Cherry

ကလေးမှာ လက်နက်ကြီးထိလို့ ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

“မိသားစုတစုလုံး ထိခိုက်ခဲ့တာ၊ ယောက်ျားလေးတယောက် ဦးခေါင်းကြေမွ သေဆုံးတယ်၊ သေဆုံးက‌လေးရဲ့ မိခင်ဖြစ်သူလည်း ခြေတဖက်ဖြတ်ရတယ်၊ မောင်နှမတွေလည်း ဒဏ်ရာပြင်းတယ်"

ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သပိတ်ကော်မတီပေါင်းပြီး ကားလမ်းမကြီးပေါ် ချီတက်သပိတ်မှောက်

“စစ်ကြောင်းအခြေနေကြောင့် လုပ်ဖို့စီစဥ်နေတာတော့ တော်တော်ကြာပြီ။ အဓိက ကတော့ အညာကပြည်သူတွေ အညာသားတွေက ဘယ်တော့မှ နောက်ဆုတ်အရှုံးမပေးဘူးဆိုတာပါပဲ။"

စစ်တပ်ပတ်ကင်းနဲ့ PDFပတ်ကင်း ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်လို့ PDF ၁ ဦး ဒဏ်ရာရ၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးဟုဆို

“PDFတွေက မနက်ခင်းကင်းလှည့်တာ၊ စစ်**တွေကလည်း အရပ်ဝတ်နဲ့ ကင်းလှည့်တာမှာ တိုးတာပေါ့။ ကိုယ့်လူတွေက ရွာသားလို့ပဲထင်ပြီး အမှတ်တမဲ့သွားတဲ့ချိန် သူတို့ဘက်က လှမ်းပစ်တာ။ အဲ့ချိန်မှာ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့”

တမူးမှာ ၆ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းနဲ့ ၆ ကြိမ် ပစ်ခတ်

“Mi35 လည်း အကြိမ်ကြိမ်လာပစ်တယ်၊ ထောက်ပို့လေယာဉ်နဲ့ အထုတ်တွေလာချသွားတယ်။ ‌ပစ္စည်းကောက်ဖို့ လာကြချိန်မှာလည်း တိုက်ပွဲထပ်ဖြစ်တယ်၊ သူတို့ဘက်က မြေပြင်မှာ လိုသလို စစ်ကူလာလို့ မရဘူး"

ကလေးမှာ လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး၊ ၅ ရက်အတွင်း သေဆုံးသူ ၃ ဦးရှိ

“အစောနကပဲ လက်နက်ကြီးကျလို့ သာစည်က တယောက်သေသွားပြီ၊ သူ့အိမ်အရှေ့ဘက်အိမ်ဝန်းက ပိန္နဲပင်ကိုထိတာမှာ လက်နက်ကြီးအစက ရင်ဘတ်ကိုလာမှန်ပြီး ပေါက်ထွက်သွားတာ”

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အမျိုးသမီးရဲဘော်လေးက အကနဲ့ဂုဏ်ပြု( ရုပ်/သံ)

“အမေစုရဲ့ မွေးနေ့လေးကို တမူထူးခြားစေချင်တာရယ်၊ အပြင်က တော်လှန်ရေးရဲဘော်တွေက အမေ့အတွက်အမြဲရှိနေပြီး အကျဉ်းကျနေတာကနေ အမြန်ဆုံးလွတ်စေချင်တယ်ပေါ့"

ကလေးမှာ ပန်းပန်တဲ့ အမျိုးသမီးတွေ ဖမ်းဆီးခံရ

“ပန်းပန်သူ အကုန်ဖမ်းသွားတာ၊ အဖမ်းခံရတာများတယ်၊ ကလေး မြို့မဈေးထဲမှာတင် ဈေးသည်နဲ့ ဈေးဝယ် ပန်းပန်သူ ၃၀ လောက်ကို ကား ၂ စီးနဲ့တင်ပြီး ရဲစခန်းဖမ်းခေါ်သွားတယ်။ ပုံမှန်လည်းဒီလို ပန်နေကြတယ်ဗျာ၊ ဈေးသည်ဆိုတော့ သနပ်ခါးလေး ပန်းလေးနဲ့သပ်သပ်ရပ်ရပ် ရောင်းကြတာ"

မုံရွာက အသက် ၆၀နဲ့ ၈၀ အတွင်း အမေတွေရဲ့ ပန်းသပိတ်

“ထူးခြားတာက ဒီသပိတ်က အမေတွေချည်းပဲ ပြုလုပ်တဲ့ သပိတ်ဖြစ်တယ်။ အမျိုးသမီးကြီးတွေ အသက် ၆၀၊ ၇၀၊ ၈၀ ဒီအရွယ် အမေတွေချည်းပဲ ပါဝင်ပြီး ပြုလုပ်ခြင်းဖြစ်တယ်။"

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်းထဲ စာသင်နေတဲ့ကလေး ဗိုက်ပွင့်သေဆုံး

“အဲ့မှာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်တယ်၊ ကျောင်းက ကလေး ၃ ယောက်ထိတာ၊ ကလေးတွေက ထိတာ တော်တော်များတယ်၊ အူတွေပါထွက်တယ်”

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အညာတော်လှန်ရေးအဖွဲ့များ ပန်းသပိတ်ကျင်းပရန် ပြင်ဆင်

“တချို့စစ်ကြောင်းတွေကတော့ ခုထဲက စနေကြပြီ၊ အမေစုနဲ့ အမျိုးသမီးတွေ အားလုံးကိုဂုဏ်ပြုချင်တဲ့အတွက် ပြုလုပ်ကြမှာပေါ့။ ဒီအစီအစဉ်လေးက ကျနော်တို့ သပိတ်အင်အားစုတွေ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီးမှ ဒီကမ်ပိန်းကို လုပ်ခဲ့တာ”

စစ်တပ်အတွက်အရေးပါတဲ့ နတ်သံကွင်းတံတား ပြန်ပြင်နိုင်ဖို့ စစ်လက်နက် အဆမတန် တိုးမြှင့်သုံးနေ

“မနက်ဖြန် (ဇွန် ၁၇)တရက်ပဲ တံတားပေးကူးပြီး သဘက်ခါ (ဇွန် ၁၈)စပြင်တော့မယ်လို့ ကြားတယ်၊ အဲ့တံတားက ကျောက်ကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ- ၃၅၁ နဲ့ ခလရ-၆၀ အတွက် အသက်ရှူပေါက်ဘဲ၊ အဲ့ဒါအပြင် KNLA နယ်မြေဘက်ကို စခတွေ လူ၊ လက်နက်၊ ရိက္ခာအင်အား တဟုန်ထိုး ဖြည့်လို့ရတဲ့ တံတားတခု၊ အဲ့တာကြောင့် သူတို့ ဒီတံတားကို မရရအောင် ပြန်ပြင်မှာ။"

အညာဒေသအတွက်လိုအပ်တဲ့ ဝေဟင်တိုက်ခိုက်ရေး နည်းပညာသင်တန်းပို့ချ

“ဒရုန်းအကြီးသုံးနိုင်တဲ့အဖွဲ့က အများကြီးမရှိသေးဘူး၊ အဲ့တာကြောင့် ကျနော်တို့က စာရော လက်တွေ့ရော အကုန်သင်ပေးမှာ၊ ဒရုန်းအကြီးတွေမောင်းဖို့ဆိုတာ လက်တော်တော်ငြိမ်ဖို့လိုတယ်၊ အဲ့တာကြောင့် လက်တွေ့ခန်းမှာ နေ့စဉ်လေ့ကျင့်ပေးပြီး ဒရုန်းတီထွင်နိုင်ဖို့လည်း တဖက်ကသင်ပေးသွားမှာ”

တမူးမှာ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ၊ အထိနာလို့ လေကြောင်းပစ်ကူပေး

“ခုထိတိုက်ပွဲမပြီးသေးဘူး၊ ဗုံးသံတွေကြားနေရဆဲပဲ၊ ရွာထဲက တချို့အိမ်တွေလည်း လက်နက်ကြီးဗုံးသီးမှန်ပြီး မီးလောင်နေတယ်၊ လေကြောင်းကတော့ တခေါက်လာတယ်၊ မိုးလည်းအုံ့တော့ သူတို့လည်း ကောင်းကောင်းမမြင်ရဘူး၊ လက်နက်သိမ်းမိတယ်လည်း ကြားတယ်၊ ပျူဆီကသိမ်းတာလား၊ ရဲ** စစ်**ဆီက သိမ်းတာလား မသိဘူး။”

နတ်မောက် ဆက်သွယ်ရေးတပ်က တပ်ကြပ်ကြီး/စာရေး ရိက္ခာထွက်ဝယ်ချိန် ပစ်ခတ်ခံရပြီး သေဆုံး

“တပတ်လောက်လေ့လာပြီးမှ မစ်ရှင်ဖော်ဆောင်ခဲ့တာပါ။ တပ်နဲ့ ၃မိုင်လောက်အကွာက ရွာနဲ့ဝေးပြီး လူရှင်းတဲ့ လယ်ကွင်းထဲမှာ ရှင်းခဲ့တာ။ သူက တပ်ရိက္ခာပိုင်းနဲ့ တပ်တွင်းစားဖိုဆောင်ကို စီမံရတဲ့သူ ”

အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ခွန်အားဖြည့်မိငယ်သီချင်း သီဆိုရင်း သပိတ်စစ်ကြောင်းထွက် (ရုပ်/သံ)

ဇွန် ၁၅ ရက် ဒီကနေ့ မနက်ပိုင်းက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ခွန်အားဖြည့်မိငယ်သီချင်းသီဆိုခဲ့တဲ့အပြင် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”ဆိုတဲ့ ဘန်နာကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10