Danger

တိုက်ပွဲဖြစ်လာနိုင်လို့ စလင်းမြို့နယ်ထဲက လမ်းပိုင်း ၂ ခုကို သွားလာခွင့်ကန့်သတ်

“စစ်ရေးအခြေအနေကြောင့်ဆိုတာက နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ဖို့ ရာခိုင်နှုန်းလည်းများတယ်၊ စစ်ကောင်စီဘက်ကလည်း ဒီလမ်းကနေသုံးပြီး တက်လာနိုင်တဲ့အနေအထားလည်းရှိတယ်၊ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိဘူး၊ ရက်အကန့်အသတ်မရှိ သွားလာခွင့်မပေးတော့တာပါ”

ရေလာလေးစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို (Reel)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲကပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်းက ရဲဘော်တွေကို ပေါက်မြို့နယ် ရွာ ၅ ရွာက ဒေသခံပြည်သူတွေ ဒီဇင်ဘာ ၁၃ ရက်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အမှတ် ၈ စစ်ကြောင်း၊ စစ်ကော်မရှင်ဆီက သိရပါတယ်။

တိုက်ပွဲဖြစ်နေလို့ ဆင်ဖြူကျွန်း၊ တညောင်၊ ဆိပ်ဖြူလမ်းပိုင်းတွေကို Local PDF က ယာယီပိတ်

“ကျနော်တို့က ခရီးသွားလာတဲ့ ပြည်သူတွေ စစ်ဆေးပြီး သတိပေးတယ်၊ ပြည်သူတွေက မလိုက်နာကြဘူး။ ဒီမှာက တအုန်းအုန်း တဒိုင်းဒိုင်း ပစ်ခတ်နေတဲ့ကြားထဲက လမ်းပိုင်းသွားလာမှုက မရပ်တန့်ဘူးဖြစ်နေတယ်။ ဒီဒေသကပြည်သူတွေရော တခြားကလာတဲ့ပြည်သူတွေရော မလိုက်နာကြဘူး။ တကယ်လို့ ကြားထဲမှာ ပြည်သူထိခိုက်သွားရင် ကျနော်တို့ကိုပဲ အပြစ်ပြောမှာ။ စစ်ရေးငြိမ်သွားရင်တော့ လမ်းပိုင်းပြန်ဖွင့်ပေးမှာပါ။”

ရေလာလေးစခန်းသိမ်း ပြန်လာတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်း က ရဲဘော်တွေကို ပေါက်မြို့နယ် ရွာ ၅ ရွာက ဒေသခံပြည်သူတွေက ဒီဇင်ဘာ ၁၃ ရက်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အမှတ် ၈ စစ်ကြောင်း၊ စစ်ကော်မရှင်ဆီက သိရပါတယ်။

စစ်မှုထမ်းကြေးမပေးနိုင်တဲ့ တံငါသည်အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

“မရှိရှိတာ ရောင်ပြီးပေးရတာ၊ ၃ သောင်းပေးရင် အုပ်ချုပ်ရေးမှူးနဲ့ မိန်းမကတာဝန်ယူတယ်လို့ ပြောတယ်၊ ငွေနဲ့မရွေးနိုင်လို့ မြို့သစ်မြို့နယ်ထဲက ဌေးဝင်းကျော်ကိုတော့ စစ်တပ်ထဲထည့်လိုက်တယ်၊ ညကြီး ရဲတွေခေါ်ပြီးဆွဲခံရတာ”

တောင်သာမှာ လက်နက်နဲ့အလင်းဝင်လာတဲ့ ရဲတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာတာဝန်ကျနေတဲ့ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ခရီးသွားကားတွေကိုတားပြီး ပေါ်တာဆွဲလေ့ရှိတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်သားနဲ့ရဲ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ၁ နာရီကြာပစ်ခတ်ခဲ့ပြီး Fixed Wings Drone နဲ့ ဗုံး ၅ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ရထားတဲ့ ဘက်ဟိုးနဲ့ ရွာ ၆ ရွာက လမ်းတွေကိုပြင်(ရုပ်/သံ)

စစ်ကောင်စီတပ်သားတွေဆီက သိမ်းဆည်းရရှိခဲ့တဲ့ ဘက်ဟိုး(မြေတူးစက်)နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စိုးမိုးနယ်မြေအတွင်းက ရွာ ၆ ရွာမှာရှိတဲ့လမ်းတွေကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ပြုပြင်ပေးနေကြတယ်လို့ Myingyan Black Tiger-MBT ဆီက သိရပါတယ်။

CDM ကျောင်းသားအများစုပါဝင်တဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းရဲ့ အပတ်စဥ် ၉ စစ်အခြေခံသင်တန်းဆင်းပွဲ

မကွေးတိုင်း၊ မင်းဘူးခရိုင်မှာ အမှတ် ၅ တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၉ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းဆီက သိရပါတယ်။

မုံရွာ နမခကိုသွားတဲ့စစ်ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တပ်မ ၃၃ ကနေ စစ်ကောင်စီယာဉ်တန်း ၁၂ စီးဟာ မုံရွာမြို့ နမခထဲကို သွားမယ်လို့ သတင်းရတာကြောင့် ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီလောက်မှာ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်အနီး အသင့်စောင့်ပြီး ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F တပ်မှူး မိုးညိုက ပြောပါတယ်။

ရေလာလေးစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး သုံ့ပန်း ၇ ဦးဖမ်းမိ(ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင် ကမ္မမြို့အနားက ရေလာလေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရှင်ဖမ်းမိသူတွေရှိပြီး လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၈ စစ်ကြောင်း စစ်ကော်မရှင် အဖွဲ့ဆီက သိရပါတယ်။

ဆင်လူးရွာက ပျူစောထီးတပ်ဖွဲ့ဝင်နေအိမ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံး

“ သေဆုံးတဲ့သူ ၂ ဦးကတော့ အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့အပြင် ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ မောင်ဖိုးအောင်ရဲ့ ဝမ်းကွဲအမ၊ သူ့သားက ပျူစောထီးပါ။ ၁ ဦးကတော့ သူ့အမရဲ့ ယောက္ခမပါ။ မနေ့က နာရေးလုပ်ပါတယ်။“

နမခကနေ ပျူရွာကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ ရေယာဉ် ၂ စီး အသွားအပြန် တိုက်ခိုက်ခံရ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နမခ ထဲကနေ ကံကြီးကုန်းရွာဘက်ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက အသွားအပြန်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group-CFG ဆီက သိရပါတယ်။

ရေနံချောင်းမှာ ရဲဒုတပ်ကြပ် ၂ ဦးပစ်သတ်ခံရပြီး လက်ပစ်ဗုံးနဲ့ပစ္စည်းတချို့ရရှိ

“ရဲဒုတပ်ကြပ် ၂ ဦးကို မကျည်းတိုင်း-ဖိုးကိုးလမ်းမပေါ်မှာ လိုက်လံဖမ်းဆီးတာ၊ အဖမ်းမခံဘဲနဲ့ သူတို့မှာပါတဲ့ လက်ပစ်ဗုံးနဲ့ ပြန်လည်ခုခံတာလုပ်လို့ နေရာမှာတင်ပစ်ခတ်ခဲ့တာပါ၊ ၁ ဦးက‌တော့ ၁ ချက်မှန်ပြီး နောက်၁ ဦးကတော့ ၂ ချက်မှန်တာ၊ နေရာမှာတင် ၁ ဦးကတော့သေတယ်၊ ၁ ဦးကတော့ အသက်ရှင်လျက်ပါလာပြီး သွေးထွက်လွန်သေသွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10