Danger

နွားထိုးကြီး PDF ရဲဘော်တွေရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

“ထူးချွန်ဆုပေးတာတော့ မရှိဘူး။ သင်တန်းဆင်းပွဲ လုပ်ပေးတာပဲရှိပါတယ်။ မြင်းခြံခရိုင်အတွင်းမှာ ပထမဦးဆုံး သင်တန်းဆင်းပွဲလုပ်တာ”

ရှမ်းမြောက်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲ့ဇနီးကို တပ်ရင်းက မီးဖွားစရိတ်ထောက်ပံ့

“ ရဲဘော်ရဲ့အမျိုးသမီးက ယောက်ျားလေးမွေးတာပါ။သူရဲ့အမျိုးသားက ရှမ်းမြောက်ဘက်မှာတာဝန်ထမ်းဆောင်ဖို့သွားနေတဲ့အချိန်မှာ အခုလိုမျိုးအဆင်ပြေချောချောမွေ့မွေ့‌နဲ့ မွေးဖွားပေးနိုင်တဲ့အတွက် ဝမ်းသာတာပေါ့”

USA ရောက်မွေးနေ့ရှင်တဦးက စစ်ဘေးရှောင် ၃၀၀ ကျော်ကို ထမင်းတနပ်စာလှူ (ရုပ်/သံ)

USA မှာရောက်မှာတဲ့ ဦးသူရိန်၊ ဒေါ်ဝတ်ရည်တို့ရဲ့သား မောင်ကောင်းခန့်နောင် (ခ) Ethan Zhu ရဲ့ ၁၀ နှစ်ပြည့်မွေးနေ့မှာ ကျပ် ၁၀ သိန်းဖိုး ကျွေးမွေးခဲ့တာဖြစ်ပြီး အဲဒီနေ့က စစ်ဘေးရှောင် ၃၀၀ ကျော်အတွက် စုစုပေါင်း ၁၇ သိန်းကျော် ကုန်ကျခဲ့တယ်လို့ ပြည်သူမှပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

နွားထိုးကြီး PDF ရဲဘော်တွေရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

“ထူးချွန်ဆုပေးတာတော့ မရှိဘူး။ သင်တန်းဆင်းပွဲ လုပ်ပေးတာပဲရှိပါတယ်။ မြင်းခြံခရိုင်အတွင်းမှာ ပထမဦးဆုံး သင်တန်းဆင်းပွဲလုပ်တာ”

ကနီမြို့နယ်ထဲမှာ အခြေခံကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

ဧပြီ ၂ ရက်က စတင်ခဲ့တဲ့ ၃ လကြာသင်တန်းကို ရဲဘော် ၁၈ ဦးတက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာလို့ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း၊ တပ်ခွဲ ၅၊ ဒုတပ်ခွဲမှူး ကိုအာကြီးက ပြောပါတယ်။

ပျူစောထီးသားအဖ ၂ ဦးနဲ့ မိသားစုဝင် ၇ ဦး ဝံပုလွေပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်လာ (ရုပ်/သံ)

ပျူစောထီးမိသားစုကို လုံခြုံတဲ့နေရာမှာ ပြုစုစောင့်ရှောက်ထားပြီး သာမန်ပြည်သူလူထုတွေလိုပဲ လုပ်ကိုင်စားသောက်ကြမှာဖြစ်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။

စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ချင်းတွင်းမြစ်ကမ်းဘေးက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးရ (ရုပ်/သံ)

“အလုံမင်းဒေါင့် ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖလက်မော်တော်တွေနဲ့ စစ်ကြောင်းထိုးလာတာပါ၊ ကုန်းကြောင်းကနေ စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး”

စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ချင်းတွင်းမြစ်ကမ်းဘေးက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးရ

“အလုံမင်းဒေါင့် ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖလက်မော်တော်တွေနဲ့ စစ်ကြောင်းထိုးလာတာပါ၊ ကုန်းကြောင်းကနေ စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး”

ရေစကြိုမှာတိုက်ပွဲပြီးလို့ နယ်မြေရှင်းလင်းချိန် ခဲယမ်းပစ္စည်းတွေရရှိ

“အကွာအဝေးက မီတာ ၂၀၀၊ မီတာ ၃၀၀ လောက်ကနေ အဲ့ဒီစစ်ကြောင်းသွားတဲ့နောက်ကို တောက်လျှောက်လိုက်ပစ်ခဲ့တာ။ ပစ်ခတ်တိုက်ခိုက်ချိန်က ၃ နာရီလောက် ကြာတယ်။ ၄ ကောင်ကတော့ သေဆုံးတယ်။”

လေကြောင်းရန်ကြားက ၁ မိုင်ကျော်ခရီးကို လမ်းလျှောက်ကျောင်းတက်နေရတဲ့ ကလေးတွေ (ရုပ်/သံ)

ကျောင်းနေအရွယ် စစ်ရှောင်ကလေးငယ်တွေဟာ မနက်တိုင်း လွယ်အိတ်၊ ထမင်းချိုင့်ကိုယ်စီနဲ့ ကျောင်းသွားကြတယ်ဆိုပေမယ့် ဘယ်အချိန်များ လေယာဉ်ဝဲလာမလဲဆိုတဲ့ စိုးရိမ်စိတ်က မိဘတိုင်းလိုလို ပူပန်သောကတွေနဲ့ပါ။

စဉ့်ကူးက စစ်ရှောင် ၁၅၀ ကျော်ကို ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ကူညီထောက်ပံ့မှုပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွာတော်ရွာမှာ အထိုင်ချပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဇူလိုင် ၂၈ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

စဉ့်ကူးက စစ်ရှောင် ၁၅၀ ကျော်ကို ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ကူညီထောက်ပံ့မှုပေး

ဇူလိုင် ၂၈ ရက်က လူဦးရေ ၁၅၀ ကျော်ကို ဆေးဝါးကုသမှုပေးခဲ့ပြီး လူ ၈၀ ကို ဆန်နဲ့ ဆီပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူမှပြည်သူသို့အဖွဲ့က စစ်ရှောင်မိသားစုတွေကို စားနပ်ရိက္ခာတချို့ ထောက်ပံ့

ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ ကောလင်းပြည်သူမှ ပြည်သူသို့ အဖွဲ့က အိမ်ထောင်စု ၅၈ စုအတွက် အိမ်ထောင်စု ၁ စုကို ကြက်သွန် ၅၀ သား၊ ဆား ၁ ပိသာ၊ ကြာဇံ ၁ ထုပ် ၊ မြေပဲ နို့ဆီ ၁ ဗူးနဲ့ လက်ဖက် ၂ ထုပ် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၂ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲ (ခ) ဘိုးမင်းကြီးကင်းလမ်းခွဲမှာ တပ်စွဲပြီး ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ သိရပါတယ်။

နေရာအနှံ့ ရေကြီးရေလျှံဖြစ်နေချိန် ကောလင်းအနောက်ခြမ်းမှာ မိုးခေါင်ရေရှားနေလို့ လွန်ဆွဲပွဲ ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်းက တောတွေထဲမှာ မိုးခေါင်ရေရှားနေလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နယ်ဓလေ့အရ လွန်ဆွဲပွဲကို ပြုလုပ်ခဲ့ကြတာလို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10