၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာ နိုင်ငံအလယ်ပိုင်းက ၁၀ မြို့ ကို စစ်ကောင်စီ ဆုံးရှုံးထား
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ စစ်ကိုင်းတိုင်းက ၅ မြို့၊ မန္တလေးတိုင်းက ၄ မြို့နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ၁ မြို့ စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စုစုပေါင်း ၁၀ မြို့ကို အာဏာသိမ်းစစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရပါတယ်။