ လောက်ရှိတယ်။”

ပွင့်ဖြူမှာ ပျူစောထီးတွေနဲ့ စစ်ကူလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

“အဲ့ဒီရွာကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်အိမ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာပါ။ တရွာလုံးကို တိုက်ခိုက်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင်ထားတဲ့ ပျူစောထီးတွေကို ဝင်ရောက်သုတ်သင်ရှင်းလင်းတာပါ။ အဲ့ဒီရွာကို လက်နက် ၃၃ လက်တပ်ဆင်ပေးထားတာ။ အဲ့ဒီရွာမှာက ပျူစောထီးအင်အားက ၄၀ ကျော်နဲ့ ၅၀ ဝန်းကျင်မှာရှိပါတယ်။”

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှာ အခြေခံဆေးပညာသင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်း၊ မကွေးမြို့တနေရာမှာ အခြေခံဆေးပညာသင်တန်းတက်ခဲ့တဲ့ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက တပ်ဖွဲ့ဝင် ၁၀ ဦးကို သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။

ရေစကြိုမှာ စစ်ကြောင်းကိုကြားဖြတ်တိုက်မှု ဗိုလ်ကြီးအပါ ၉ ဦးသေဆုံးပြီး ၉ ဦးအရှင်မိ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီခြေလျင်အင်အား ၂၀၀ ကျော်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ်အပါအဝင် ဒဏ်ရာရသူတွေနဲ့ ထိခိုက်သေဆုံးမှုတွေ အရှင်ဖမ်းဆီးမိတာတွေ ရှိခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

ရေစကြိုမှာ စစ်ကြောင်းကိုကြားဖြတ်တိုက်မှု ဗိုလ်ကြီးအပါ ၉ ဦးသေဆုံးပြီး ၉ ဦးအရှင်မိ

“စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ Mi 35 တို့က ဝဲပြီးပတ်ပစ်ပေးတဲ့အတွက်ကြောင့် ကျနော်တို့ အကုန်လုံးကိုတော့ သုတ်သင်ရှင်းလင်းနိုင်ခြင်းမရှိဘူး။ တကယ်လို့ လေယာဉ်သာမပါဘူးဆိုရင် စစ်ကြောင်းတကြောင်းလုံးကို အမှုန့်ကြေသွားအောင်အထိ ကျနော်တို့ လုပ်နိုင်မဲ့အနေအထား ရှိပါတယ်။”

ဝမ်ပေါင်ကနေ ကြေးနီတင်ဆောင်ပြီး ထွက်လာတဲ့ယာဉ်တန်း ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

“ကျနော်တို့ နောက်ပိတ်ဆုံး ကြေးနီတင်လာတဲ့ တွဲကား ၄ စီးကို ပစ်ခဲ့တာ။ နောက်ပြန်ဆုတ်တဲ့အချိန်မှာ **ပါတဲ့ အိမ်စီးကား ၁ စီးကိုလည်း ပစ်ခတ်ခဲ့တယ်။ အိမ်စီးကားထဲမှာလည်း ** ၄ ကောင်ပါတယ်။ အဲ့ဒီအိမ်စီးကားလည်း ထိုးရပ်သွားတယ်။ အိမ်စီးကားပေါ်က ၂ ကောင်တော့ ပွဲချင်းပြီးသေသွားတယ်။ တွဲကားလည်း အဲ့ဒီအနားမှာရပ်သွားတာ၊ ပီတီထမင်းဆိုင်ရှေ့မှာ ရပ်သွားတယ်။ ၂ ကောင်ကတော့ ကားပေါ်တင် သေနေတာ။ ၁ ကောင်ကတော့ အောက်ဆင်းပြီး အပင်ဘေးမှာ သွေးတွေနဲ့ မှီနေတာ။”

ချောက်မြို့နယ်ရဲစခန်းမှူး လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ချောက်မြို့နယ်ရဲစခန်းမှူး လိုက်ပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force (C.G.F) ဆီက သိရပါတယ်။

စစ်တပ်နဲ့ပေါင်းပြီး ဆက်ကြေးကောက်တယ်လို့ နာမည်ကြီးတဲ့လင်မယား သေနတ်ပစ်ခံရပြီး သေဆုံး

“သူတို့ဆိုင်ရှေ့မှာ စစ်တပ်က ဂိတ်ထိုင်ထားတယ်။ ပြီးတော့ သစ်ကားဝါးကားတွေကို ပိုက်ဆံတောင်းတယ်။ အချိန်မတော်သွားလာတဲ့သူတွေကိုလည်း အမြင်မကြည်ရင်မကြည်သလို စစ်တပ်ကို ဖမ်းဆီးခိုင်းတယ်။ သူတို့ပြီးမှပြီးတာ။ ဆက်သွားတိုက်နယ်တကြောမှာတော့ နာမည်အကြီးဆုံးလင်မယားလို့ ပြောလို့ရတယ်။”

မြင်းခြံမှာဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

“အဲ့ဒီဂိတ်မှာက သူတို့က ခရီးသွားကားတွေကို ဆက်ကြေးကောက်ကြတာ၊ မြင်းခြံတောင်ဘက်ခြမ်းက ရွာတွေက ပြည်သူတွေဆီက ဆန်အိတ် ၁ အိတ်ကို ၇ ထောင်နှုန်းတောင်းတယ်၊ ကျန်တဲ့ရွာတွေကဆိုရင် ဆန်အိတ် ၁ အိတ်ကို ၅ ထောင်နှုန်းတောင်းတယ်၊ ပြီးရင် ဆီ ၁ ပုံးကို ဘယ်လောက်ဆိုပြီးလည်း တောင်းတယ်၊”

ဘုန်းကြီးကားစီးလာတဲ့ရဲတွေ ပစ်ခတ်ခံရလို့ ဒုရဲအုပ်အပါ ၃ ဦးသေဆုံး

“သူတို့က ဘုန်းကြီးကားနဲ့အယောင်ဆောင်ထွက်လာတာ၊ ရဲ**ကားပေါ့။ သူတို့ လစာထုတ်ဖို့ ထွက်လာတာလို့ ကျနော်တို့သိရတယ်၊ ၆ ဦးလောက်ပါလာတယ်။ ဒုရဲအုပ်နဲ့ ကျန်တာကတော့ ရဲတပ်သားတွေပါ၊ ထိခိုက်သေဆုံးမှုကတော့ ပွဲချင်းပြီး ၃ ဦးသေတယ်”

မုံရွာ MRTV တာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရ

“ စခန်းကို တိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန် Paramotor လေထီးနဲ့လည်းစစ်ကူ‌ထောက်တဲ့အပြင် တံတားဦးလေတပ်ကလည်း Mi 35 ၁ စီးနဲ့ လေကြောင်း ပစ်ကူပေးတာတွေရှိသလို၊ အထိုင်စခန်းကနေလည်း လက်နက်ကြီးနဲ့ ၁၄ ကြိမ်ပစ်ခဲ့ပေမဲ့ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်”

ပေါက်မှာ PDFတပ်ဖွဲ့ဝင်မင်္ဂလာဆောင် လေယာဥ်ဗုံးကြဲခံရလို့ လူ ၂၃ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အပိုင် ပေါက်နဲ့မြိုင်အစပ်ရှိ ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ မြိုင်ပကဖတပ်ဖွဲ့ဝင် ၁ ဦးရဲ့မင်္ဂလာဆောင် လေယာဥ်ဗုံးကြဲခံရလို့ လူ ၂၃ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

အလောင်းမပါဘဲပြုလုပ်ခဲ့တဲ့ ကျဆုံး PDF တဦးရဲ့စျာပန (ရုပ်/သံ)

ကျဆုံးသူဟာ Myingyan Black Tiger (MBT) အဖွဲ့က အသက် ၄၀ အရွယ် တပ်ဖွဲ့ဝင်မိုးကြိုးဖြစ်ပြီး အလောင်းပြန်မရတဲ့အတွက် အလောင်းမပါတဲ့သူ့ရဲ့ဈာပနအခမ်းအနားကို မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက ရှေ့တန်းတနေရာမှာ ကျန်တပ်ဖွဲ့ဝင်တွေက ပြုလုပ်ပေးခဲ့ကြတာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10