သတင်း

နွားထိုးကြီးမှာ ပေါင် ၅၀၀ ဗုံးကြဲခံရလို့ ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ် ၁၈ လုံး ပျက်စီး

"ဗုံးက ၁ လုံးတည်း။ ကျနော်တို့သိရတာက ပေါင် ၅၀၀ လို့သိရတယ်။ ရွာလယ်ကောင်မှာ နတ်စင်ရှိတယ်။ နတ်စင်ရဲ့အရှေ့မြောက်ဘက် အိမ်တွေနားကိုကျတာ။"

စေတုတ္တရာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ကလေး ၂ ဦးအပါ ၇ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

‌သေဆုံးသူတွေဟာ အသက် ၄၀ အရွယ် ကိုဟန်ဌေး၊ မဌေးဌေး၊ မစန်းညွန့်၊ အသက် ၃၀ အရွယ် မလွမ်းမူ၊ အသက် ၂၀ ကျော် မယမုံဦး၊ ၃ နှစ် နဲ့ ၁၀ နှစ်အရွယ်ယောက်ျားလေး ၂ ဦး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အင်အား ရာကျော်ပါစစ်ကောင်စီစစ်ကြောင်းနဲ့ပစ်ခတ်မှုဖြစ်ပြီး ၂ ဖက်သေဆုံးမှုရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ စီးနဲ့ ခြေလျင်အင်အား ၁၀၀ ကျော်ကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Chin Defence Force-Asho ဆီက သိရပါတယ်။ BH

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနီးကပ်တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းရှိ လက်ပန်ချောင်းရွာအထိုင်စခန်းက‌နေ ထွက်လာပြီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီလက်‌အောက်ခံ ၈ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်က ဒရုန်းနဲ့ ဗုံးကြဲချပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT ဆီက သိရပါတယ်။

အကျဉ်းသူတွေကိုအဓမ္မပြုကျင့်မှုနဲ့ တာဝန်ရပ်နားခံထားရတဲ့ ကန့်ဘလူပအဖတာဝန်ခံ ထွက်ပြေးလွတ်မြောက်နေ

“ အောင်ဇေယျလည်း ပါသွားတယ်။ အကျယ်ချုပ်ပုံစံမျိုး ဒီတိုင်းပဲလွှတ်ထားတာ။ ခုကျတော့အပေါ်ကနေ ဖမ်းမိန့်ကျလာတယ်။ ကျလာတော့ လိုက်သွားတာ ဟိုကျတော့ ၂ ယောက်လုံး မရှိတော့ဘူး၊ အခုထိ မမိသေးဘူး။ ကျနော်ထင်တာတော့ အပေါ်ကဖမ်းမိန့်ကျတယ်ဆိုထဲက ကြိုတင်ရှောင်ဖြစ်သွားတာထင်တာပဲ။ ဒီလောက်မြန်မြန်ရှောင်နိုင်တာက။”

စစ်ကိုင်းမှာ အမျိုးသားတဦး နေအိမ်မှာ ပစ်သတ်ခံရ

"ဆိုင်ကယ် ၂ စီး လူ ၄ ယောက်ဝင်လာပြီးတော့ နာမည်တောင်မခေါ်ဘူး။ သူ့ကိုလူတွေ အများကြီးကြားထဲက ကျောက်သမားတွေဆိုတော့ ကျောက်စီတာ ကျောက်ဖြန့်တာ လုပ်နေတဲ့ကြားက သူကထမင်းစားနေတာ။ သူ့ကိုရွေးပစ်သွားတာ။"

ပြည်အကျဉ်းထောင်မှာ နိုင်ကျဉ်းတချို့ ရိုက်နှက်ခံရပြီးနောက် သေနတ်ပစ်ခတ်ခြောက်လှန့်

“နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေနဲ့ ပြဿနာဖြစ်တာပေါ့နော်၊ ထောင်ဝန်ထမ်းက (နိုင်ငံရေးအကျဥ်းသားကို) ခုံနဲ့ခေါင်းကို ရိုက်ခွဲတယ်လို့လည်း ကြားတယ်။”

ရဲစခန်းကနေ ကွမ်းယာထွက်ဝယ်တဲ့ နယ်ထိန်းရဲ ပစ်သတ်ခံရ

"မနက်ဆို သူက တကြိမ်နှစ်ကြိမ်လောက် အပြင်ပုံမှန်ထွက်လေ့ရှိတယ်။ အဲ့ဆိုင်ကလည်း သူထိုင်နေကျ ဆိုင်ဆိုတာ ကျနော်တို့သိထားတယ်။ မနက်စောဆို သွားလာတာရှိတယ်။ ကွမ်းထုတ်တယ်ပေါ့။ မကြာပါဘူး။ အဲ့မှာ လေးငါးမိနစ်နေ ပြန်ပေါ့။ အရပ်ဝတ်နဲ့ရှိနေချိန် ကျည် ၆ တောင့်ပစ်ခဲ့တာ"

ကန့်ဘလူတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ဦးထက်မနည်းသေဆုံး

အဲ့ဒီနေ့တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ အတည်ပြုထားနိုင်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကရတဲ့ ပစ္စည်းတွေနဲ့ မီးရှို့ခံရတဲ့ရွာကို မီးရအောင် ပြန်လုပ်ပေး(ရုပ်/သံ)

ဆီးမီးခုံ(ဆမိတ်ခုံ)မြို့ လျှပ်စစ်ဓါတ်အားပေးစက်ရုံက Cable ကြိုးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သွားယူလာပြီး မြင်းခြံမြို့ထဲက မီးရှို့ခံရတဲ့ရွာတရွာကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ Myingyan Black Tiger ( MBT) အဖွဲ့ခေါင်းဆောင်ဆီက သိရပါတယ်။

ဝေါမှာ ကင်းစောင့်နေတဲ့ လက်နက်ကိုင်ပျူစောထီး ၁ ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး

"ကင်းနောက်မှာတော့ အင်အား ၅၀ ကျော်လောက်ရှိမယ်။ ကာကင်းထုတ်ထားတဲ့သဘော။ ကင်းမှာက ၂ ယောက်ပဲ ရှိနေတာ။"

မင်းလှမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ပစ်သတ်ခံရ

"ပျူစောထီးကတုံးကို သွားရှင်းတော့ အိမ်မှာတင်တွေ့လို့ တခါတည်းရှင်းနိုင်တယ်။ အုပ်ကြီးဝင်းလှိုင်က အိမ်မှာမရှိဘဲ သူ့တအိမ်ကျော်က မင်္ဂလာဆောင်ရောက်နေတာ။ သူ့သမီးကို သွားခေါ်ခိုင်းရတယ်။ သူက ကျနော်တို့ရဲဘော်တွေကို PDF မှန်းမသိဘူး။ သူမင်္ဂလာဆောင်အိမ်ကအထွက် သူ့အိမ်မရောက်ခင် ကြားထဲက အိမ်ရှေ့မှာရှင်းလိုက်တာ။"

တိုက်ပွဲပြင်းထန်ခဲ့တဲ့ မင်းတုန်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးသူများပြားဟုဆို

"ဒရုန်း ၃ စီးနဲ့ ၆၀ မမဗုံးသီးတွေချပြီး တိုက်ခိုက်တယ်။ ၃ နာရီလောက်မှာမြေပြင်ကနေပြီးတော့ တချိန်တည်း လူအားနဲ့ထိုးစစ်ဆင်တယ်။ ကျောင်းထဲကို။ တိုက်ပွဲအချိန်ကတော့ ၂ နာရီလောက် ကြာတယ်။ အပြန်အလှန် ပစ်ခတ်မှုအပြင်းအထန် ဖြစ်တယ်။ သူတို့(စကစ)ဘက်ကလည်း ကျောင်း အုတ်ကာ ၂ ထပ်အဆောက်အဦကနေ သေချာနေရာယူပြီး ပြန်လည်ခုခံတယ်။ သူတို့မှာ စနိုက်ပါလည်း ပါတယ်။"

⁨ပွင့်ဖြူ၊ ရေပုတ်ကလေးရွာက အမျိုးသား ၁၂ ဦး ကို စစ်ကောင်စီတပ်ဖမ်းဆီးပြီး ၆ ဦးကို သတ်ဖြတ်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာခံအမျိုးသား ၁၂ ဦး ဖမ်းဆီးခံရပြီးနောက် ၆ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကလေးမှာ ဆေးရုံနဲ့ကျန်းမာရေးစင်တာ ၃ ခု လေကြောင်းတိုက်ခံရပြီး ၃ ဦးသေ

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ကလေးမြို့နယ်တောင်ပိုင်းက People's Healthcare Network (Kalay) - PHN (Kalay) ဆေးရုံ ၂ ခုနဲ့ ကျန်းမာရေးစင်တာ ၁ ခု ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရရာ အရပ်သား ၃ ဦး သေဆုံးတယ်လို့ PHN (Kalay) က သတင်းထုတ်ပြန်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10