Danger

ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ခုခံထွက်ပြေးလို့ ပစ်ခတ်ခဲ့တယ်လို့ဆို

“ ဖမ်းဆီးပြီး ကျနော်တို့ နယ်မြေကိုပြန်လာတဲ့အခါမှာ ရဲဘော်တွေကိုခုခံထွက်ပြေးလို့ ရန်သူ့နယ်မြေလည်းဖြစ်တာကြောင့် မဖြစ်မနေရှင်းလင်းပစ်ခတ်လိုက်ရပါတယ်။”

YPDF ဗဟိုဌာနချုပ်မှာ ပထမဆုံးအကြိမ် အားကစားပြိုင်ပွဲပြုလုပ် (Reels)

အားကစားပြိုင်ပွဲမှာ ဒိုက်ထိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ တုတ်ချိတ်ပြေးပြိုင်ပွဲ၊ သံပုရာသီးစားပြိုင်ပွဲ၊ အုပ်စုလိုက် အတွဲလိုက် ဇွန်းကိုက်ပြိုင်ပွဲ၊ ခြေထပ်ပြေးပြိုင်ပွဲ၊ လက်ဝါးရိုက်ပြိုင်ပွဲ၊ ပုလင်းထဲ ဘောပင်ထည့်ပြိုင်ပွဲ စတာတွေကို ပြုလုပ်ပေးခဲ့တာလို့ တပ်ဖွဲ့ဝင်လူလှက ပြောပါတယ်။

YPDF ဗဟိုဌာနချုပ်မှာ ပထမဆုံးအကြိမ် အားကစားပြိုင်ပွဲပြုလုပ်

အားကစားပြိုင်ပွဲမှာ ဒိုက်ထိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ တုတ်ချိတ်ပြေးပြိုင်ပွဲ၊ သံပုရာသီးစားပြိုင်ပွဲ၊ အုပ်စုလိုက် အတွဲလိုက် ဇွန်းကိုက်ပြိုင်ပွဲ၊ ခြေထပ်ပြေးပြိုင်ပွဲ၊ လက်ဝါးရိုက်ပြိုင်ပွဲ၊ ပုလင်းထဲ ဘောပင်ထည့်ပြိုင်ပွဲ စတာတွေကို ပြုလုပ်ပေးခဲ့တာလို့ တပ်ဖွဲ့ဝင်လူလှက ပြောပါတယ်။

မြိုင်က ရဲနဲ့ ပျူစောထီး ကင်းစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ရဲ ၂ ဦးသေဆုံး (ရုပ်/သံ)

ဒီဇင်ဘာလ ၂၆ ရက် မနက် ၉ နာရီမှာ မြိုင်မြို့အနောက်တောင်ဘက်ခြမ်း၊ အမှတ် ၃ ရပ်ကွက်နေ ပျူစောထီးခေါင်းဆောင်တဦးရဲ့နေအိမ်မှာရှိတဲ့ အဆိုပါကင်းစခန်းကို ဒရုန်းဗုံးသီး ၇ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ မြိုင်မြို့ပေါ် ရဲစခန်းကလို့ယူဆရတဲ့ ရဲတပ်သား မျိုးဝင်းစိန် နဲ့ ရဲတပ်သား အောင်နိုင်ဝင်း တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ စည်ပင်သာယာဈေးက ဆိုင်ခန်းတွေကို ဖောက်ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ၂၆ ရက်က ကမ္မမြို့ ရဲစခန်းအနီးမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုဆီက သိရပါတယ်။

ကမ္မကကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

“ စစ်ကြောင်းလာတဲ့ဘက်က ရွာတွေ အဓိကရှောင်ရတာပေါ့။ ပေါက်နဲ့မြိုင်နယ်ဘက်တွေကို ရှောင်နေရတယ်။ မြို့ပေါ်ရော၊ ရွာဘက်ရောဆို ဒေသခံ ၇,၀၀၀ ကျော်ရှိတယ်။”

PDF ၆၀ ဦးကို စစ်သင်တန်းပေးပြီး စစ်ဝတ်တန်ဆာနဲ့ လက်နက်တွေပါတပ်ဆင်ပေး (ရုပ်/သံ)

သင်တန်းဆင်းပွဲလုပ်တဲ့နေ့မှာပဲ တက်ရောက်ခဲ့တဲ့သင်တန်းသား တယောက်စီတိုင်းကို ကျည်ကာ၊ ဦးထုပ်၊ စစ်ဖိနပ်၊ ယူနီဖောင်းအပြင် မောင်းပြန်ရိုင်ဖယ် ဒါမှမဟုတ် ၆၀ မမ စိန်ပြောင်း ၁ လက်စီပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အဓမ္မဖမ်းဆီးခံရပြီး စစ်သင်တန်းတက်ခဲ့ရတဲ့စစ်သား ၂ ဦး ရှေ့တန်းကနေအလင်းဝင်

“အဲ့ဒီလူ(မောင်ကိုကြီး)က နဂိုကတည်းက အတင်းအဓမ္မစစ်သင်တန်းပေးခံရတာဖြစ်တဲ့အတွက် ပြည်သူ့စစ်အထဲမှာ မလုပ်ချင်တဲ့အတွက် မတ္တရာစစ်မျက်နှာပြင်မှာရောက်တဲ့အချိန် ‌မြို့လှရွာသားမောင်ကိုကြီးနဲ့ ကော့မှူးမြို့နယ်က ချစ်ကိုဦးတို့ အလင်းဝင်ရောက်လာတယ်။ သူတို့ လက်နက်ခဲယမ်းတော့ ဘာမှပါမလာပါဘူး”

ဆင်လူးရွာပျူစောထီးတွေက Jammer တပ်ဆင်ဖို့ဆိုကာ ၁ အိမ်ကျပ် ၃ သိန်းတောင်းခံနေပြီး မပေးဘဲထွက်ပြေးသူတွေရဲ့ နေအိမ်တွေကိုဖျက်ဆီး

“ ခင်များတို့ ပေးဖို့ဆိုရင်ပေး၊ မပေးနိုင်ဘူးဆိုရင်လည်းပြေး၊ ပြေးလို့ရှိရင် အိမ်မှာရှိတဲ့ တိရစ္ဆာန်တွေကို ခင်များတို့မပေးတဲ့အတွက် ကျနော်တို့ရောင်းချမယ်။ ရောင်းချလို့ရတဲ့ ငွေကြေးကို Jammer ဝယ်ဖို့အသုံးပြုမယ်။ ပိုတဲ့ငွေကိုကျတော့ တပ်ဖွဲ့ရဲ့လုံခြုံရေး စားဝတ်နေရေးအတွက် အသုံးပြုမယ်လို့ဆိုပြီး တောင်းရမ်းပါတယ်”

စလင်းနယ်၊ မြောင်းခြားရွာတိုက်ပွဲ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါ ၇ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆည်ကန်ရွာကနေ အင်အား ၃၀ ကျော်နဲ့ ရှေ့ပြေးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြောင်းခြားရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ကြားက ရွှေစက်တော်ဘုရားပွဲကျင်းပရန် ဘုရားဂေါပကအဖွဲ့ပြင်ဆင်

မကွေးတိုင်း၊ မင်းဘူး-စကုမြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနီယပွဲတော်ကို ကျင်းပသွားမယ်လို့ မင်းဘူးမြို့ မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲများဖြစ်လာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကို သတိထားအသုံးပြုရန် PDF အသိပေး(ရုပ်/သံ)

တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက အသိပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲများဖြစ်လာနိုင်တဲ့အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကို သတိထားအသုံးပြုရန် PDF အသိပေး

“ရှေ့ဆက်ပြီး ကျနော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ဖို့များတယ်။ အများပြည်သူတွေအနေနဲ့ ဂရုတစိုက်နေကြဖို့၊ မလိုအပ်ဘဲနဲ့ ခရီးတွေ မသွားကြဖို့ပဲ ပြောချင်ပါတယ်”

စစ်တပ်နဲ့ပျူ‌စောထီးစိုးမိုးထားတဲ့ သရက်ကွရွာကို ၃ ရက်အတွင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ) ■ စစ်ကူလာတဲ့စစ်ကြောင်းလည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁ ဒါဇင်ကျော်သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေစိုးမိုးထားတဲ့ သရက်ကွရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာတိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း ရွာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

စစ်တပ်နဲ့ပျူ‌စောထီးစိုးမိုးထားတဲ့ သရက်ကွရွာကို ၃ ရက်အတွင်း တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်  ■ စစ်ကူလာတဲ့စစ်ကြောင်းလည်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁ ဒါဇင်ကျော်သေဆုံး

“ပျူစခန်းက ဘန်ကာရှိတဲ့နေရာတွေနဲ့ တရွာလုံးကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာ။ ဒရုန်း ၉ စီးလောက်နဲ့ ဗုံး ၁၀၀ ကျော်ကြဲချခဲ့တာ၊ ၄ ကြိမ်လောက် ထိတွေ့ တိုက်ခိုက်မှုဖြစ်တယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ‌လုပ်တာက အကြိမ်ပေါင်းများစွာပဲ။ လေကြောင်းနဲ့ ပစ်တာက ထိတာတွေတော့မရှိဘူး။ လက်နက်ခဲယမ်းနဲ့ ငွေကြေးအနည်းငယ် သိမ်းဆည်းရခဲ့တယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10