Danger

မုံရွာ - မန္တလေးလမ်းပေါ်မှာ မိုင်းရှာနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ( ရုပ်/သံ)

မေလ ၅ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မြင်းမူမြို့နယ်၊ ဂွေးပင်တောနဲ့ ဘိုးမင်းကြီးအကြား စစ်ကြောင်းရောက်ရှိချိန် မိုင်း ၄ လုံးနဲ့ ၂ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်

ရေစကြို စုပေါင်းရုံးကို ပစ်ခတ်တိုက်ခိုက်ခံရလို့ ကင်းသမားတဦး သေဆုံး( ရုပ်/သံ)

"ဒီကောင်တွေက ပခုက္ကူဘက်ကအင်အားတွေခေါ်ပြီး ရေစကြိုမြို့ပေါ်မှာ တိုးချဲ့ထားတာ။ လွန်ခဲ့တဲ့ ၃ ရက်က ပြည်သူအိမ်တွေဖျက်ဆီးတာ‌တွေလည်းရှိတယ်။ ဒါကြောင့်မလို့ ကျနော်တို့ဘက်က သတိပေးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ"

ထီးလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦးခန့်သေဆုံးဟုဆို

“အောင်းမြောက်ရွာအရှေ့နား အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ခဲ့တာ၊ တိုက်ပွဲချိန်က မိနစ် ၂၀ လောက် ကြာခဲ့တယ်၊ ၇ ဦးသေပြီး ဒဏ်ရာရရှိသူတွေရှိတယ်၊ တိုက်ပွဲဖြစ်ပွားချိန်မှာ ဂျက်ဖိုင်တာ ၁ စီး ဝဲလာတာကြောင့် အဖွဲ့တွေ အမြန်ဆုတ်ခွာခဲ့ရတယ်”

မုံရွာမြို့ မြဝတီဘဏ်ရှေ့က စစ်အုပ်စု အလစ်ဝင် တိုက်ခံရလို့ ၁ ဦးသေ (ရုပ်/သံ)

"ကျနော်တို့ မနေ့ကပစ်ခတ်ခဲ့တာမှာ တယောက်ခေါင်းထိပြီး ချက်ခြင်းသေမသွားဘူး။ မုံရွာ စစ်ဆေးရုံက သတင်းပြန်ရတာက ဒီနေ့ နေ့လယ်လောက်မှာပဲ သေသွားတယ်"

မြိုင် စက်မှု ၂ က ထွက်လာတဲ့ စစ်အုပ်စု ပစ်ခတ်ခံရ

"စက်မှု ၂ ကနေ သရက်ကွရွာကို ပြန်တာ၊ သရက်ကွရွာနဲ့ စက်မှု ၂ ဆိုရင် ၂ မိုင်ခွဲ ၃ မိုင်လောက်ဝေးတယ်၊ လမ်းတလျှောက်လုံးမှာလည်း ကင်းပုန်းတွေချထားတာ၊ ကင်းပုန်းဝပ်တဲ့နေရာကနေ ကျ‌နော်တို့ဝင်ပစ်တာ၊ ကားကတော့စောင်းသွားတယ်၊ ထိခိုက်သေဆုံးမှုလည်းရှိနိုင်ပါတယ်၊ အတိအကျတော့ မသိရသေးဘူး"

ကိုယ်တိုင်ထုတ် ၄၀ မမဗုံးသီး စမ်းသပ်ပစ်ခတ်ချိန် ပြောင်းကွဲလို့ ရဲဘော်တဦး ဒဏ်ရာရ (ရုပ်/သံ)

"ကျနော်တို့ ထုတ်လုပ်တာက ကြာပါပြီ။ ၄၀ မမ တလုံးကို ၃ သိန်းဖြစ်နေတော့ ကိုယ်တိုင်ထုတ်လုပ်ပြီး စမ်းသပ်ခဲ့တာပါ။ ထုတ်လုပ်မှုကတော့ အောင်မြင်ခဲ့တယ်။ စမ်းသပ်ပစ်ခတ်တဲ့အခါမှာ ပြောင်းထဲမှာပေါက်ကွဲပြီး ရဲဘော် နိုင်တီတူးရဲ့ ညာဘက်မျက်နှာတခြမ်း စုပ်ပြဲပြီး ညာဘက်လက် ကျိုးသွားတယ်"

ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေဆုံးပြီး သေနတ် ၁၀ လက်နဲ့ခဲယမ်းတွေရရှိ (ရုပ်/သံ)

“ သူတို့အင်အားကတော့ စကောက်သတင်းပေးချက်အရ အစကတော့ စခန်းမှာ ၁၃ ယောက်ရှိတာ။ ၈ ယောက်က တရာရုံးကိုသွားတဲ့အချိန် အလစ်အငိုက်ဝင်တိုက်ခဲ့တယ်။ သူတို့ဘက်ကဘာမှ ပြန်လည်ခု ခံနိုင်ခြင်းမရှိဘူးပေါ့။ ** ၂ ကောင်သေပြီး တပ်ကြပ်ကြီးက ဒဏ်ရာရတယ်၊ ၂ ယောက်ကတော့ ထွက်ပြေးသွားတယ်”

စစ်အုပ်စု ဖမ်းဆီးစစ်ဆေးနေတုန်း အပြန်အလှန်တိုက်ခိုက်ကြလို့ PDF ၁ ဦးနဲ့ စစ်သား ၁ ဦးသေဆုံး

“**တွေမရှိသေးဘူးဆိုပြီး ဆူးလေကုန်းရွာကို သွားကြတာ။ **တွေက ရွာအပေါက်ဝမှာ ထမင်းချက်ပြုတ်စားနေကြပြီး သူတို့ထဲက ၂ ကောင်က ရွာထဲဝင်ထွက်သွားလာတဲ့သူ အကုန်လုံးကို စစ်ဆေးနေတာ။ ရဲဘော်တွေ အစစ်ခံရပြီး ဒူးထောက်ခိုင်းတဲ့ အချိန်မှာ ** ၂ ကောင်ကို ဝင်လုံးတာ”

စစ်တပ်က တပ်စွဲထားတဲ့ ရွာကို လက်နက်ကြီးအချက် ၁၀၀ ကျော် ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်/သံ)

"အဲ့လို ပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အတိအကျမသိရတာက အရင်တုန်းက ရှိနေတဲ့ ဖရဲသီးတွေ အခုမရှိတော့လို့ပါ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ကာဘိုင်နဲ့လည်း ပစ်တယ်"

မုံရွာ ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲချိန် ၁၅ မိနစ်ကြာပါတယ်၊ ကညန ရုံးထဲက စစ်ကောင်စီတပ်သားတွေက စပစ်တာ၊ အဖွဲ့တွေခွဲပြီး တပြိုင်ထဲတိုက်ခိုက်ခဲ့တာ၊ ဒီနေ့မနက် ကြားရတာက စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း အသေအပျောက်ရှိပြီး ဒဏ်ရာရတာလည်း များပါတယ်၊ မဟာမိတ်ဘက်က ရဲဘော် ၄ ဦး မစိုးရိမ်ရဒဏ်ရာရတယ်"

လှတောရဲစခန်း တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး ဟုဆို (ရုပ်/သံ)

"ညနေပိုင်း အပြန်အလှန်ပစ်ခတ်နေချိန်မှာ မုံရွာ နမခ က လေယာဉ်နဲ့ ပစ်တာကြောင့်ပြန်ဆုတ်လာခဲ့တာ၊ ၅ ယောက်သေဆုံးပြီး ၂ ယောက်အပြင်းအထန် ဒဏ်ရာရတယ်၊ အဲဒါလည်း ကျနော်တို့ ဒရုန်းနဲ့ကြည့်လို့ သိရတာပါ"

မကွေးမှာ ရဲသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦး ကွမ်းယာဆိုင်မှာ ပစ်သတ်ခံရ

“သူက ရဲ မိန်းမ။ ရဲ ၂ ယောက်ကို ယူထားတာ။ အရင်တယောက်က မရှိတော့ဘူး။ အခုနောက်ရဲတယောက်ရဲ့မယားငယ်အနေနဲ့ ယူထားတာ။ သူ့ညီမ တော်ကီကွမ်းယာဆိုင်ထဲမှာ ၃ ချက်တိတိ ပစ်ပြီးရှင်းလိုက်တာ” လို့ ပြောပါတယ်။

ရှေ့တန်းကို ထောက်ပို့သွားမယ့် စစ်တပ် ဆီဘောက်ဆာကားတစီး မိုင်းဆွဲခံရ (ရုပ်/သံ)

ဧပြီလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ မကွေးတိုင်း တောင်တွင်းကြီးနဲ့ ပေါက်မြို့တွေဘက်ကို သွားတဲ့ ထောက်ပို့ယာဥ်တန်းတွေထဲက ဆီဘောက်ဆာကားတစီးကို ပျော်ဘွယ်နတ်မောက်လမ်းမကြီးပေါ်မှာ ကြိုတင်ထောင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ နတ်မောက်ဂဠုန် PDF တပ်ခွဲမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

ဆားလင်းကြီးမှာ မိုင်းမတော်တဆမှုကြောင့် PDF ရဲဘော်တဦး ဒဏ်ရာရ

“ရဲဘော်ကိုထက်ရဲ့ မျက်လုံး ၁ ဖက်ထိခိုက်၊ လက်သန်းဘေးက ၂ ချောင်းကျိုးသွားပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာရတယ်”

မုံရွာ စီးပွားရေးဘဏ်နားက ကင်းပုန်း စစ်သား၃ဦး ဗုံးခွဲတိုက်ခိုက်ခံရ( ရုပ်/သံ)

"တိုက်ခိုက်ဖို့အတွက် ရဲဘော်တွေ အရင်ထွက်ခွာတယ်၊ မုံရွာမြို့ စီးပွားရေးဘဏ် မျက်စောင်းထိုးမှာ ကင်းပုန်းဝတ်နေတတ်တဲ့နေရာကို ပါဆယ်ဗုံးချခဲ့တယ်၊ ညနေ ၅ ဝန်းကျင်မှာ စကစ ခွေးတပ်သား ၃ ဦး ကင်းပုန်းလာဝတ်တဲ့အချိန် ကျနော်တို့တိုက်ခိုက်ခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10