သတင်းတို

ကျည်ဖိုးနဲ့ ရိက္ခာအတွက် စိုက်ထားတဲ့ ၁၆ ဧကရှိ နှမ်းခင်းတွေကို ရိတ်သိမ်း (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် ဗစ်တာ ပြောက်ကျားတပ်ဖွဲ့က ကျည်ဖိုးနဲ့ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကို ရိတ်သိမ်းပြီး ပြန်လည်ရောင်းချမယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၁ ဦးအပါ ၈ ဦးဒဏ်ရာရ

“တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့သပ်သပ် ဆီဆုံကုန်းရွာကို ဒရုန်းနဲ့ဝဲပြီး လက်နက်ကြီးနဲ့ပစ်တာပါ။ အဲ့လိုပစ်နေလို့ ထွက်ပြေးတိမ်းရှောင်ရင်း လမ်းမှာပဲကျည်စထိသေဆုံးတာနဲ့ ဒဏ်ရာရကုန်ကြတာ။”

အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး စစ်မှုထမ်းအဓမ္မလူစုပေးနေတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

“ အုပ်ကြီးရယ် အခြားသူတွေရယ် ၄ ယောက်စုပြီးစကားပြောနေတုန်းမှာ သူ့ကိုရွေးပြီးပစ်ခဲ့တာ။ ဒီကောင်က အုပ်ကြီးကို ကြိုးကိုင်နေတာ။ ခေါင်းကို ၂ ချက်ပစ်ခဲ့တယ်။ သူ့ဆီက လက်ကိုင်ဖုန်း ၁ လုံးတော့ သိမ်းခဲ့တယ်"

စစ်ရှောင်စခန်းက အမျိုးသမီးငယ်တွေအတွက် လိင်ပိုင်းဆိုင်ရာအသိပညာပေးဟောပြော

“အကျိုးအမြတ်အနေနဲ့ကတော့ ခုလိုဟောပြောပွဲတက်ရောက်လိုက်တဲ့ အမျိုးသမီးငယ်တွေအနေနဲ့ သူတို့ တကိုယ်ရည်သန့်ရှင်းရေး ဘယ်လိုလုပ်ရမယ်၊ သူတို့ကိုယ်သူတို့ ဘယ်လို ကာကွယ်ရမယ် ဆိုတာတော့ သူတို့ရသွားမယ့် အကျိုးအမြတ်ပါပဲ။”

ပေါက်မြို့နယ်က စစ်ရှောင်တွေအတွက် NUG က စားနပ်ရိက္ခာနဲ့ ခြုံစောင်တွေ ထောက်ပံ့

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ခံရပြီး ကာလရှည်နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်လူဦးရေ ၇၆၀ ကျော်အတွက် စားစရာရိက္ခာဆန်နဲ့ ခြုံစောင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ထီးလင်းနယ်ရှိ စစ်ရှောင် ၇,၀၀၀ ခန့် ဆောင်းတွင်းကာလတွင် အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်နေ (ရုပ်/သံ)

"အရေးအကြီးဆုံးကတော့ စားဝတ်နေရေးပ(ပေါ့)။ စားဖို့ဆန်တောင် ရှားလာကြပြီ။ အရင်နှစ်တွေနဲ့ မတူတာက မိုးကလည်း ခေါင်တယ်၊ မုန်တိုင်းကလဲဝင်လိုက်သေးတာဆိုတော့ စပါး ၁ တင်းပျိုးတာကို ၁ တင်းတောင်ပြန် မရတဲ့လူတွေလည်းများတယ်။ စစ်ကြောင်းကလည်း ခဏခဏထိုးတော့ လယ်ဖြောင့်ဖြောင့် မလုပ်နိုင်ကြဘူးလေ"

တောင်ခင်ရန်းမှာ စစ်အုပ်စုပစ်တဲ့လက်နက်ကြီးထိမှန်ပြီးနောက် သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာမှာ စစ်ကောင်စီစစ်ကြောင်းက ပစ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီးနောက် သက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ယောဒေသမှာ ဗုံးခိုကျင်းတွေ တူးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကို ကာကွယ်နိုင်ဖို့ ဒေသခံပြည်သူ‌တွေအနေနဲ့ ဗုံးခိုကျင်းတူးကြရန် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေကြတယ်လို့ သိရပါတယ်။

ထီးလင်းနယ်ရှိ စစ်ရှောင် ၇,၀၀၀ ခန့် ဆောင်းတွင်းကာလတွင် အစားအသောက်နဲ့ အနွေးထည်တွေ လိုအပ်နေ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူဦးရေ ၇၀၀၀ အထိဖြစ်လာပြီး ၂ နှစ်ကျော် လာတဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေကြရာ အခုဆောင်းတွင်းကာလမှာ အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ရဲအုပ်တွေလိုက်လာတဲ့ကားနဲ့ အိမ်စီးကားတိုက်မိပြီး ရဲအုပ် ၁ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ

“အကုန်ရဲအုပ်တွေပဲ ဒုရဲအုပ်တောင်မပါဘူး။ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) မှာသင်တန်းတက်နေတဲ့ သူတွေလေ၊”

မဲဇလီကြိုးတံတားထိပ် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦးသေပြီး သေနတ် ၁ လက်ရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မဲဇလီကြိုးတံတားထိပ်က စစ်ကောင်စီဂိတ်ကိုနိုဝင်ဘာ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column ဆီက သိရပါတယ်။

ကလေးဝမှာ စစ်တပ်ကဒရုန်းနဲ့ပစ်ခတ်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ပန်းချီစုရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက ကျေးရွာတွေဘက်ကို ဒရုန်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ထီးလင်းမှာတာဝန်ကျတဲ့ ဗိုလ်ကြီး ၆ ဦးထဲက ၃ ဦးသေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက ၂၀၂၁ ကနေ ယခုနှစ်ထိ ၃ ပွင့်အဆင့်ရှိ ဗိုလ်ကြီး ၆ ဦးကို တာဝန်ချထားပေးခဲ့ပြီး သူတို့ထဲက ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိထားတယ်လို့ မြေပြင်ကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဖခင်ကိုသတ်တဲ့ PDF ကိုလက်စားချေမယ်ဆိုတဲ့ ပျူစောထီးညီအကို ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရ

“မျိုးကိုကိုကို သေနတ်နဲ့ ၃ ချက်၊ ထက်ကိုကိုကို သေနတ်နဲ့ ၁ ချက်ပစ်ခတ်တာပါ။ ၂ ဦးစလုံးနေရာမှာပဲ သေဆုံးသွားတယ်”

ဆင်ပေါင်ဝဲမှာ စျေးဝယ်ပြန်လာတဲ့အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

"ရွာအပြန်မှာ ပစ်သတ်ခံရတာ။ ခေါ်သွားပြီးတော့ ပစ်သတ်ပြီးမှ သူနဲ့လာတဲ့ သူတွေနဲ့အလောင်းကို ပြန်ထည့်ပေးလိုက်တယ်။ ကားပေါ်မှာက သူအပါ ၆ ဦးပါတာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10