Kyaw Gyi

ဘဏ်အခြေအနေတွေကြောင့် လုပ်ငန်းရှင်တချို့ ငွေသားတိုက်ရိုက်ပေးချေမှုစနစ်ကို အသုံးပြုနေရပြီး လုံခြုံရေးကိုစိုးရိမ်နေ

"ဒီလထဲမှာပဲ လုပ်ငန်းကလွှဲတဲ့ငွေသွားထုတ်တယ်။ ပထမ တရက် (ကျပ်သိန်း) ၅၀ လောက်ရသေးတယ်။ မနေ့ကထိ ၁၀ သိန်းပဲရတော့တယ်။ သိန်းဘယ်လောက်လွှဲလွှဲ သူတို့ပေးသလောက်ပဲ ရတော့တယ်။ ကိုယ့်ငွေတွေအကုန်ရဖို့က ဘဏ်ကိုနေ့တိုင်းသွားပြီးထုတ်နေရမယ့် အခြေနေရှိလာတယ်။ ဒါကြောင့်အခုဆို ငွေပိုက်ထားတယ်။ ပေးစရာရှိရင် ကိုယ်တိုင်သွားပေးလိုက်တယ်"

လေးအိမ်စုရွာကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေဆုံး

"နေ့ခင်းထမင်းစားချိန်ဆိုတော့ အလုပ်ကပြန်လာကြပြီး နေအိမ်မှာနားနေကြချိန် ဗုံးတွေက ကျလာတာ။ အိမ်တွေကလည်း ဖက်အိမ်တွေဆိုတော့ လူတွေလည်းထိခိုက်ကုန်တာ"

စစ်ကိုင်းရေကြီးမှု နေအိမ်တွေမြုပ်တဲ့အထိ ရေတိုးလာနေပြီး ရေဘေးသင့်သူ ထောင်ချီအထိ မြင့်တက်လာ

ယမန်နေ့က စစ်ကိုင်းမြို့ မြေအနိမ့်ပိုင်းနေရာ မြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာ ၂၀ ခန့်ကို ရေဝင်ရောက်နေတာကနေ ဒီကနေ့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေနီးပါးမြင့်တက်လာတာကြောင့် ရေကြီး၊ ရေလျှံမှုဖြစ်တဲ့ရပ်ကွက်တွေနဲ့ ကျေးရွာတွေတိုးလာသလို အနိမ့်ပိုင်းနေရာတွေမှာ နေအိမ်တွေပါနစ်မြုပ်လာတာ လို့ ဆိုပါတယ်။

ခန္တီးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးဆုံးရေကြီးမှုပြန်ကြုံနေရပြီး လူဦးရေသောင်းချီ ရေဘေးသင့်

ဇူလိုင်လ ၂ ရက်ကစတင်ကာ မြို့အနိမ့်ပိုင်းနေရာတွေကို ချင်းတွင်းမြစ်ရေဝင်ရောက်လာတာဖြစ်ပြီး ဇူလိုင် ၈ ရက်မှာ မြစ်ရေမြင့်တက်မှု အမြင့်ဆုံးအခြေအနေထိရောက်လာတာကြောင့် တမြို့လုံးနီးပါး ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၂၀ ခန့် မြစ်ရေဝင်ရောက်နေလို့ ဒေသခံရာနဲ့ချီ ပြောင်းရွှေ့နေရ

" အနိမ့်ပိုင်းနေရာတွေက အချို့နေရာက ခါးလယ်လောက်၊ အချို့နေရာ ခြေသလုံးမြုပ်လောက် ရေဝင်နေတာရှိတယ်။ မြစ်ရေက စိုးရိမ်ရေမှတ်တော့ မကျော်သေးဘူး။ ခုရေဝင်တဲ့နေရာတွေက နှစ်တိုင်းရေဝင်နေကျနေရာတွေပါပဲ။ မြစ်ရေ ဘယ်လောက်ထိထပ်တိုးမလဲဆိုတာက စောင့်ကြည်ရမယ့်အခြေအနေ"

တောင်ငူမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ အဖွားအို ၁ ဦးဒဏ်ရာရ

"သူ့မိသားစုလေးယောက်နဲ့အတူ ငှက်ပျောခြံကနေ ၇ မိုင်ရွာကနေအိမ်ကို လမ်းလျှောက်ပြန်လာတာ။ သူက အရှေ့ဆုံးက လမ်းလျှောက်တာဆိုတော့ လက်နက်ကြီးက သူ့အရှေ့လာကျတာ။ သူတယောက်ပဲ ထိသွားတာ"

ကျောက်တံခါးနဲ့ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးသေဆုံး

"စကစလက်နက်ကြီးက နေအိမ်ပေါ်ကျတော့ နေအိမ်ပေါ်ရှိနေတဲ့ မိသားစု ၆ ဦးထဲမှာ အဖေအမေသေပြီး ကလေးတွေက ဒဏ်ရာပြင်းဒဏ်ရာသွားတယ်။ အိမ်လည်းသုံးစားမရအောင်ပျက်စီးသွားတယ်"

မုံရွာမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကိုင် ၁ ဦးသေဆုံး၊ ဒေသခံ ၂ ဦးဒဏ်ရာရ

" အဲ့ဒီနားမှာ မနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်တာလို့တော့ သိရတယ်။ လမ်းသွားလမ်းလာတဲ့သူတွေ ထိခိုက်သလို စကစလိုက်ပစ်တဲ့ကားပေါ်ကသူတစ်ယောက်လည်းသေတယ်"

မတ္တရာနဲ့စဉ့်ကူးနယ်ထဲက ပြည်သူ့စစ်တွေ အမြန်ဆုံးလက်နက်ချဖို့ MDY PDF တိုက်တွန်း

ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးအနေနဲ့ နွေးထွေးစွာကြိုဆိုပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ရဖို့ ကူညီသွားမှာဖြစ်ကာ တပ်ဖွဲ့အနေနဲ့ နိုင်ငံတကာစစ်ဥပဒေတွေနဲ့ကျင့်ဝတ်တွေကို လေးစာလိုက်နာတဲ့တပ်ဖွဲ့ဖြစ်တာကို အလေးအနက် သိစေအပ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကန့်ဘလူနယ်က လမ်းပိုင်း ၃ ခုမှာ ကုန်ကားနဲ့ခရီးသည်တင်ကားတွေကို စစ်တပ်ကဖြတ်သန်းခွင့်ပိတ်ထားလို့ ဒေသခံတွေအခက်ကြုံ

"ဘာကြောင့်ပိတ်တယ်ဆိုတာတော့ မသိရဘူး။ ဆိုင်ကယ်တွေလောက်ပဲ သွားလာခွင့်ပေးတယ်။ အစစ်ဆေးများတယ်။ ကားတွေဆို ပေးမဖြတ်ဘူး။ လက်ရှိလည်း ကန့်ဘလူမြို့ပေါ်မှာ ဦးဝါသဝရဲ့ ပျူစောထီးအဖွဲ့တွေကလည်း အင်အားပြတာတွေရှိနေတော့ စစ်ရေးအခြေနေကြောင့်လို့ပဲထင်တယ်"

ပဲခူးမြို့ရှောင်လမ်းမှာ ကုန်တင်ကားနဲ့ စက်ရုံဖယ်ရီကားတိုက်မိပြီး ဝန်ထမ်း ၇ ဦးဒဏ်ရာရ

"မန္တလာမင်း(ကုန်တင်)ကားက မောင်းနေရင်းကနေ ရုတ်တရက်ရပ်ချလိုက်တော့ သူ့နောက်ကနေလိုက်မောင်းလာတဲ့ ဖယ်ရီကားက နောက်ကိုဝင်ဆောင့်မိတာ"

ကျွဲပွဲရဲစခန်းမှူး၊ နယ်ထိန်းတွေနဲ့ သတင်းပေးကိုဖြိုးက ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေ

"သစ်မှောင်ခိုသမား ကိုဖြိုးက ပစ္စတိုတလက်ကိုင်ထားပြီး သူနဲ့မတည့်တဲ့သူတွေကို ရဲနဲ့ပေါင်းဖမ်းခိုင်းတယ်။ ပြီးရင် ငွေညှစ်တယ်။ ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ဆိုပြီး စစ်တပ်တွေကို လိုက်ပို့တာတွေလုပ်နေတယ် "

ယခုနှစ် မိုးစပါးသွင်းအားစုစျေးနှုန်း ၂ ဆမြင့်တက်ပြီး တောင်သူတွေ အကြွေးဝန်ပိ

"မနှစ်ကထက် အကုန်တက်ပဲ။ ရိတ်သိမ်းချိန်မှာ စပါးက ဘယ်လောက်ထွက်မယ်မသိသေးဘူး။ ကုန်ကျစရိတ်တွေအတွက်က ရင်လေးနေရပြီ။ မလုပ်လို့ကလည်း မဖြစ်ဘူး။ ဒီအလုပ်လေးကပဲ ဝမ်းစာအတွက် မှီခိုနေရတယ်"

ရေစကြို၊ ကြူရွာစီးနင်းခံရပြီး LPDF ရဲဘော် ၄ ဦးကျဆုံး

“သူတို့ သတင်းရလို့ဝင်စီးတဲ့ပုံစံမျိုးနေမှာ။ ရဲဘော် ၄ ယောက်ကျတယ်၊ သေ နတ် ၂ လက်ပါသွားတယ်။ အဲ့လောက်ပဲ သိရသေးတယ်။ လျှပ်တပြတ်ဝင်စီးတာ။ ပြန်ခံပစ်တဲ့ရဲဘော်တွေက ကျသွားတဲ့ အနေအထားမျိုးပေါ့”

ရေတင်စက်ပိတ်ဖို့သွားတဲ့ကိုရင် ဓာတ်လိုက်ပြီးပျံလွန်

"ရေတင်စက် ကြိုးကပေါက်နေပြီး သွပ်ပြားနဲ့ထိနေတာ။ မိုးကလည်း ရွာထားချိန်ဆိုတော့ ရေတွေကလည်းရှိနေတာ။ ကိုရင်ကလည်း ကြိုးပေါက်နေတာကိုမသိဘဲ သွပ်ပြားပေါ် သွားရပ်မိတာကနေ ဓာတ်လိုက်သွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10