Kyaw Gyi

ညောင်ဦးမြို့ထဲမှာ ကင်းပတ်နေတဲ့ရဲတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

"တော်လှန်ရေးအဖွဲ့တွေက အဲနားကနေစောင့်နေပြီးတော့ သူတို့ကင်းပတ်နေကျတာကို ပစ်သွားတာ။ ရဲနှစ်ယောက်ကျတယ်လို့ကြားတယ်။ ညောင်ဦးစခန်းကရဲတွေပါ။ သူတို့ပုံမှန်ကင်းပတ်နေကျအချိန်မှာ PDF တွေကချောင်းပစ်သွားတာပါ။ "

တလုပ်မြို့ရွာက နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ

"ညနေ ၅ နာရီခွဲလောက်ကနေစရှို့တာ။ ဒီမနက်(ဖေဖော်ဝါရီ ၁၈ ရက်)၄ နာရီလောက်မှ မီးသေ(ငြိမ်း) သွားတာ။ မီးလောင်ပျက်စီးမှုကတော်တော်များလောက်တယ်။ မီးကျီတွေနဲ့ပစ်ရှို့တဲ့အသံတွေကိုလည်း ကြားရတယ်။ စုံနေတာပဲရှို့တာ။ မီးလောင်တဲ့အချိန်ကာလနဲ့ဆို အိမ်ခြေရာဂဏန်းလောက်တော့ ကုန်နိုင်တယ်"

ကနီနယ်က ကူးတို့ဆိပ် လေယာဉ်ဗုံးကြဲခံရလို့ သံဃာ ၁ ပါးအပါ ၃ ဦးဒဏ်ရာရပြီး ကားနဲ့ဆိုင်ကယ်တွေမီးလောင်

" ထိခိုက်ဒဏ်ရာရသူတွေက ဗုံးစမှန်တာ။ ပေါင် ၅၀၀ ချတယ်ဆိုတော့ ဆီကားကိုလည်းထိပြီး မီးလောင်သွားတာ။ ကားပေါ်မှာက ဆီပေပါ(စက်သုံးဆီ) တွေတင်ထားတာ။ ဗုံးက ဆီကားဘေးကို ကျတာ။ ထိခိုက်ဒဏ်ရာရသူတွေက ကူးတို့ကူးဖို့စောင့်နေကြတာ။"

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူးဖွင့်လှစ်ထားတဲ့ငွေကောက်တဲ့ဂိတ် ပစ်ခတ်ခံရပြီး သားဖြစ်သူ သေဆုံး

" ရေဘေးရပ်ကွက်သစ်က အဲဒီကဥက္ကဌက အဲ့နားလေးကအိမ်မှာ ပိုက်ဆံတောင်းတဲ့ဂိတ်ဖွင့်ထားတာကို လာပစ်တာ။ ပစ်တာကို ဥက္ကဌသားလေးက သေသွားတာ။ ကျန်တဲ့အကြီးတွေ ထမင်းစားပြန်တဲ့အချိန် အဲ့ကလေးကဂိတ်ကိုလာစောင့်ပြီးတော့ စစ်ဆေးပိုက်ဆံတောင်းချိန်မှာ လာထုလို့သေတာ။"

စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံနဲ့ ကားကြီးဝန်းမှာ မိုင်းပေါက်ကွဲ

" ၁ လုံးပြီး ၁ လုံးကွဲတာ။ ကားဝန်းဘက်အရင်ဖြစ်ပြီးမှ ဆေးရုံဘက်ဖြစ်တာ။ ကားဝန်းဘက်က အမှုန်စင်တာလောက်ပဲ။ ဓာတ်မှန်ဘက်မှာက မှန်စစင်တယ်။ မှန်ကွဲစ စင်ပြီးတော့ ဓာတ်မှန်က ၁ ယောက်၊ ဓာတ်ခွဲခန်းဘက်က ကလေး ၁ ယောက် (ထိတယ်)။ မှန်တွေက အကုန်ကွဲသွားတာကို။"

ပေါ်တာဆွဲခံရပြီးပြန်ပြေးလာသူကို လာခေါ်တဲ့ ရဲတပ်ကြပ်ကြီးအပါ ၂ ဦး ဓါးခုတ်ခံရပြီးသေဆုံး

"သူတို့က လက်နက်မပါဘူး။ အရင်ကတော့ ကိုင်ကြတယ်။ နှစ်ယောက်ထဲအေးရာအေးကြောင်း သွားတာ။ ဟိုကလည်း သူတို့အပူနဲ့သူတို့ရှိနေတာဆိုတော့ ထွက်ခုတ်လိုက်တာ နှစ်ယောက်စလုံး အပြတ်ပဲ။ နှစ်ယောက်စလုံးသေသွားတာ။"

ကျောင်းသား ၅၀ နီးပါးအထိ လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း ဝန်ခံထားတဲ့ ယာယီကျောင်းအုပ်ကို ရဲက ပုဒ်မ ၃၇၇ နဲ့အမှုဖွင့်

“ ကျနော်တို့ သိထားတာက အဓမ္မမှုမြောက်တာက ၁၇ ယောက်ပေါ့။ ကျန်တဲ့ကျောင်းသားတွေကတော့ တခြားနည်းလမ်းတွေနဲ့ ကျူးလွန်ခံရတာ။”

ကက်သလစ်ဘုန်းတော်ကြီးကို ဓားနဲ့ခုတ်သတ်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ကို ရွှေဘိုခရိုင်တပ်ရင်း ၅ ကဖမ်းဆီးထား

"ရွာခံတွေကနေ လာတိုင်လို့ သင်းအုပ်ဆရာ(ဘုန်းကြီး)ကိုပေါ့ ဓားတွေနဲ့လည်းခုတ်ပြီးသတ်ထားတယ်ဆိုတော့ ကျနော်တို့သွားကြည့်တော့ Deadbody ပဲကျန်ခဲ့တယ်။ အဲမှာစုံစမ်းပြီးတော့ သတ်သွားတဲ့အဖွဲ့ကို ၉ နာရီကျော်လောက်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်။"

မိတ္ထီလာမှာ အုပ်ချုပ်ရေးမှူးဟောင်းတဦး ပစ်ခတ်ခံရပြီး သေဆုံး

"သူက ဒေါက်တိုင်တော့ မှန်တယ်။ အခြား လိုကယ်အဖွဲ့တခုက လုပ်သွားတာလို့တော့ ပြောတယ်။ နတ်မောက်တို့ မကွေးတို့ဘက်က အခြေပြုတဲ့အဖွဲ့တခုက လာလုပ်သွားတာလို့တော့ကြားသိရတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မသိရသေးဘူး။ ဒေါက်တိုင်ကတော့ အမှန်အကန်ပါ။"

မတ္တရာမှာလက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေဆုံး

"ပြည်သူနေအိမ်နား ၁ လုံး။ ဘုန်းကြီးကျောင်းထဲ ၂ လုံးကျတယ်။ လက်နက်ကြီးကျချိန် ဘုန်းကြီးကျောင်းဝင်းကို သန့်ရှင်းရေးတံမြတ်စည်းလှဲနေတဲ့သူက လက်နက်ကြီးစမှန်ပြီး သေသွားတယ်"

ကျိုက်ထိုနယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တွေအစည်းအဝေး လေယာဉ်ဗုံးကြဲခံရလို့ ဒိုက်ဦးနဲ့ခရမ်းပကဖ ၃ ဦး ကျဆုံး ၅ ဦးဒဏ်ရာရ

"ကျနော်တို့ ဒီဘက်က အဖွဲ့တွေအစည်းအဝေးလုပ်နေချိန်မှာ ပေါင် ၂၀၀ နဲ့လာချသွားတာ၊ စုစုပေါင်း ၄ လုံး။ ၃ မိနစ် ၄ မိနစ်လောက်ခြားလာချတာ။ တစီးပြီးတစီးလှည့်ပြီးချတာ။ စခန်းပတ်လည်ကိုကျတာ။”

ပဲခူးမှာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးငယ်တဦး ကြိုးဆွဲချသေဆုံး

" ကောင်မလေးက စိတ်ညစ်ပြီးတော့ သေသွားတယ်လို့ပြောတာပဲ။ သူရည်းစားနဲ့ပြတ်သလိုလို ဘာလိုလိုတော့ ရဲတွေမေးနေတာတော့ကြားတယ်။ ကောင်မလေး(မိသားစု)က အဲ့အဆောင်မှာ ပြောင်းလာနေတာ မကြာသေးဘူး။"

မင်းကွန်းနယ်မြေရဲစခန်းမှူး ပစ်ခတ်ခံရပြီး သေဆုံး

"ဖမ်းတာကို ထွက်ပြေးလို့ပါ။ ပြန်လည်ခုခံတာမရှိဘဲ ထွက်ပြေးတာ။ ၁၀ ချက်လောက်ပဲ ပစ်လိုက်ရပါတယ်။ သူစီးတဲ့ဆိုင်ကယ် ၁ စီးတော့ သိမ်းဆည်းလာခဲ့တယ်။"

တောင်ငူက ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ထီးလှိုင် ၁ ရပ်ကွက်က ပျူစောထီးခေါင်းဆောင်အမျိုးသား ၁ ဦးကိုပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ တောင်ငူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လမ်းမှားပြီး ရဲစခန်းဂိတ်ကိုဖြတ်မိတဲ့ PDF စစ်ရေးနည်းပြ ပစ်ခတ်ခံရပြီးကျဆုံး

မကွေးတိုင်း၊ ပခုက္ကုမြို့နယ်၊ ကမ္မမြို့ရဲစခန်းအရှေ့မှာ ပခုက္ကူခရိုင်တပ်ရင်း ၁၈ ရဲ့ စစ်ရေးနည်းပြ ၁ ဦး ကိုစစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကပစ်သတ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10