Kyaw Gyi

နံဇက စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၇ဦးသေပြီး သေနတ် ၅ လက် သိမ်းဆည်းရမိ

"စစ်ကောင်စီတပ်ရှိနေတဲ့ နေရာကိုပူးပေါင်းတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တာ။ အတော်ကြာပစ်ခတ်ပြီးမှ စကစ ဘက်ကထိခိုက်ကျဆုံးများစွာနဲ့ ပြန်ဆုတ်သွားတယ်။"လို့် တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက် ပျူခေါင်းဆောင် ဦးမြင့်သိန်း ပစ်သတ်ခံရ

"ကျနော်တို့က အခြားမစ်ရှင်တခုနဲ့ သွားရမှာ သူ့ကိုဆိုင်ထဲမှာတွေ့လို့ ရှင်းလိုက်တာပါ။ သူကလည်း သူ့ကိုရှင်းလင်းချိန်မှာ ပြန်လည်ခုခံတာတွေ လုပ်တာရှိတယ်။ ၄ ချက်ပစ်ခတ်ခဲ့တာပါ" လို့ people Defense Force Column 1 တာဝန်ရှိသူက ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦးသေပြီး ၇ ဦးဒဏ်ရာရဟုဆို

"တိုက်ပွဲက တနာရီနီးပါးလောက် အပြန်အလှန်ဖြစ်ခဲ့တာ။ အရင်မိုင်းဆွဲပြီး အနီးကပ်တိုက်ခိုက်မှုလုပ်နိုင်ခဲ့တယ်။ စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် သေဆုံးတာတွေရှိတယ်။ ထိခိုက်သေဆုံးသူတွေကိုတော့ စကစ ဘက်က ဘယ်လို သယ်သွားလဲတော့ မသိရဘူး"

ပခုက္ကူမှာ မိုင်းနင်းမိပြီး သက်ကြီးပိုင်း အမျိုးသား ၁ ဦးသေဆုံး

"သူက လယ်ထဲကိုသွားတာ။ ဒီဘက်ခြမ်းရွာ(ဖလံအိုရွာ)က လူတွေကို ဇီးကုန်းဘက်ခြမ်းမသွားကြဖို့ PDF တွေဘက်က သတိပေးထားတာရှိတယ်။ ခုလည်း မိုင်းထိတာ ဇီးကုန်းဘက်ခြမ်းအရောက်မှာ ထိတာလို့ သိရတယ်"

စစ်ကောင်စီ ပဲခူးတိုင်းအစိုးရရုံးနဲ့ တိုင်းထွေအုပ်ရုံးတို့ကို M 79 နဲ့ ပစ်ခတ်

"မြေပြင်သတင်းပေးပို့ချက်အရ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှု အခြေနေကတော့ အသေးစိတ်မသိရသေးဘူး။ စုံစမ်းဆဲအခြေနေဘဲရှိပါသေးတယ်"လို့ ပဲခူးတိုင်ဒေသကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ရွှေဘိုမှာ ဆိုင်ကယ်တွင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"သိရသလောက်က ဆိုင်ကယ်အတွင်းကနေ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ပုံပါ။ လမ်းကလည်း ကွန်ကရစ်လမ်း။ လမ်းဘေးမှာလည်း ပေါက်ကွဲမှုဖြစ်ထားတဲ့ လက္ခဏာ မရှိနေဘူး။ ဆိုင်ကယ်တူးဘောက်နဲ့ ကာဗာတွေက တစစီ ပြုတ်ထွက်နေတယ်လို့တော့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒိုက်ဦးထောင်က နိုင်ကျဉ်းတွေကို စစ်ကြောသတ်ဖြတ်နေတဲ့ ခလရ(၃၀)တပ်ရင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံရလို့ ၃ ဦးထိခိုက်

"နှစ်လုံးသွားပစ်တာ တလုံးဘဲ ကျကွဲတယ်။ တလုံးက မကွဲဘူး။ အဲတပ်က ဒိုက်ဦးထောင်က နိုင်ငံရေးအကျဥ်းသားတွေကို စစ်ကြောရေးလုပ်၊ နှိပ်စက်တဲ့ တပ်ဘဲ။ အကျဥ်းသားတွေကို သတ်ပစ်တာလည်း သူတို့တပ်ကဘဲ"လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အုတ်ဖိုက Melody KTV ဗုံးခွဲခံရပြီး ဝန်ထမ်း ၁ ဦးဒဏ်ရာရ

"ဗုံးပစ်ခံရတဲ့ အချိန်မှာ ဆိုင်ကအလုပ်သမားတွေက ဆိုင်သန့်ရှင်းရေးလုပ်နေချိန်လို့ သိရတယ်။ ပိုင်ရှင်ကတော့ စကစနဲ့ပေါင်းပြီး အကုန်နီးပါး လုပ်နေသူဘဲ။ ထိတာကတော့ အလုပ်သမားတယောက်ဘဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ်ပေါ်သစ်ပင်ပိလို့ သားအဖ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

"မနက်အစောပိုင်း မိုးလေကောင်းပြီး အိပ်နေကြချိန် အပင်ကလည်း တပင်လုံး အိမ်ပေါ်ပိတာဆိုတော့ အိမ်ပါပြိုကျပြီး လူတွေပါ ပိနေကြတာ"

ကြံ့ခိုင်ရေးပါတီဝင်ရဲ့နေအိမ် ဗုံးပစ်ခံရလို့ ကလေးငယ် ၁ ဦး ဒဏ်ရာရ

"ပထမတော့ အသံဗုံးပေါက်တယ်လို့ ကြားတာ။ နောက်မှ လက်ပစ်ဗုံးပစ်ခံရတယ်လို့ သိရတယ်။ ဗုံးလာပစ်တာကို အိမ်ထဲကို မရောက်လိုက်ဘဲ အပြင်မှာပဲ ကျကွဲသွားတာ"

RPG လက်နက်စမ်းသပ်တဲ့အနေနဲ့ တံတားလုံခြုံရေးတပ်ဖွဲ့ကို ပစ်ခတ်ခဲ့ရာ ၁ ဦးသေ

"ကျနော်တို့မှာက လက်နက်အသစ်တွေရလာရင် စမ်းသပ်တဲ့အခါ အလကား မဖြစ်အောင် စကစ အဖွဲ့တွေရှိတဲ့ နေရာကို သွားသွားပစ်လေ့ရှိတယ်။ မနေ့ကသွားပစ်ပြီးတော့ စကစဘက်က ချက်ချင်းတောင် ပြန်မပစ်နိုင်ဘူး"

ပဲခူးမှာ ရေမြောင်းထဲပြုတ်ကျတာနဲ့ ကြိုးဆွဲချတာကြောင့် အမျိုးသား ၂ ဦး သေဆုံး

"ကြိုးဆွဲချသေဆုံးသူက သူငှားနေတဲ့အခန်းမှာ တဦးတည်းရှိနေချိန် လုပ်လိုက်တာ။ မိသားစုပြဿနာရှိလို့ ဖြစ်နိုင်ပါတယ်။ ရေမြောင်းထဲ ပြုတ်ကျသေတဲ့သူကတော နဂိုက စိတ်ကျန်းမာရေးမကောင်းသူ အရက်လည်း သောက်တတ်သူလို့တော့ သိရတယ် "

ညောင်လေးပင်မှာ စစ်ကောင်စီအဖွဲ့ မိုင်းထိပြီး ၅ ဦးသေဆုံး

"မိုင်းထိလို့ စကစတပ်သားတွေ သေဆုံးတာမှာ ကားတွေနဲ့ပို့တဲ့ကိစ္စတွေကို ရွာကလူတွေ ဝိုင်းလုပ်ပေးလိုက်ရတာရှိတယ်။ အဲ့နားဝန်းကျင်မှာက တပ်ဘက်ကကော KNUဘက်ကကော မိုင်းထောင်ထားတာတွေရှိတော့ ဘယ်သူမိုင်းနဲ့ထိတယ်ဆိုတာတော့ မသိရဘူး"

နံဇကျေးရွာက ဒေသခံ ၃ ဦးကို စစ်ကောင်စီက နေအိမ်ထဲ မီးရှို့သတ်ဖြတ်

"ဒေသခံတွေ ပြောပြချက်အရ ပြန်သိရတာက အမျိုးသား ၃ ဦးကို အရှင်လတ်လတ် နေအိမ်ထဲမှာတင် မီးရှို့သတ်သွားတယ်။ သတ်ခံရတဲ့ထဲမှာ စိတ်မနှံ့သူ အမျိုးသား ၁ ဦးလည်းပါတယ်။ နေအိမ်တွေပါ မီးလောင်တာရှိတယ်"

မူးမြို့နယ်ထဲက ဒေသခံ နေအိမ်နဲ့ စပါးကျီ ၅၀ ကျော်ကို စစ်ကောင်စီမီးရှို့

"အဲ့နေ့က စကစ စစ်ကြောင်းဝင်လို့ တိုက်ပွဲဖြစ်ပြီး ရွာသားနေအိမ်တွေ မီးရှို့တာတွေရှိတယ်။ တိုက်ပွဲမှာတော့ စကစ ထိခိုက်သေဆုံးအခြေနေကတော့ မသိရဘူး။ KNU ဗဟိုထုတ်ပြန်ချက်အရ နေအိမ်ပျက်စီးမှုအခြေနေကတော့ ဟုတ်ပါတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10