အင်းတကော်မှာ မြေအက်ကွဲနိမ့်ဆင်းသွားလို့ နေအိမ်အဆောက်အဦ ၉ လုံးပျက်စီး
"ပက်ကြားအက်ပြီး မြေက နိမ့်ကျသွားတာ။ ၄ အိမ် ၅ အိမ်လောက်က မီးဖိုချောင်လေးတွေ ပါသွားတယ်။ အိမ်မ နည်းနည်းထိသွားတာ။ ကျန်အိမ်တွေက ပက်ကြားအက်သွားတယ်။ ဘာဖြစ်တာလဲတော့ မသိဘူး။ ကမ်းပါးဘက်ကို လန်ကျသွားတာ၊ ထွက်ကျသွားတာလည်းမရှိဘူး။ နိမ့်ဆင်းသွားတာ။"