မအူရဲကင်းစခန်းတိုက်ခိုက်ခံရပြီး စစ်ကူလာတဲ့စစ်ကြောင်းပါ မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်
"မီးရှို့လို့ရတဲ့ ဘန်ကာတွေတော့ ရှို့ခဲ့တယ်။ အုတ်တိုက်တွေတော့ ရှို့လို့မရခဲ့ဘူး။ စခန်းမှူးအပါအဝင် ၇ ယောက် သေတယ်။ အပေါ်ကလည်း ဒရုန်းနဲ့ဗုံးကြဲချပြီး အပေါ်အောက်ညှပ်ဆော်တာ။ တချို့ထွက်ပြေးကုန်ကြတယ်။ မနက် ၈ နာရီကျော်ကျော်မှာ နမခ က Mi 35 နဲ့ ၁ နာရီလောက် လာပစ်တယ်။ ပစ်တော့ ကျနော်တို့လည်း စခန်းကဆုတ်ပေးခဲ့ရတယ်။ အဲဒီ မအူရဲကင်းစခန်းမှာ ရဲနဲ့စစ်သား ၂၄ ယောက်ရှိတယ်"