စစ်တပ်ကဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ် ၁၂ လုံးပျက်စီး
“ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ပတ်ပြီးကြဲချသွားတာ။ ဗုံးကတော့ ဘယ်အမျိုးအစားတွေသုံးတာတော့ မသိဘူး။ ဗုံး ၂ လုံးရွာထဲကျတဲ့အခါမှာ နေအိမ် ၁၂ လုံးကျော် ပျက်စီးသွားတယ်။”
“ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ပတ်ပြီးကြဲချသွားတာ။ ဗုံးကတော့ ဘယ်အမျိုးအစားတွေသုံးတာတော့ မသိဘူး။ ဗုံး ၂ လုံးရွာထဲကျတဲ့အခါမှာ နေအိမ် ၁၂ လုံးကျော် ပျက်စီးသွားတယ်။”
“မြို့နယ်တွင်းမှာ လောင်းကစားပြုလုပ်မှုတွေကြောင့် စီးပွားရေးပျက်တယ်၊ ဆင်းရဲမွဲတေမှုတွေ ဖြစ်တယ်။ ခိုက်ရန်ဖြစ်ကြတယ်၊ သတ်ဖြတ်လုယက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ အဲ့လိုဆိုးကျိုးတွေ မဖြစ်လာဖို့အတွက် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်။”
“ဆား၊ ဆီ၊ ဆန်တို့မရှိတော့ကျတော့ ရွာထဲမှာ လုံးဝမနေချင်ကြတော့တာ။ တချို့ကျလည်း စစ်** ရဲ**တွေက ရွာထဲကထွက်လို့ရှိရင် ပစ်သတ်မယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ခင်ဗျားတို့ကိုတွေ့ရင် ပစ်သတ်မှာဆိုပြီး ခြိမ်းခြောက်ခံထားရလို့ သူတို့တွေမထွက်ရတာ။ အခုတော့ ထွက်ရတာအဆင်ပြေလို့ သူတို့အရဲစွန့်ပြီး ထွက်လာတာ။”
ရှမ်းမြောက်စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း(တောကြီးမြွေပွေးတပ်ဖွဲ့)က တပ်ဖွဲ့ဝင် ၃ ဦးရဲ့မိသားစုဝင်တွေကို တပ်ရင်းတာဝန်ရှိသူတွေက သွားရောက်ကန်တော့ပြီး ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ရွာကနေ စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုဟာ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းထိလို့ သေဆုံးထိခိုက်သူတွေရှိပြီး သစ်ခေါက်တောင်က စစ်အုပ်စုအထိုင်စခန်းပါ ဒရုန်းနဲ့ ဗုံးကြဲချခံရတာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။
“ကျနော်တို့ ဌာနကို လက်နက်ခဲယမ်း လာထုတ်တာ၊ ပခန်းကြီးအနားမှာ **စစ်ကြောင်း နောက်ချန်ကင်းနဲ့တွေ့ပြီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ၊ သေဆုံးမှုတော့မရှိဘူး။ ရဲဘော် ၁ ဦးကတော့ ကျည်ထိမှန်ပြီး ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။”
" မိုင်းကတော့ လမ်းရဲ့တဘက်တချက်မှာ ထောင်ထားတာ။ ပြည်သူနဲ့ မလွတ်ကင်းတဲ့အနေအထားဖြစ်နေလို့ မိုင်း ၁ လုံးသာဆွဲလိုက်ရတာပါ။ အနီးအနားက ပြည်သူတွေပြောပြချက်အရ ၂ ဦးသေသွားတယ်။"
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ ခုကို ဒရုန်းနဲ့ဗုံးချတဲ့အပြင် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရွာမှာ အထိုင်ချတပ်စွဲနေပြီး ဒေသခံတွေကိုဖမ်းဆီးနေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးအဖွဲ့တွေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ဆီက သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မဲဇလီကြိုးတံတားထိပ်က စစ်ကောင်စီဂိတ်ကိုနိုဝင်ဘာ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column ဆီက သိရပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ဒီဇင်ဘာ ၁ ရက် မနေ့က မနက် ၅ နာရီခွဲလောက်မှာ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပစ်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဆိုပါတယ်။
“ ဆောင်းတွင်းကာလဖြစ်တဲ့အတွက် တောထဲတောင်ထဲမှာ ဖြစ်သလိုနေရတာကြောင့် ဖျားနာတဲ့သူတွေများပါတယ်။ လယ်မရွာမှာ ပိတ်မိပြီးမပြေးနိုင်တဲ့ အဖိုးအို ၁ ဦးလည်း မီးလောင်ဒဏ်ရာရရှိထားပါတယ်။ အဲ့ဒီအဖိုးအိုကိုလည်း ဆေးဝါးကုသမှုပေးနေပါတယ်။”
“ ၂ လခွဲအတွင်းမှာ အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုအဆင့်ထိ ပြုလုပ်ပေးတယ်။ သင်တန်းသားက အသစ်တွေပါ၊ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲပြီးလာတက်တဲ့ ရဲဘော်တွေလည်းရှိတယ်။”
“ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် တိုက်ပွဲဝင်ခဲ့တယ်။ ရရှိခဲ့တဲ့ လက်နက်အရေအတွက်ကလည်း များနေပါပြီ။ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ကို ထောက်ပံ့ပေးတာမရှိဘူး၊ ပြည်သူလူထုအားနဲ့ပဲ သွားနေရတဲ့ အနေအထားပါ။ ပြည်သူလူထုကလည်း ပါဝင်ထောက်ပံ့ဝန်းရံတယ်။ ကျနော်တို့ကလည်း တော်လှန်ရေးမှာ စွမ်းစွမ်းတမံကြိုးစားခဲ့တယ်။ ရရှိခဲ့တဲ့ လက်နက်တွေနဲ့ပဲ ပြန်လည်တပ်ဆင်ပေးခဲ့တာ။”
အပတ်စဥ် ၃ အခြေခံစစ်သင်တန်းမှာ အမျိုးသားရဲဘော် ၆ ဦး အမျိုးသမီးရဲဘော် ၄ ဦးတို့ပါဝင်ပြီး အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးကနေ NCO အကြပ်သင်တန်းဆင်းခဲ့တဲ့ သင်တန်းဆရာတွေက သင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။