Kyaw Gyi

ဖမ်းလာတဲ့လူငယ် ၂ ဦးကို စစ်တပ်ကသတ်ပြီး ဒရုန်းနဲ့ပါဗုံးကြဲလို့ PDF ၃ ဦးဒဏ်ရာရ

မေလ ၁၂ ရက်မှာ အုတ်ဖိုမြို့ဘက်ကနေ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စီတုံးကျေးရွာအရောက်မှာ ဖမ်းဆီးလာတဲ့ အသက် ၂၀ အရွယ်လူငယ် ၂ ဦးကို ပစ်သတ်ခဲ့ပြီး မေလ ၁၃ ရက်မနက် ၃ နာရီမှာ ထန်းတောရွာဘက်မှာ တော်လှန်ရေးရဲဘော်အချို့ရှိနေချိန် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ လူငယ်တွေကို နေအိမ်အထိ စစ်တပ်က ဖမ်းခေါ်နေ

မေ ၁၃ ရက် ညပိုင်းမှာ ဖြူးမြို့၊ မြို့မအနောက်ရပ်ကွက် အသက် ၃၀ အရွယ် ကိုပဲပြားကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၁ ဦးကို ထပ်မံသတ်ဖြတ်၊ ပဲခူးအနောက်ခြမ်းမှာ အသတ်ခံရသူ ၅ ဦးရှိလာ

"ခေါင်းမှာက ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေရှိသလို လျှာကလည်း အပြင်ကိုထွက်နေတာဆိုတော့ လည်ပင်းကို တခုခုနဲ့ရစ်ပတ်ပြီး သတ်ဖြတ်ထားတဲ့ပုံပဲ"လို့ ပေါင်းတလည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လယ်ယာလုပ်ငန်းခွင်ကနေပြန်လာတဲ့ တောင်သူအမျိုးသား ၁ ဦးနဲ့ ကျွဲ ၂ ကောင် မိုးကြိုးထိမှန်သေဆုံး

" နေပူရာကနေ မိုးကရုတ်တရက်ရွာချပြီး မိုးကြိုးတွေပါပစ်တာ။ တောင်သူတွေကလည်း သူတို့လယ်ကနေ လှည်းတွေနဲ့ရွာအပြန်မှာ မိုးကြိုးထိတာ"

အင်းတကော်၊ ဆယ်မိုင်ကုန်းမှာ မီနီထရပ်ကားက တွဲကားကိုဝင်တိုက်လို့ သားအဖ ၃ ဦးသေဆုံး

"အရှိန်များတော့ လမ်းလယ်ကျွန်းတောင်ကျော်ပြီး တွဲကားကို သွားတိုက်မိတာ။ ကားခေါင်းထဲမှာလည်း သူတို့သားအဖ ၃ ဦးပဲပါတာ"

သံတောင်ကြီးမှာ လေယာဥ်နဲ့ဗုံးကြဲလို့ ကလေး ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ

"တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ လေကြောင်းကနေ ဗုံးလာကြဲချသွားတာမျိုးပါ။ ကလေးတွေ ထိခိုက်သေဆုံးနဲ့ အိမ်ပျက်စီးတာရှိတယ်လို့တော့ သတင်းကြားရတယ်။ ရွာတွေကလှမ်းတော့ အသေးစိတ်တော့မသိရဘူး"

မလယ်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦးနဲ့ PDF ၁၀ ဦးသေဆုံးပြီး စစ်ရေအခြေအနေတင်းမာနေဆဲ

တိုက်ပွဲဖြစ်ချိန် ၆ နာရီကျော်အကြာမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ၁၀ ဦးသေဆုံးကာ စစ်ကောင်စီတပ်သားတွေကိုင်ဆောင်တဲ့ သေနတ် ၁၃ လက်အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြင်းခြံ၊ ဆုံရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ဒေသခံပြည်သူ ၃၄ ဦးသေဆုံး (ရုပ်/သံ)

ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အချိတ်အဆက်မိမိဖြင့် မြေပြင်၊ ဝေဟင်တွေကနေ ပျူစောထီး စခန်းတွေကို တိတိကျကျလေ့လာစုံစမ်းပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ အရပ်ဘက်ပစ်မှတ်တွေကို လွဲမှားပစ်ခတ်ခဲ့ တာမျိုး မရှိခဲ့ဘူးလို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။ ပျူစောထီးတွေအထိုင်ချရာ ဆုံရွာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်နေချိန်မှာ ဆင်မီးခုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးရှိသလို ဧရာဝတီမြစ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဆီမီးခုံရေတပ် စစ်သင်္ဘာကလည်း ပစ်ကူပေးတာတွေလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းမှာ ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် အမျိုးသား ၃ ဦးအသတ်ခံရ

"အုပ်ကြီးကိုလာရှာတာမတွေ့လို့ သူ့အိမ်မှာရှိတဲ့ အမျိုးသားတွေကို ခေါ်သွားတယ်။ နောက်တော့ ရွာထိပ်မှာ အလောင်းကို ပြန်တွေ့ရတာ"

မကွေးတိုင်းထဲက မြို့နယ်တွေမှာ mask တပ်ပြီး လွယ်အိတ်လွယ်မသွားလာဖို့ စစ်ကောင်စီအမိန့်ထုတ်

"တမြို့နဲ့တမြို့ အမိန့်ထုတ်တဲ့ရက်တော့ မတူဘူး။ ကျနော်တို့မြို့မှာတော့ ၁၀ ရက်နေ့က မြို့ထဲမှာ သုံးဘီးနဲ့လိုက်အော်တာ။ ခုလိုထုတ်ပြန်တာကလည်း သူတို့စာထဲပါတဲ့အတိုင်း PDF တွေဘက်က အဲလိုပုံစံတွေလုပ်ပြီး သူတို့လူတွေကိုရှင်းနေတော့ ခွဲခြားသိနိုင်အောင်လုပ်တာလို့ပဲ ထင်တယ်"

မတ္တရာက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ ဗိုလ်ကြီး ၁ ဦးအပါ ၁၂ ဦးနဲ့ PDF ၁ ဦးသေဆုံး

"အလစ်အငိုက်ဖမ်းခံရပြီး တိုက်ခိုက်ခံလိုက်ရတာလို့တော့ သိရတယ်။ သူတို့ဂိတ်က မနက်အစောပိုင်းဆို ကင်းသမားလောက်ပဲရှိပြီး ကျန်တာက ဘုန်းကြီးကျောင်းထဲမှာအိပ်တာများတယ်။ အဲ့ဒါကြောင့် အသေများတာ"

အုတ်တွင်းမှာ အမျိုးသား ၁ ဦး အပူဒဏ်ကြောင့်လဲကျသေဆုံး

" တဦးတည်းလမ်းလျှောက်လာရင်းကနေ မူးတယ်ဆိုပြီး လဲကျသွားတာ။ မျက်ဖြူစိုက်နေပြီး ဆေးရုံရောက်တော့ဆုံးသွားတယ်။ အပူဒဏ်များလို့ ဦးနှောက်သွေးကြောပြတ်တာလို့ ဆေးရုံကပြောတယ် "

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ရော်ဘာအစေးခြစ်နေတဲ့ အမျိုးသား ၁ ဦးသေဆုံး

"ဒီဘက်ဒေသမှာက ရော်ဘာအစေးခြစ်တာ မနက်အစောပိုင်းထခြစ်ရတယ်။ သူကလည်း ပုံမှန်အတိုင်းအလုပ်လုပ်နေချိန် စကစဘက်ကပစ်တဲ့လက်နက်ကြီးက သူ့နားကျပေါက်ကွဲတာ"

ငါးရှာပြန်လာတဲ့ ကလေး ၃ ဦးမိုင်းထိလို့ ဒဏ်ရာရ

"ရွာအရှေ့ဘက် တမိုင်လောက်မှာ မိုးနတ်သားအင်းဆိုတာရှိတယ်။ သူတို့က အဲဒီကနေ ငါးဖမ်းပြီး ဆိုင်ကယ်နဲ့ ပြန်အလာမှာ ဆိုင်ကယ်ဘီးက မိုင်းကိုတက်ကြိတ်မိလို့ မိုင်းထိတာ"

မလယ်ရွာတိုက်ပွဲ နှစ်ဖက်တပ်ဖွဲ့သေဆုံးမှုရှိ၊ အရပ်သား ၁ ဦးလည်းသေဆုံးကာ ၁၇ ဦးဒဏ်ရာရ

" ထိခိုက်သေဆုံးအခြေနေကတော့ စကစဘက်ကကော ကျနော်တို့ဘက်ကကောရှိတယ်။ ကြားထဲမှာက စကစဘက်က လေယာဥ်နဲ့ဗုံးကြဲလို့ ပြည်သူတွေထွက်ပြေးနေချိန် ဗုံးစမှန်ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10