Nan Khan

မကွေးအခြေစိုက် PDF တဖွဲ့က သင်္ကြန်ကာလအတွင်း ရွာသားတွေကို စတုဒီသာကျွေး

"ကျနော်တို့ ပထမရက် မုန့်ဟင်းခါးချက်တဲ့နေ့ကဆိုရင် မနက် ၆ နာရီကထဲက ပြင်ဆင်လိုက်တာ ၈ နာရီထိကြာသွားတယ်။ အရည်အတွက်လည်းများတာကို၊ ချက်ပြုတ်ပြီးတော့ ရွာသားတွေကို တအိမ်တက် တအိမ်ဆင်း လိုက်ဝေတယ်"

ကနီနယ်က တော်လှန်သင်္ကြန်သပိတ်

"အချိန်က မနက် ၇ နာရီမှာစပြီး ၇ နာရီ ၂ဝ မိနစ်မှာ ပြီးပါတယ်။ တူးမီးသပိတ် တူမီးသင်္ကြန်၊ အာဇာနည်စိတ်မွေး ဖက်ဒရယ်တည်ဆောက်၊ အလံမလိပ် အသံမတိတ် စခကျွန်မခံ ကနီသပိတ် ဘန်နာ စာသား‌တွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးတရား ဟောပြောခဲ့ကြတယ်"

သင်္ကြန်ရက် ရေမကစားဘဲ စခန်းအတွက်လိုအပ်တဲ့ ရေလောင်းအိမ်သာ ဆောက်လုပ်

"သင်္ကြန်မှာ တခြားထွေထွေထူးထူးတော့ မရှိပါဘူး။ ပွဲကျင်းပတာတွေ ရေကစားတာတွေလည်း လုပ်ခွင့်မပြုထားပါဘူးခင်ဗျ။ သင်္ကြန်ကာလမှာ ဒုလ္လဘဝတ်ချင်တဲ့ ရဲဘော်တွေရှိရင် ဝတ်ခွင့်ပြုထားပါတယ်။ အရင်နှစ်တွေကလည်း ဒီတိုင်းပါပဲ"

စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ၁၂ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

"ရဲတွေဘက်က လက်နက်ကြီး ၄ လုံးပစ်တာကို ရွာထဲကျတဲ့ ၂ လုံးထဲက ၁ လုံးက လူနေအိမ်ပေါ်ကိုကျပြီး ကလေးမလေးပွဲချင်းပြီး သေတာ၊ သူရဲ့အဘွားလည်း ဒဏ်ရာရသွားတယ်"

တရက်တည်း ၂ ကြိမ်မိုင်းဆွဲခံရတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်လို့ PDF ၂ ဦးသေဆုံး (ရုပ်/သံ)

"Point B မိုင်းခွဲတဲ့ အချိန်မှာ စခတွေဘက်က ၅ ဦးအပြင်းအထန် ဒဏ်ရာရတယ်လို့ အတွင်းသတင်းအရ သိရတယ်။‌ Point A မိုင်းကွင်းအတွင်းကို ဝင်ရောက်လာတဲ့အခါ ထပ်ပြီးမိုင်းဆွဲတော့ အယောက် ၅၀ နီးပါး အပြင်းအထန်ဒဏ်ရာ ရသွားတယ်လို့ ကြားသိရတယ်။ ကျနော်တို့ဘက်က ကျဆုံးသွားတဲ့ကလေးတွေက ပစ်ခတ်ခံရပြီး ဖမ်းတယ် နှိပ်စက်တယ် သတ်ပြီး ရွာထဲမှာ ထားခဲ့ပါတယ်ခဗျ"

ပအဖ ရုံးဖွင့်ပွဲ လေယာဥ်နဲ့လာပစ်လို့ ကလေးငယ်တွေအပါအဝင် ၅၀ကျော်သေဆုံး

"အတွင်းစည်းပေါက်ကြားတာဖြစ်ဖြစ် နယ်ခံဒလန်ပေးပို့လို့ပဲဖြစ်ဖြစ် အခုလိုအတိအကျသိပြီး လာပစ်တာခံရတာလို့ပြောတယ်။ အခုနောက်ပိုင်း ထပ်ကြားရတာက ပဇီကြီးရွာအတွင်း ပိတ်မိတဲ့ပြည်သူတွေ အကုန်သေတယ်လို့ ထပ်ကြားရတယ်အသေအပျောက်တအားများနေတယ် "

အမျိုးသား ၂ ဦးစီးဆိုင်ကယ်တွေကို စစ်ကောင်စီကဖမ်းပြီး ရိုက်နှက်ငွေတောင်းတာတွေ လုပ်နေ

"ဒီနေ့ (ဧပြီ ၁၀)မနက်တော့ အဖမ်းခံရတဲ့ အနီးအနားဝန်းကျင်ရွာက လူတွေအများကြီးလို့ လှမ်းပြောကြတယ်။ မြို့ပေါ်လူထုအနေနဲ့လည်း ဖုန်းလက်ခံပြောဖို့ကို လန့်နေကြတာဆိုတော့ အသေးစိတ်မေးဖို့ မရဘူး"

အင်းတော်တွင် KIA KPDF နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးဟုဆို

“ပထမရက်တိုက်ပွဲက မနက် ၉ နာရီကနေဖြစ်တာ၊ နေ့လယ် ၁၂ နာရီကျော်သွားတယ်။ အဲဒီနေ့မှာ စခတွေဘက်က ၂၈ ယောက်ကျသွားတယ်လို့ ကျနော်တို့အတွင်းသတင်းကသိရတယ်။ ကျနော်တို့ ဘက်ကတော့ KIA ရဲဘော် ၂ ယောက်နဲ့ KPDF ရဲဘော်တဦး ကျသွားတယ်” လို့ ဆိုပါတယ်။

မင်းလှ ကပစ(၁၀)ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးနောက် NLD ပါတီဝင် ၅ ဦးဖမ်းဆီးခံရ

“စစ်**တွေဘက်က ထိခိုက်မှုအခြေအနေက စုံစမ်းဆဲပါ။ လက်ရှိမှာ NLD ပါတီဝင် ၅ ဦးကိုဖမ်းသွားပါပြီ။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ မသိရသေးပါဘူး”

မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်လုံးပြတ်သွားတဲ့ အသက် ၁၁ နှစ်အရွယ်ကလေးကို အညာပစ်တိုင်းထောင်အဖွဲ့က သွားရောက်လှူဒါန်း

“ဒေသခံတွေက ဆက်သွယ်လာတာရယ်၊ ကလေးကိုလှူမဲ့သူတွေမရှိတာတွေရယ်ကြောင့် သွားလှူခဲ့တာပါ။ အခုလိုမိုင်းနင်းမိလို့ ဒဏ်ရာရသူတွေကို လှူဒါန်းတာ ၂ ကြိမ်ရှိပါပြီ။ ပထမက မိုင်းနင်းမိလို့ အရေပြားပျက်သွားတဲ့ ရဲဘော်ပါ။ အခုက မောင်ရှင်းသန့်မောင်ပါ။ နောက်ထပ်လည်း အဆင်ပြေရင် ပြေသလို လှူဒါန်းဖို့ရှိပါတယ်”

၃ ရက်အတွင်း ကန့်ဘလူခရိုင်က နေအိမ် ၁၇၀ ကျော်ကို စစ်ကောင်စီက မီးရှို့သွား

“ရွာသားတွေက အခုထိ ရွာထဲမဝင်ရသေးဘူး။ တချို့အိမ်တွေကလည်း မီးမငြိမ်းသေးတော့ မီးတွေပြန်ငြိမ်းနေရတယ်။ ရွာသားတွေက ကိုယ့်ယာတောထဲမှာပဲ အဆင်ပြေသလို တဲတွေထိုးပြီး နေနေကြတယ်။ စားဖို့သောက်ဖို့ကကျတော့ တယောက်စီကနေ တယောက်ဝေမျှစားနေရတယ်”

ပင်ပန်းနေသူတွေကို ဖျော်ဖြေဖို့ ကျေးရွာပေါင်းစုံသပိတ်က တော်လှန်သံချပ် ပြုလုပ်နေ (ရုပ်/သံ)

"သံချပ်ကို တိုက်နေတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ။ ကျနော်တို့ ယင်းမာပင်အတွင်းမှာတော့ ၄ ဖွဲ့လောက် ရှိပါတယ်။ အရင်နှစ်တွေတုန်းကလည်း အခုလိုသံချပ်တွေ ပြုလုပ်ခဲ့တယ်။ ဒီနှစ်တော့ ဖျော်ဖြေမယ့်ရက်ကိုတော့ ပြောပြလို့မရသေးပါဘူး"

ရေစကြိုမြို့နယ်ထဲမှာ ပြည်သူ့အခြေပြုကျောင်းဆင်းပွဲနဲ့ ကျောင်းတွင်းသင်္ကြန်ပွဲ ကျင်းပ

“အခုလို စာသင်နှစ်တနှစ်ပြီးမြောက်သွားလို့ ကျောင်းသားကျောင်းသူတွေကို ပျော်ရွှင်စွာနဲ့ ပညာသင်ယူချင်စိတ်ဖြစ်လာအောင်၊ နောက်ပြီး ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူချင်စိတ် ဖြစ်လာအောင်ဆိုတဲ့ အချက်နဲ့ ကျောင်းတွင်းမှာ ပညာသင်ယူရင် အခုလိုအခွင့်အရေးတွေ ရှိနိုင်တယ်ဆိုတာတွေ သိဖို့ပါ”

စစ်အုပ်စုရဲ့ ဖမ်းဆီးခံပြည်သူတွေကို ကယ်ထုတ်ရင်း PDF ရဲဘော် ၇ ဦးသေဆုံး

“ကျနော်တို့တပ်ဖွဲ့ထဲက ရဲဘော် ၂ ယောက်ကတော့ ကျသွားပါတယ်။ ပစ်ခတ်မှုတွေဖြစ်နေတဲ့အချိန် ဒဏ်ရာရတဲ့ရဲဘော်ကိုသွားကယ်ရင်း ထိသွားတာပါ။ စစ်တပ်တယ်လီဂရမ်မှာ တင်ထားတဲ့ပုံက ကျနော်တို့ရဲ့ ရဲဘော်ပုံပါ။ ကချင်စစ်ဝတ်စုံနဲ့တယောက်က ကျနော်တို့တပ်ဖွဲ့ကပါ၊ နောက်တယောက်က သူ့အကျီအိတ်မှာ ကွမ်းထုပ်ထည့်ထားတဲ့ တယောက်ကလည်း ကျနော်တို့အဖွဲ့ကပါ၊ ကျန်တဲ့ရဲဘော်တွေက အခြားအဖွဲ့ကပါ”

ကန့်ဘလူ၊ အင်းလယ်ကြီးရွာက နေအိမ်တွေကို စစ်တပ်ကမီးရှို့ပြီး ရွာသား ၂ ဦးကိုလည်းသတ်သွား

“ကိုဝလီက မွေးရာပါ စိတ်မမှန်တဲ့သူပါ၊ ရွာထဲမှာ သူသွားချင်သလိုသွားနေတာ။ စစ်သားတွေလားလည်းသူမသိဘူး၊ သူသွားချင်သလိုသွားနေတယ်။ ကျနော်တို့မနေ့က (ဧပြီလ ၄) ရွာထဲကို မီးဝင်ငြိမ်းတဲ့အချိန် အူတွေထွက်နေတဲ့ သူ့အလောင်းကို သူ့အိမ်ရှေ့မှာတွေ့တယ်။ ဦးဌေးမောင်အလောင်းကိုတော့ ဒီမနက်မှ သူ့အိမ်ပေါ်မှာတွေ့တယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10