"၂၀၂၄က ကျနော်တို့အတွက် ရောင်နီပါပဲ" (ရုပ်သံဆောင်းပါး)
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတော်လှန်ရေးသမား ကျားခင်စိန်ဟာ သူမှာယူထားတဲ့ ဒရုန်းတွေ ရလာရင် ၂၀၂၄ ထဲမှာ စကစ ထိန်းချုပ်ထားတဲ့ စခန်းနဲ့ မြို့တွေကို သိမ်းပိုက်နိုင်အောင် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။