ပြည်ခရိုင်ရှိ မြို့နယ် ၂ ခုမှာ အမျိုးသား ၁၁ ဦးကို စစ်ကောင်စီဖမ်းဆီးထား
ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နဲ့ ပြည်မြို့နယ်အတွင်းမှာ အမျိုးသား ၁၁ ဦးအထိ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နဲ့ ပြည်မြို့နယ်အတွင်းမှာ အမျိုးသား ၁၁ ဦးအထိ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာ ၉ ရက် ၁ ရက်အတွင်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
"ဒီမှာက ပြည်သူက ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။ အဖွဲ့အစည်းတွေကဖွဲ့ထားပေမယ့် မြေပြင်မှာမရှိတော့ ခက်ခဲတယ်။ အခု မိုးကလည်းရွာထားတာ မကြာသေးဘူး။ မိုးကလည်း ဖွဲဖွဲရှိနေတော့ ပြည်သူတွေမှာအကူအညီလိုအပ်နေတယ်။ နေဖို့ထိုင်ဖို့စားနပ်ရိက္ခာ၊ ဆေးဝါးတို့လို အခက်အခဲရှိနေတယ်။ "
" ခုက ရာသီဥတုကလည်းအေးနေပြီဆိုတော့ အဓိကလိုတာကတော့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အနွေးထည်တို့၊ ဆေးတို့၊ စားရေးသောက်ရေးလိုတယ်။ နောက်ပြီးတော့ ကျန်းမာရေး၊ နေမကောင်းတဲ့သူတွေပါတော့ ဆေးရုံဆေးခန်းပြရတာတွေလည်း ရှိတယ်။"
"ဟိုင်းဝေးလမ်း(အမြန်လမ်း)ဘေး တံတားနားမှာတယောက်က ကျင်စက်ထိုး(ဘက်ထရီရှော့တိုက်ငါးဖမ်း) နေတာ။ နောက်ကောင်လေးက မိုးရွာထားတော့ လယ်စောင့်ရင်းကနေ တဲလေးပေါ်မှာ အိပ်နေတာ။ အဲဒါကိုဝင်ခေါ်သွားတယ်။ လာဦးလို့ခေါ်ပြီး လက်ထိပ်ခတ်ခေါ်သွားတယ်။"
"ထိတွေ့တိုက်ပွဲက အိုးဘိုနဲ့ချီပါ ၂ ခါပဲထိတွေ့ဖြစ်တာ။ ဒရုန်းနဲ့တိုက်ခိုက်တာက နေ့ရောညရော ၂၄ နာရီပဲ။ ချီပါထဲမှာ သူတို့ရှိနေချိန်က ၂၄ နာရီပဲ ချတာ။ ချီပါပတ်ပတ်လည်ကို ဝိုင်းထားပြီး ဒရုန်းတွေနဲ့ ချနေတော့ သူတို့မထွက်နိုင်ဖြစ်ခဲ့တာ။"
" နယ်မြေခံအဖွဲ့တွေရှိလို့တော့ မဟုတ်ဘူး။ ရွာကို မီးရှို့ချင်လို့ကိုလာတာ။ အဲဒီရွာတွေကို ငြိုးနေတာကြာပြီ။ PDF တွေကိုထောက်ပံ့တယ် ဘာဖြစ်တာညာဖြစ်တယ်ဆိုပြီး ငြိုးနေတာ။ အဲလိုတော့ကြားထားတယ်။"
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာကို ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးဗုံးသီးတွေ ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၄ ဦးဒဏ်ရာရခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
"အကုန်လုံးကို ပြည်သူ့စစ် (ပျူစောထီး)တာဝန် ထမ်းဆောင်ခိုင်းတော့မှာဆိုတော့ တယောက်မှပြန်လွတ်လာသူ မရှိဘူး။ ပြည်သူ့စစ်လုပ်ခိုင်းမှာကိုတော့ ၈၀ ရာခိုင်နှုန်းလောက်ထိ အတည်ပြုနိုင်တယ်။ စစခေါ် ကတည်းကိုက သူတို့ဘက်ကနယ်မြေမှန်သမျှ ပြည်သူ့စစ်လုပ်ဖို့ဖမ်းခေါ်တာ။"
စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေး-မုံရွာလမ်းမပေါ်မှာ မန္တလေး-မြစ်ကြီးနားသွားခရီးသည်တင်ကား ၁ စီးတိမ်းမှောက်ပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ပိုက်ဆံလိုက်ကောက်ရင်း လမ်းတွေထဲမှာအော်ဟစ်ပြီးတော့ သတ်ရဲတဲ့ကောင် သူ့ဆီတိုက်ရိုက်လာခဲ့၊ ဘယ်ပထွေးသွားတိုင်တိုင် **ဂရုမစိုက်ဘူးဆိုပြီးတော့ သူပိုကြမ်းပြမယ်ဆိုပြီး အော်သွားတယ်။ လှဝင်းနဲ့အတူတူ စိန်ခေါ်တာတွေရှိလာတယ်။"
"ကိုမျိုးဇော်ဦးအိမ် ဝင်ဖမ်းတာမှာ နောက်ဖေးကနေဝင်ပြီးဖမ်းတာ။ ‘ဟိတ်ကောင် နှမ* မင်းလက်ထဲ ဘာမှမယူခဲ့နဲ့ မင်းဆင်းခဲ့’ လို့ ဆဲပြီး လက်မြှောက်ဆင်းခိုင်းတာ။ "
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေပန်းတောကျေးရွာနဲ့ ကျောက်မဲကျေးရွာသွားလမ်းပေါ်မှာ စျေးဝယ်ကားနဲ့ ပြန်လာတဲ့ အမျိုးသား ၂ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
"ဘူကြီးရွာထဲကို ကားတွေနဲ့ဝင်လာပြီး ကျေးရွာမှာကျန်ရစ်ခဲ့တဲ့ပြည်သူတွေရယ် အနီးအနားက ပြည်သူတွေကို ခေါ်ပြီးတော့မှအစည်းအဝေးလုပ်တယ်။စစ်မှုထမ်းဖို့ခေါ်သွားတယ်လို့ သိရတယ်။ အကြမ်းနည်းနဲ့လည်းဖြစ်နိုင်တယ်။ အနုနည်းနဲ့လည်းဖြစ်နိုင်တယ်။ အဲ့ကနေပြီးတော့မှ ကာဘိုးတိုက်နယ်ထဲက ရွာတွေမှာလည်းခေါ်သွားတယ်"
" သင်တန်းဆင်းထားတဲ့ ၂ ယောက်ကို မင်းတုန်းက ၄ ယောက်က လာခေါ်တာ။ သင်တန်းဆင်း ၂ ယောက်ကိုတော့ မိထားပြီးသား။ အဲ့(လာခေါ်တဲ့)၄ ယောက်နဲ့ အကြိတ်အနယ်ဖြစ်ကြတာ။ ဟိုဘက် (PDF)က လက်နက်မပါဘူး။ လက်ပစ်ဗုံးနဲ့ပစ်ကြတာ"