ကျောက်တံခါး၊ နံဇကျေးရွာက နေအိမ် ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
"စကစ ဘက်က သာလွန်အင်အားနဲ့ နံဇရွာကိုရောက်လာပြီး နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့တာ။ လက်ရှိအထိ ရွာထဲမှာ တပ်စွဲထားတယ်လို့ သိရတယ်။ စကစ အဖွဲ့တွေဝင်လာတော့ ရွာသားတွေကတော့ ထွက်ပြေးရတာပေါ့" ဒေသခံတဦးက ပြောပါတယ်။