ကန့်ဘလူ၊ အင်းလယ်ကြီးရွာက နေအိမ်တွေကို စစ်တပ်ကမီးရှို့ပြီး ရွာသား ၂ ဦးကိုလည်းသတ်သွား
“ကိုဝလီက မွေးရာပါ စိတ်မမှန်တဲ့သူပါ၊ ရွာထဲမှာ သူသွားချင်သလိုသွားနေတာ။ စစ်သားတွေလားလည်းသူမသိဘူး၊ သူသွားချင်သလိုသွားနေတယ်။ ကျနော်တို့မနေ့က (ဧပြီလ ၄) ရွာထဲကို မီးဝင်ငြိမ်းတဲ့အချိန် အူတွေထွက်နေတဲ့ သူ့အလောင်းကို သူ့အိမ်ရှေ့မှာတွေ့တယ်။ ဦးဌေးမောင်အလောင်းကိုတော့ ဒီမနက်မှ သူ့အိမ်ပေါ်မှာတွေ့တယ်”