စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်လျှပ်စစ်ရုံး စီးနင်းခံရလို့ ၂ ဦးသေ၊ သေနတ် ၁ လက်ရ
“စက်ရုံနားကို အနီးကပ် ကပ်ပြီဆိုတဲ့ အချိန်မှာကျတော့ စစ်သားတွေက ထွက်ပြေးသွားပြီး ပျူစောထီးတွေပဲ ချန်ခဲ့တယ်။ အံ့ဩစရာကောင်းတာက စစ်ကူလာတာမျိုး လုံးဝမတွေ့ရဘူး။ အသေခံခိုင်းတဲ့ သဘောလည်းတွေ့ရတယ်။ နောက်ပြီး စကစက ပျူတွေကို ထိုးကျွေးတဲ့ပုံစံမျိုးလည်း တွေ့ရတယ်။”လို့ မင်းကင်းတပ်ရင်း ၁၁ မှ ကိုကျားက ပြောပါတယ်။