တိုက်ပွဲကြားက ပြာကျသွားတဲ့ မြို့ငယ်လေး (ရုပ်သံဆောင်းပါး)
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းမြောက်ဘက်က ဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ ဖြစ်လာတဲ့အခါမှာတော့ ဒီလိုလမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ ထီးချိုင့်မြို့လေးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် စစ်ရေးအရ ဗျူဟာကျတဲ့ မြို့လေးဖြစ်လာပြီး တိုက်ပွဲတွေကြားမှာ ပြာပုံဘဝကို ရောက်သွားရပါတော့တယ်။