ခန့်အောင်

ကြို့ပင်ကောက်မှာ အမျိုးသား ၁ ဦးထပ်မံ ကြိုးဆွဲချ

"ရွာထိပ်တံတားအောက်က အောက်ခံယက်မတန်းကို ကြိုးချည်ပြီး ကြိုးဆွဲချတာပါ။ ရွာသားတချို့မြင်ပြီး ရဲကိုအကြောင်းကြားလိုက်တာ။ ဘာလို့လုပ်တာလဲတော့ မသိဘူး။ သူက အရက်တော့ တအားသောက်တယ်”

ပေါင်းတည်မှာ စစ်ကောင်စီကလယ်သမား ၇ ဦးကိုဖမ်းပြီး ချေးငွေဆပ်ခိုင်း

"ညနေပိုင်းဖမ်းသွားတာ ချေးငွေမဆပ်ရင် ပြန်မလွှတ်ဘူးဆိုလို့ အကုန်လုံးချေးငွေဆပ်ပြီး ပေါင်းတည်အချုပ်ထဲ တညအိပ်စေပြီး ချေးငွေဆပ်မှ ပြန်လွှတ်ပေးတာ"

ပြည်မြို့မှာ ၈ ရက်အတွင်း ကြိုးဆွဲချ သေဆုံးသူ ၃ ဦးရှိ

"အလောင်းကို ဆေးရုံကရင်ခွဲရုံကို ထုံးစံအတိုင်း ပို့ထားလိုက်ပါတယ်။ ဘာကြောင့်သေဆုံးတယ်ဆိုတာတော့ မသိရဘူး။ မိသားစုကတော့ အလောင်းကိုသဘက်ခါ (မတ် ၂၅ ရက်)မှာ သဂြိုလ်မယ်လို့ သိရတယ်"

နတ်တလင်းက စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်လို့ စစ်သားတဦးသေဆုံး

"သူတို့စခန်းက ရွာရဲ့အရှေ့ဘက်နားမှာ စခန်းချထားတာ၊ ပထမဆုံး စပြီးပစ်ခတ်ခံရတဲ့ကောင်က စခန်းရှေ့မှာတဦးထဲရှိနေတဲ့အချိန် ပစ်နိုင်ခဲ့တာ လဲကျသွားတာကို မြင်လိုက်ရတယ်"

ဘီးလူးစစ်ကြောင်းကြောင့် ပြည်သူ ၅ထောင်ကျော် ထွက်ပြေးခဲ့ရ (ရုပ်/သံ)

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က ဘီလူးစစ်ကြောင်းဝင်လာလို့ စစ်ကိုင်းတိုင်းအစပ်က ရွာတွေနဲ့ ရေလယ်ကျွန်းအစပ်က ပြည်သူပေါင်း ၅ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ရတာ

လောင်းကစားဒိုင်အိမ်ကို ပစ်တဲ့ကျည်က ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေပေါ်ကျလို့ ၂ ဦးဒဏ်ရာရ

"ဖိုးသဲက ချဲဒိုင်လုပ်တယ်။ လောင်းကစားဝိုင်းတွေလည်း ထောင်ပြီးတော့ စစ်ကောင်စီကို ငွေရှာပေးနေတာ။ အဲဒါကြောင့် သတိပေးတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာ။ ကံဆိုးချင်တော့ ဖိုးသဲအိမ်နားက စာသင်ကျောင်းနောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေဆီကို ၄၀ မမတလုံးကျပြီး ၂ ဦး ဒဏ်ရာရသွားတာ"

မကွေးမှာ စစ်ကောင်စီကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းလုပ်နေ

"လိုင်းကြေးယူထားတော့ ဖမ်းမယ့်သူမရှိဘူး။ ရွာထဲမှာ ဒိုးဇက်ဆော့တာ ဇယ်တောက်ကစားတာကြတော့ ဖမ်းတယ်။ လောင်းကစားဝိုင်းကြောင့် ယာမြေပေါင်သူတွေ၊ နွားရောင်းသူတွေအထိ ရှိလာတယ်။ လုပ်ငန်းခွင်ဝင်ရင် မြေမရှိနွားမရှိဖြစ်ပြီ။ အခုဆိုသူခိုးသူဝှက်တောင် ရှိလာပြီ"

ကြို့ပင်ကောက်မှာ စိုက်ပျိုးစရိတ်ချေးငွေကို ခြိမ်းခြောက်တောင်းနေ

"ပထမစိုက်ဘဏ်က စာပို့တယ်။ တောင်သူတွေက မဆပ်နိုင်တော့ အခုရွာအထိ လိုက်လာတယ်။ စစ်သား၊ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေ ပါတယ်။ အုပ်စုလိုက် လာပြီးတောင်းတယ်။ မဆပ်နိုင်ရင် လူကိုဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်"

နတ်တလင်းမှာ ဆည်မြောင်းထဲ ရေဆင်းကူးရာက မိသားစုဝင်အမျိုးသမီး ၃ ဦး ရေနစ်သေဆုံး

"တအိမ်တည်း အတူနေကြတဲ့ အမေရယ်၊ သမီးရယ်၊ တူမရယ် ရေနစ်ကြတာပါ။ သူတို့က ဘက်ဟိုးနဲ့ တူးထားတဲ့မြောင်းထဲမှာ ရေဆင်းချိုးရင်း နစ်ကြတာ"

ပေါင်းတည်သမဦးစီးက စစ်တပ်ခေါ်ခြိမ်းခြောက်ပြီး ချေးငွေပြန်တောင်းနေ

"ကျနော်တို့ဆီကိုလာပြီး သမက ကြွေးဆပ်ဖို့ လာပြောတယ်။ မဆပ်နိုင်ရင် ဖမ်းချုပ်မယ်။ ငွေကြေမှ ပြန်လွှတ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်သွားတာ။ တချို့လည်း ကြောက်လန့်ပြီး ရှာကြံပေးလိုက်တာမျိုးတော့ ရှိတယ်။ ခုအချိန်က အလုပ်အကိုင်ကအစ မကောင်းတော့ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ"

ဆားလင်းကြီးက စစ်ရှောင်ကလေးငယ်တွေကို အာဟာရကျွေးမွေး (Photo News)

ကလေးငယ်ဦးရေ ၅၀၀ ကျော်ကို အာဟာရဒါနအဖြစ် မုန့်ဟင်းခါးကျွေးခဲ့တာ

နတ်တလင်းက ပြည်သူတွေ ဆန်ကို ကန့်သတ်ချက်နဲ့ဝယ်နေရ

"ဆယ်ကိုဖြတ်ပြီး တောင်ညိုကွက်သစ် ဒါမှဟုတ် နတ်တလင်းမြို့ကိုသွားပြီး စျေးဝယ်တဲ့အခါမှာ တောင်ညိုစက်လှေဂိတ်မှာ စစ်သားတွေက ပစ္စည်းတွေကို စစ်ဆေးတယ်။ အဲ့ဒီဂိတ်မှာ အိမ်ရှိလူစာရင်း ထောက်ခံစာ လုပ်ရတယ်။ အိမ်မှာရှိတဲ့ လူဦးရေထက် ဆန်ကိုပိုဝယ်လို့မရဘူး။ လူကြုံဝယ်လို့လည်း မရဘူး။ အဲတော့ တအိမ်တယောက် ထွက်ဝယ်ရတယ်။ တပတ်တခါ လမ်းစရိတ်ကုန်သလို အလုပ်လည်း ပျက်ရတယ်။ ဖြတ် ၄ ဖြတ် လုပ်တဲ့သဘောရှိတယ်" လို့ နတ်တလင်းနယ်အခြေစိုက် နတ်စစ်သည် PDF အဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။

ကနီမှာ ရိက္ခာပို့လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရ

"သူတို့က ရိက္ခာပို့ဖို့ အလယ်ကျွန်းရွာကို ခြေလျင်သွားတာကို ကျနော်တို့က အလယ်ကျွန်းကိုမရောက်ခင် စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ နှစ်ဘက်အပြန်အလှန် ပစ်ခတ်လို့ တိုက်ပွဲကြာချိန် တနာရီခွဲလောက်ရှိ ပါတယ်"

ကြံ့ခိုင်ရေးပါတီမြို့နယ် EC ဦးဆောင်တဲ့ လောင်းကစားဝိုင်း ဗုံးခွဲခံရ

"မိုးညိုနယ်တလွှားမှာက လောင်းကစားဝိုင်းလုပ်နေတာက ကြာပြီ။ အနည်းဆုံး ၆ လလောက်ရှိမယ်။ ဗုံးခွဲသတိပေးလည်း ဆက်လုပ်တယ်။ စာထုတ်လည်း ဆက်လုပ်နေတယ်။ ပြည်သူရဲ့အကျိုးစီးပွားကို ထိခိုက်လာလို့ တိုက်ခိုက်ရတာဖြစ်တယ်"

တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရလို့ NLD ရပ်/ကျေးဥက္ကဌအပါ ရွာသား ၅ ဦးဖမ်းဆီးခံရ

“အသတ်ခံရတဲ့ ကိုမောင်ဝင်းနဲ့ လောင်းကစားဝိုင်းမှာ ဒိုင်အတူလုပ်တဲ့ ၂ ယောက်နဲ့ ကျန်တဲ့မဆိုင်တဲ့လူ ၃ ယောက်ကို ဖမ်းသွားတာ။ အဲ့ရွာမှာ အခုထိ လောင်းကစားဝိုင်းတွေ ရှိနေတုန်းပဲ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10