Kyaw Gyi

သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ စခန်းမှူးအပါ ရဲ ၂ ဦးဒဏ်ရာရ

"မိုင်းဆွဲခံရတယ်လို့တော့ သိရတယ်။ ၂ ယောက်ထိတယ်။ နယ်ထိန်း ၁ ယောက်နဲ့ စခန်းမှူးက နည်းနည်းထိတယ်။ စခန်းမှူးကတော့ အသစ်ရောက်တာ မကြာသေးဘူး။"

ရဲ ၁ ဦး အရက်ဆိုင်အိမ်သာထဲမှာ ပစ်ခံရပြီးသေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ မြို့လယ်အရက်ဆိုင်အိမ်သာထဲမှာ ရဲ ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ယာဉ်စစ်ဆေးဖမ်းဆီးဖို့လာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ အမျိုးသမီးယာဥ်ထိန်းရဲ ၁ ဦး ဒဏ်ရာပြင်းထန်

"ဆိုင်ကယ်ဖမ်းမလို့ ထွက်လာတာ။ ဆပလိုင်းချက်(ရှောင်တခင်စစ်ဆေးဖမ်းဆီးခြင်း) ထွက်လာတာ။ သူတို့ရောက်ပြီးသိပ်မကြာဘူး။ ‘အုန်း’ဆို ထကွဲတာ။ တလုံးတည်းကွဲတာ။ လက်ပံပင်ကြီးအောက်က ကွဲတာ"

အမြန်လမ်းပေါ်မှာ လူ ၂၀ ကျော်လိုက်ပါလာတဲ့ ခရီးသည်တင်ကားမှောက်ပြီး ၅ ဦးဒဏ်ရာရ

"ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ။ ဘယ်ဘက်ခြမ်း နောက်ဘီးပေါက်သွားတာပါ။ ဒဏ်ရာစိုးရိမ်ရတဲ့သူတွေတော့ မရှိပါဘူး"

၃ နှစ်ကျော်ကာလအတွင်း တောကျီးကန်း ၇ ကောင်တပ်ရင်းက ရဲဘော် ၂ ဦး ပထမဆုံးအကြိမ်ကျဆုံး (ရုပ်/သံ)

စက်တင်ဘာ ၂၇ ရက် ည ၁၁ နာရီခန့်မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ချိန်မှာ တိုက်ပွဲချိန် ၂ နာရီကျော်ကြာမြင့်ခဲ့ပြီးနောက် တပ်ရင်းအတွက်အားကိုးရတဲ့ အသက် ၃၁ နှစ်အရွယ် ရဲဘော်အရှည်ကြီးနဲ့ အသက် ၂၅ နှစ်အရွယ် ရဲဘော် ရဲမာန် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မုန်းမှာ အုပ်ချုပ်ရေးမှူးရဲ့မိသားစုဝင်အပါ ၃ ဦး မိုင်းထိ

"ပဲအကွက်သွားတိုင်းဖို့ သူတို့မောင်နှမတွေက ဆိုင်ကယ်နဲ့သွားတာ။ ထိတဲ့နေရာက မူလတန်းကျောင်း နောက်ကျောလှည်းလမ်းမှာ။ ဆိုင်ကယ်မောင်းသွားရင်းထိတာ။ သူ့အကိုက ၁စီး။ သူ့ညီမက ၁စီး။ သူ့ညီမမောင်းတဲ့ ဆိုင်ကယ်နားမှာမိုင်းထိတာ"

အလုပ်ကိစ္စသွားတဲ့ PDF တွေ ရေတာရှည်နယ်ထဲမှာ ၂ ဦးပစ်သတ်ခံရပြီး ၃ ဦးအဖမ်းခံရ  ■ လက်နက်၊ခဲယမ်းတွေပါ ဆုံးရှုံး

"ကနဦးနေ့ကတော့ ဘီးပေါက်လို့ပြင်နေတဲ့ရဲဘော်တွေကို စကစဘက်က ဖမ်းသွားတယ်။ ကျန်ရဲဘော်တွေနေတဲ့နေရာက သက်ကယ်ကောက်တဲ့မိန်းမတယောက်ကတွေ့ပြီး ဇရစ်စမ်း(ရွာ)အုပ်ကြီးကို အကြောင်းကြား။ အဲ့ကနေ စကစကသိပြီး လာပစ်ဖမ်းတာ။"

သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ

"သန်းခေါင်စာရင်းကောက်ဖို့ အတန်းလိုက်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က မိုင်းဆွဲခဲ့တာ။ ကျနော်တို့ဘက်က မိုင်းပဲဆွဲလိုက်တာ။ သူတို့ဘက်က အထိနာသွားတော့ ဒီကောင်တွေ ဂန်းတွေနဲ့မတရားဖောက်ပြီး ပွိုင့်ဆွဲတဲ့ကလေးတွေကို လိုက်ပစ်တာရှိတယ်။ "

ဦးဝါသဝခေါင်းဆောင်တဲ့ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက သေနတ် ၁၃၀ ကျော်နဲ့ စစ်ဝတ်စုံတွေထပ်မံထောက်ပံ့

"အရင်တုန်းက ၁၈ ကနေ ၃၅ ခေါ်ထားတဲ့ မဲပေါက်တဲ့သူတွေ ၃၅ ကနေ ၆၀ မဲပေါက်သူတွေ သင်တန်းဆင်းတာ။ အင်အား ၂၀၀ လောက်သင်တန်းဆင်းတယ်။ သူတို့ကတော့ ပြည်သူ့စစ်လို့ ခေါ်တာပေါ့။ သင်တန်းဆင်းတွေကို ထောက်ပံ့ပေးတာလို့တော့ သိရတယ်။”

ပွင့်ဖြူက ဒေသခံတွေကို ပျူစောထီးတွေက အသွားအလာကန့်သတ်၊ ဖုန်းတွေသိမ်းပြီး လုပ်အားပေးခိုင်း

"ရွာခံတွေကတော့ သွားလာဖို့၊ တယောက်နဲ့တယောက်ချိတ်ဆက်ဖို့ ခက်ကုန်တယ်။ လက်လုပ်လက်စားတွေ ကတော့ အများကြီးခက်ခဲပေါ့။ အစားအသောက်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ကုန်တာပေါ့။ ရွာက အများစုက တောင်သူလုပ်ကြတယ်။ ရွာထဲမှာတော့ အလုပ်လုပ်လို့ရတယ်။ ရွာပြင်ကျ ထွက်လို့မရဘူး။ လုံးဝမသွားရဘူး"

စစ်တပ်လက်နက်ကြီးအစထိလို့ နေအိမ်ထဲဖုန်းသုံးနေတဲ့ ဆယ်ကျော်သက်လူငယ် သေဆုံး ■လူငယ်ရဲ့နာရေးကို စစ်တပ်က  ဒရုန်းနဲ့ဗုံးထပ်ချ

" နာရေးကို ဒရုန်းနဲ့ကြဲတာ။ ဒါပေမယ့် ကျနော်တို့ဘက်က နာရေးကိုစောလုပ်လိုက်တော့ ဘုန်းကြီးကော ရွာသားတွေကော လွတ်သွားတယ်။ စည်ပိုင်းရွာမှာပဲ နာရေးပြန်လုပ်တာ၊ ၂ နာရီလောက်မှာ ဒရုန်းနဲ့ကြဲတာ၊ စည်ပိုင်းက စစ်တောင်းမြစ်ကမ်းဘေးဆိုတော့ စကစကဒရုန်းနဲ့ ရှိသမျှရွာတွေကို တလုံးတလုံးကြဲတာ"

တောင်ငူမှာ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးဥက္ကဌလင်မယားနဲ့ ရာအိမ်မှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

" သူတို့ ၃ ယောက်က ပြည်သူ့စစ်ထဲလည်းပါတယ်လို့ သိရတယ်။ ၃ ယောက်သတ်ခံရတာတော့ သေချာတယ်။ ကျန်အသေးစိတ်ကတော့ သေချာမသိရဘူး။"

ရန်ကုန်-ပြည်လမ်းမှာ ခရီးသည်တင်ယာဥ် ၁ စီး လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၄ ဦးဒဏ်ရာရ

"ကားပေါ်ပါခရီးသည်တွေ ပြောပုံအရ ရွာထဲဝင်တဲ့လမ်းပေါက်ကနေ ထွက်လာတဲ့လိုက်ထရပ်ယာဥ်ကို ရှောင်လိုက်ရာကနေ လမ်းဘေးသစ်ပင်ဝင်တိုက်တာလို့ သိရတယ်။ အရှိန်သိပ်မပါလို့ ထိခိုက်နည်းတာ။"

ပွင့်ဖြူမှာ တောထဲထင်းခုတ်သွားတဲ့အမျိုးသမီး မိုင်းထပ်ထိ ■ ၃ ရက်အတွင်း ပွင့်ဖြူနယ်ခံအမျိုးသမီး ၂ ဦး မိုင်းထိပြီးဒဏ်ရာရခဲ့

" ကန့်သတ်ထားတဲ့နယ်မြေကို သူကထင်းခွေလာတာ။ သူက ထင်းချောင်းကိုခုတ်ပြီး လွှင့်ပစ်လိုက်တာမှာ မိုင်းပေါ်ကျပြီး ပေါက်သွားတာ။ နည်းနည်းဝေးလို့ အစမှန်သွားတယ်။ နီးရင်တော့ ခြေ၊လက် ပြတ်လောက်တယ်။

ဒရုန်းဗုံးသီး PDF တွေဆီမကျဘဲ ပြန်ပါသွားလို့ စစ်အုပ်စုဘက်က ၆ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ

"သူတို့က ဒီဘက်ကို ဒရော့ဗုံး(Drop Bomb) ချနေတာ ၅ စီးနဲ့။ ကိုယ့်ဘက်က ဂျန်ပါဂန်း(Jammer Gun)နဲ့ပစ်တော့ ဗုံးသီးကပြန်ပါသွားတာ။ သူတို့ခေါင်းပေါ်ရောက်မှာ ဗုံးသီးက ပြန်ပြုတ်ကျတာ။ သူတို့ ဗုံးသီးနဲ့သူတို့ပြန်ထိတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10