Cherry

မုံရွာ-အရာတော် လမ်းမကြီးပေါ်က ၈ လေးလုံးနေ့ အကြိုသပိတ် (photo news)

ဩဂုတ် ၇ ရက် ဒီနေ့ မနက်ပိုင်းက “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း”၊ “ဥပဒေကို စစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ဘုရားမတည်နဲ့” စတဲ့ ဘန်နာတွေကိုင်စွဲပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂုတ်တွင်းလမ်းပိုင်းမှာ စစ်တပ်ယာဉ်တိုက်ခိုက်ခံရလို့ သေဆုံးသူတွေထဲ ရေတာရှည်ဇာတိ ဗိုလ်ဟိန်းဇာနည် ပါဝင်

“သူက ရေတာရှည်ဇာတိပေမယ့် နောင်ချိုမှာ တာဝန်ကျနေတာ။ မိသားစုတွေက ရေတာရှည်မှာပဲ။ ခုသူ့အိမ်က ဆွမ်းသွပ်ဖို့လုပ်နေတယ်လို့တော့ ကြားတယ်။ ဒီဘက်မှာက ကြီးကြီးကျယ်ကျယ်တော့ မလုပ်ကြဘူး။ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားပို့တာလောက်တော့ လုပ်မယ်ကြားတယ်။”

အာဇာနည်နေ့ လှုပ်ရှားမှုလုပ်တဲ့ နိုင်/ကျဉ်း ၁၆ ဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်ရ

“ငါးဦးက တိုက်အတွင်းမှာ‌ မေ့မျောသွားလို့ ဆေးရုံပို့ပြီး ကုသနေတယ်။ ကိုသန်းတိုးအောင်ကတော့ အရေးပေါ်အခြေနေနဲ့ကို ဆေးကုမပေးဘဲ ပစ်ထားခံ‌ရတယ်၊ ဖြစ်စဉ်တွေက မှန်ကန်တယ်၊ အတည်ပြုလို့ရတယ်၊ သေဆုံးတော့ အတည်မပြုနိုင်သေးဘူး၊ ဒါပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်ရတယ်။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

တမူး-ကလေးလမ်းပိုင်း ၂ လနီးပါးကြာ ပိတ်ထားလို့ ဒေသခံတွေ စားဝတ်နေရေး ခက်ခဲလာ

“အခုက ကြက်ဥတလုံး ၈၀၀ဖြစ်နေပြီ။ ပြီးတော့ ဒီမှာက CDM လုပ်ကြတော့ ဆရာဝန်တွေ မရှိဘူးလေ။ ကျန်းမာရေးဝန်ထမ်းလောက်ပဲရှိတာ။ အခု သက်ကြီးလူနာတွေလည်း ကျန်းမာရေးကိစ္စ အရမ်းခက်နေတယ်။ မီးဖွားရမယ့် သူတွေကလည်း သွားချင်နေပြီ၊ ဘယ်မှသွားမရဘူး၊ အခုလမ်းတွေ ပိတ်ထားတော့ အလုပ်ကိုင်တွေကလည်းမရှိ။ တချို့လက်လုပ်လက်စားသမားတွေဆို ထမင်းစားဖို့တောင် ခက်နေပြီ”

ကလေးမှာ မိုင်းခွဲခံရလို့ စစ်သား ၁ ဦးသေ ၂ ဦးဒဏ်ရာရဟုဆို

“မိုင်းခွဲခံရတော့ အနီးကပ်ထပ်လာပစ်မှာ ကြောက်တာနေမယ်၊ အနားက အမှိုက်ကားပေါ် ဆွဲတင်ပြီး မောင်းပြေးသွားကြတယ်၊ ခေါင်းတောင်မဖော်ဘူး၊ လာတုန်းက စစ်ကားနဲ့ပြန်တော့ အမှိုက်ကားနဲ့၊ ‌စစ်**တကောင် ပွဲချင်းပြီးသေလို့ သူတို့ဘက်က ရမ်းပစ်တာ ပြည်သူနှစ်ဦးထိတယ်။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

လူအင်အား ၁ ထောင်ကျော်နဲ့ ကျေးလက်လူထု နိုင်ငံရေးဆွေးနွေးပွဲကျင်းပ (Photo news)

“အညာက ပြည်သူတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး လှမ်းကြတော့ တော်တော်တော့ ပြောပြရတယ်၊ သူတို့စိတ်ထဲ ကောင်းကောင်းနားလည်ဖို့ အချိန်ယူပြီး ပြောရတာတွေရှိတယ်၊ ပြည်သူတွေ သိချင်တာရှိရင်မေးတယ်၊ အပြန်အလှန်ဆွေးနွေးကြတာပေါ့။”လို့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသက်နောင်က ပြောပါတယ်။

အာဇာနည်နေ့မှာ အနက်ရောင်ဖဲကြိုးပြားချိတ်ဆွဲတဲ့ အမျိုးသမီးနိုင်၊ကျဉ်း ၁၅ ဦီး တိုက်ပိတ်ခံထားရ

“တိုက်ပိတ်ထားတာကို လျှို့ဝှက်ထားတာပေါ့။ မနေ့ (သြဂုတ် ၁)ကမှ သိရတာ၊ ပါဆယ်လည်း အပိတ်ခံထားရတယ်၊ ရိုက်နှက်ခံထားရတာတော့ရှိတယ်။ ဒါကတော့ တိုက်တွင်းမှာ ဖြစ်တဲ့ကိစ္စတွေပေါ့။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ထောင်ဝဈေးဘားတွေကို ဘွိုင်းကော့လုပ်နေကြတယ်။ တခုခုဆိုရင် အမျိုးသမီးဆောင်ကို ယောက်ျားဝန်ထမ်းတွေပါ ဝင်ရိုက်လေ့ရှိတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦးက မြေလတ်အသံကို ပြောပါတယ်။

နဘားလမ်းဆုံမှာ တိုက်ပွဲဖြစ်၊ ပစ်ခတ်ခံရလို့ ကားဆရာ ၁ ဦးသေဆုံး

“ကိုယ့်ဘက်က ရွာထိမှာစိုးလို့ သိပ်မပစ်ဘူး၊ ပြန်ဆုတ်သွားပြီ၊ စစ်**တွေဘက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်နေတုန်း၊ လိုက်ထရပ်ကားတစီးဖြတ်တာကို မရပ်ပေးလို့ပစ်တာ ကားသမားတဦး ပွဲချင်းပြီး သေသွားတယ်။”

ကျဆုံးသူတွေအတွက် ရည်စူးပြီး ဝါဆိုလပြည့်နေ့ သင်္ကန်းကပ် (photo news)

ကျဆုံးရဲဘော်တွေနဲ့ ပြည်သူတွေအတွက်လည်း ရေစက်ချတရားနာခဲ့ကာ သင်္ကန်းခြင်း၊ ဆေးခြင်းနဲ့ နဝကမ္မအလှူငွေ ကပ်လှူခဲ့ကြပြီး ကျေးရွာနေပြည်သူတွေကလည်း သစ်သီးဝလံတွေ ကပ်လှူခဲ့ကြတယ်လို့ သိရပါတယ်။

ကလေးခရိုင်မှာ ၂သောင်းတန် အသုံးပြုခွင့်မပေးဘူးလို့ ပကဖ သတိပေး

“ကျနော်တို့ သက်ဆိုင်ရာ တာဝန်ယူထားရတဲ့ ခရိုင်အလိုက် တားမြစ်တာပါ၊ အခြားခရိုင်တွေလည်း သက်ဆိုင်ရာအလိုက် မြေပြင်အထိ ကြပ်မတ်ဆောင်ရွက်လာလိမ့်မယ်လို့ ထင်ပါတယ်၊ တယောက်တည်း ၃ ကြိမ်အထိ တွေ့လာရရင်တော့ တရားဥပဒေကြောင်းအရ ဆောင်ရွက်ခံရမှာဖြစ်တယ်။”

မင်းတုန်းက စစ်ကောင်စီအတွက် အရေးပါတဲ့ဂိတ် ၂ခု ဝင်ပစ်ခံရ

“စစ်ကြောင်း ၂ကြောင်းသွားပြီး တပြိုင်တည်း ၄၀ မမတွေ၊ မောင်းပြန်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကလည်း ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ သိရသလောက်တော့ သူတို့ဘက်က ထိခိုက်ဒဏ်ရာတော့များတယ်။”

ဖြူးက စစ်အုပ်စုတပ်စွဲရာနေရာတွေ တိုက်ခိုက်ခံရ၊ တပ်ကြပ်ကြီး ၁ ဦးသေပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် ၉ ဦးဒဏ်ရာရ

“အုတ်ဖြတ်ရဲစခန်းဖြစ်စဉ်မှာ ဆရာကြီးဆိုတဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူ သေပြီး ၂ ယောက်ထိခိုက်တယ်၊ ဒလန်တကောင် ထိတယ်၊ ပြီးတော့ ရန်သူ(စစ်ကောင်စီ)ဘက်က ပေါင်ထိတဲ့တယောက်က ဗကအဆင့် အရာရှိတဦး"

စစ်ကောင်စီတပ်က နတ်သံကွင်းမြို့ စာသင်ကျောင်းတချို့မှာတပ်စွဲဖို့ ဆရာနဲ့ကျောင်းသားတွေကို ရွှေ့ပြောင်းခိုင်း

“အခုက အမှတ် ၃ အ.လ.က ကျောင်းကို နေရာယူပြီး တပ်စွဲမယ်။ အဲ့ဒီကျောင်းက ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေကို တခြားကျောင်းမှာ စုပြီး တက်ခိုင်းမှာ။ ပြီးရင် သူတို့နေရာယူမယ့်ကျောင်းမှာ လက်နက်ခဲယမ်းတွေထားမယ်၊ အဲ့လိုပါ”

ခမ်းပါတ်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးဟုဆို၊ လေကြောင်းနဲ့ ၂ ရက် ဆက်တိုက်ပစ်ခတ်နေ

“ လေကြောင်းနဲ့ စစ်ကူလာတယ်၊ ပစ်လည်းပစ်တယ်။ မနေ့ကလည်း ပစ်တယ်၊ ဒီနေ့လည်း ပစ်တယ်၊ အခြေအနေ ဘယ်လိုဖြစ်မလဲ မသိရသေးဘူး ပစ်နေတုန်းပဲ။ စစ်**က အဓိက လေကြောင်းပဲ အားကိုးတာ၊ လေကြောင်းမရှိရင် သူတို့အပြင်မထွက်ရဲဘူး”

ကျဆုံးရဲဘော်တွေအတွက် ဆုတောင်း ညသပိတ်ပြုလုပ်

“ဒီကနေ့ ရဲဘော်တယောက်က တနှစ်ပြည့်တယ်။ ကျန်တဲ့ရဲဘော်တွေက မကြာသေးခင် စစ်ကြောင်းထိုးတုန်းက ကျသွားတဲ့ရဲဘော်တွေလည်းပါတယ်။ ကျတော်တို့ရဲ့ အာဇာနည်တွေကို ခုချိန်ထိ မမေ့ဘူး။ ခုချိန်ထိ ဂုဏ်ပြုသတိရနေတယ်ဆိုတာ ပြသချင်လို့ လုပ်ခဲ့တာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10