Kyaw Gyi

မုံရွာမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူစစ်ဆေးရေးဂိတ်နဲ့ မြေနဲကျေးရွာအကြား မုံရွာ-ချောင်းဦးကားလမ်းပေါ် တန်ပိုဂိတ်ဟောင်းအနီးမှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၁ ဦး စစ်ကောင်စီတပ်သားတွေပစ်တဲ့ သေနတ်ကျည်ထိမှန်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပျူစောထီးတွေစိုးမိုးထားတဲ့ဆင်လူးရွာက ထွက်ပြေးလာသူ ၇၀ ကျော်အထိရှိနေ

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေစိုးမိုးထားတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ ကနေ ထွက်ပြေးလာတဲ့ဒေသခံပြည်သူ ၇၀ ဦးကျော်ရှိနေပြီလို့ ထွက်ပြေးလာတဲ့ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ကလေးမြို့မှာ တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းဖော်ထုတ်

"လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်အစိုးရက မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်နေတယ်။ အခု MNDAA တို့ TNLA တို့ အပစ်ရပ်တယ်ဆိုတာကလည်း တရုတ်ကြောင့်ပါ။ KIA ဆိုလည်း ဖိအားပေးနေတယ်။ မြန်မာ့တော်လှန်ရေးက မြန်မာပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ဒါကြောင့် တရုတ်အစိုးရကို ကန့်ကွက်တာ။"

ညောင်ဦးမှာ စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသမီး ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ

" သေနတ်သမားအချို့က ဘယ်သူတွေဆိုတာတော့မသိသေးဘူး။ ဒေါ်ရီရီမြင့်နဲ့သူ့တူမ ခေါ်မှာပေါ့ နှစ်ယောက်ကို ပစ်သတ်သွားတာ။ သူတို့ကဆိုင်မှာပုံမှန်မရှိဘူး။ လာချင်မှလာတာ။ ဆိုင်ဝန်ထမ်းကတယောက်လောက်ဘဲရှိတာ "

လက်လွှတ်ခဲ့ရတဲ့ မတ္တရာကကျေးရွာ ၃ ရွာ ကို MDYPDF ပြန်လည်သိမ်းပိုက်

စစ်ကောင်စီတပ်ဖွဲ့တွေထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက် ဒီကနေ့မှာ MDYPDF ကသတင်းထုတ်ပြန်ပါတယ်။

ခန္တီးမှာ အမျိုးသား ၂၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရ

"သူတို့နိုင်မယ်ထင်တဲ့သူ ဖမ်းတာ။ နောက်ခံ ဘက်ဂရောင်းမရှိဘူး၊ လုပ်ငန်းလုပ်လာသူလို့ ထင်တဲ့ သူတွေကိုဖမ်းတာ။ နေ့တိုင်းကို ချတာ။ ဖမ်းတာက ကျန်တဲ့အကြောင်းမဟုတ်ဘူးနော်။ ခရိုင် DC ကိုယ်တိုင်ဖမ်းတာဆိုတော့ ဘယ်သူမှ အထွန့်မတက်ရဲဘူး။ စစ်မှုထမ်းဖို့ဖမ်းတာ။"

အုတ်တွင်းမြို့ထဲက ရုံးနေရာ ၄ ခု ဒရုန်းနဲ့ဗုံးချခံရပြီး ရဲ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ စျေးပိုင်းရပ်နဲ့ ပဲခူးတန်းရပ်ကွက်ရှိ ရုံးနေရာ ၄ ခု ဒရုန်းနဲ့ဗုံးချခံရပြီး ရဲ ၁ ဦးဒဏ်ရာရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးဆီက သိရပါတယ်။

မင်းတုန်းမြို့နယ်က ရွာသစ်ရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ် ၁၅၀ ကျော်ပျက်စီး

"ရွာကတော့ ၃ ပုံ ၂ ပုံလောက် မီးလောင်သွားတယ်ဆိုတော့ ၁၅၀ လောက်ကုန်သွားတယ်။ ရွာအနောက်ပိုင်းကနေ စရှို့တာ။ အဲ့ဘက်ခြမ်းက အိမ်ကြီးအိမ်ကောင်းတွေများတယ်။"

ရေတာရှည်မှာ တရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

"ပထမဆုံး ဖြစ်လိုက်တယ်။ သူတို့ပြန်ဆုတ်ပြီး နောက်ထပ်တက်လာတော့ နောက်တကျော့ ထပ်ဖြစ်တယ်။ သူတို့(စကစ)ဘက်ကတော့ လက်နက်ကြီးလှိုင်လှိုင်သုံးတယ်။ ပွိုင့်ဖိုက်ပါ ပါတယ်။ ကျနော်တို့ဘက်ကတော့ လက်နက်ငယ်အားကိုးပြီး တိုက်ရတာပဲ။ ကိုယ်ကနယ်ခံဆိုတော့လည်း ထွေထူး ပြသနာမရှိဘူး။"

တိုက်ပွဲအတွင်း စစ်တပ်ပစ်တဲ့လက်နက်ကြီး PDF စုရပ်ကိုကျရောက်ပေါက်ကွဲလို့ ၁ ဦးကျဆုံး ၅ ဦးဒဏ်ရာရ

" တပ်ချထားတဲ့အဖွဲ့ ဆေးရုံကနေထွက်လာလို့ ပစ်ခတ်မှုဖြစ်တာ နာရီဝက်လောက်ကြာတယ်။ ပစ်ခတ်မှုဖြစ်နေချိန် စကစဘက်ကပစ်တဲ့ ၆၀ မမက ရဲဘော်တွေစုရပ်နေရာကိုလာကျပြီး ထိကုန်တာ။"

ပုလဲမြို့လဝကရုံးက ထွက်ပြေးလာတဲ့ စစ်သား ၁ ဦးကို PDF တွေဖမ်းဆီးထိန်းသိမ်းထား

"ကျနော်တို့ စစ်ဆေးရေးဂိတ်မှာ သူကိုမသင်္ကာလို့ စစ်ဆေးရင်းသိရတာ။ သူ့ဖုန်းထဲမှာ သင်တန်းတက်ထားတဲ့ပုံ တွေ့တယ်။ သူ ရွာပြန်ဖို့ ပြန်လာတာ။"

ကနီပညာရေးတာဝန်ခံ တမိသားစုလုံးသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တလပြည့်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ဒီဇင်ဘာ ၂ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အပါအဝင် ရန်ကုန်၊ ပဲခူးတိုင်းတွေထဲက ပညာရေးဘုတ်အဖွဲ့ဝင်တွေနဲ့ ကျောင်းသား ကျောင်းသူတွေက မြေပြင်သပိတ်အပါအဝင် အွန်လိုင်းလှုပ်ရှားမှုတွေပါ ပြုလုပ်ခဲ့ကြတယ်လို့ BEGSC-CEC တဦးဖြစ်သူ ဆရာကျော်ရဲလွင်ကပြောပါတယ်။

သိုးကျောင်းသွားတဲ့ အမျိုးသား ၁ ဦး မိုင်းထိပြီး ဒဏ်ရာပြင်းထန်ရ

"ခြေထောက်က ဖြတ်ရမယ်မဖြတ်ရဘူးဆိုတော့ မသိရသေးဘူး။ ဖြတ်ရဖို့များတယ်။ ထိတဲ့ မိုင်းကတော့ နင်းမိုင်းလို့လည်း ပြောကြတယ်။ တိုက်မိုင်းလို့လည်း ပြောကြတယ်။ "

ရဲအုပ်တွေလိုက်လာတဲ့ကားနဲ့ အိမ်စီးကားတိုက်မိပြီး ရဲအုပ် ၁ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ

“အကုန်ရဲအုပ်တွေပဲ ဒုရဲအုပ်တောင်မပါဘူး။ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) မှာသင်တန်းတက်နေတဲ့ သူတွေလေ၊”

ဆင်ပေါင်ဝဲမှာ စျေးဝယ်ပြန်လာတဲ့အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

"ရွာအပြန်မှာ ပစ်သတ်ခံရတာ။ ခေါ်သွားပြီးတော့ ပစ်သတ်ပြီးမှ သူနဲ့လာတဲ့ သူတွေနဲ့အလောင်းကို ပြန်ထည့်ပေးလိုက်တယ်။ ကားပေါ်မှာက သူအပါ ၆ ဦးပါတာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10