Cherry

မုံရွာထောင်က CDM နိုင်ကျဥ်းတွေကို Non-CDM ပြန်လုပ်ဖို့ ခြိမ်းခြောက်ဖိအားပေး

“အသနားခံစာတင်ဖို့ CDM ကနေ ပယ်ဖျက်ပေးဖို့ အဲ့လိုတင်လိုက်ခြင်းအားဖြင့် မိသားစုနဲ့တူတူ နွေးနွေးထွေးထွေးနေရနိုင်တယ်ဆိုတဲ့ ရှုထောင့်ကနေ စည်းရုံးနေတယ်၊ လက်မခံတဲ့အခါမျိုးမှာတော့ မိသားစုကို ငဲ့ကွက်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့လည်း မိသားစုကိုခြိမ်းခြောက်တဲ့ ပုံစံမျိုးပြောခဲ့တာတွေရှိတယ်။”

၂ လကြာတိုက်ခိုက်ပြီးနောက် ပင်လည်ဘူးမြို့ကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင် ■စစ်တပ်က မြို့ကို ဟောင်ဝစ်ဇာနဲ့ပစ်နေသလို တိုက်လေယာဉ် ၆ စီးနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပင်လည်ဘူးမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပေါက်မှာ ရွာ ၄ ရွာက စစ်တပ်ကင်းစခန်း ၄ ခုကို တပြိုင်တည်းဝင်တိုက် ■ ပျူစောထီး ၁ ဦးအရှင်ဖမ်းမိပြီး သေနတ် ၁ လက်ရရှိ

“ဆပန် ကင်းကုန်းကတော့ အကုန်လုံး ဝင်စီးနိုင်ခဲ့တယ်။ တအားကြီး ခံမပစ်လိုက်ဘူးဗျ ခဏပဲ။ နာရီဝက်ကျော်ကျော်လောက်မှာ ကျနော်တို့ ရလိုက်တယ်။ သူတို့ကတော့ ဆုတ်ပြေးသွားတာပေါ့။ ရွှေဘုံသာပွဲက ကင်းကုန်း တကုန်းကိုတော့ သိမ်းနိုင်ခဲ့တယ်။ အဲ့ကင်းကုန်းကမှ MA 2 ၁ လက်ရတာပေါ့။”

စစ်ကိုင်းမြို့မဈေးထဲ အသံမိုင်းကွဲပြီးနောက် စစ်တပ်ကပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်ထိမှန်

“အသံမိုင်းကွဲပြီးတော့ အုတ်စက်လို့ခေါ်တဲ့ ရပ်ကွက်ဘက်ကို ဆင်းတာရှိတယ်။ ပြည်သူထိတာပေါ့၊ စစ်ကောင်စီက ရပ်ခိုင်းတာကို မရပ်ဘဲနဲ့မောင်းပြေးလို့ လှမ်းပစ်တာ ပေါင်တချက်ထိသွားတယ်ဗျ။ တားတာကို မရပ်ဘဲနဲ့ မောင်းပြေးတာတို့ ဒါမှမဟုတ် သူတို့ကိုမြင်လို့ လှည့်ပြေးတာမျိုးဆို လှမ်းပစ်တယ်။”

စခန်းသိမ်းစစ်ဆင်ရေးတွေအတွက် လေ့ကျင့်သင်ကြားပေးခဲ့တဲ့ မွမ်းမံသင်တန်းဆင်းပွဲ

“နည်းဗျုဟာအရဆိုရင် အသစ်တွေထပ်ပါလာမယ်၊ သင်ရိုးမှာ လက်နက်ကြီး (စက်လတ်/RPG/40mm/60mm)အထိပါမယ်၊ သင်တန်းက ခပ်ကြမ်းကြမ်းပေးရတော့ တချို့ဖျားနာတာတွေတော့ရှိပါတယ်၊ သင်တန်းသားအားလုံး အခက်အခဲကျော်ဖြတ်နိုင်ကြပါတယ်၊ ပြီးဆုံးအောင်သင်ယူကြပါတယ်။”

ကြားကာလပြည်သူ့အခြေပြုကျောင်း ၂၀ ကျော်ပါဝင်တဲ့ စကားရည်လုပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မြို့နယ်လုံးဆိုင်ရာ စကားရည်လုပြိုင်ပွဲကျင်းပခဲ့ပြီး ကြားကာလ ပြည်သူ့အခြေပြုကျောင်းပေါင်း ၂၀ ကျော်က ကျောင်းသားတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြတယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တာဝန်ခံဆီက သိရပါတယ်။

ကြားကာလပြည်သူ့အခြေပြုကျောင်း ၂၀ ကျော်ပါဝင်တဲ့ စကားရည်လုပွဲကျင်းပ

“ကျောင်းသားတွေ ဒီကျောင်းသားနိုင်ငံရေးမှာ ပါသင့်မပါသင့်၊ လက်နက်ကိုင်တော်လှန်ရေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေ၊ လက်ရှိပညာရေးစနစ်၊ တော်လှန်ရေးခေါင်းဆောင်တွေအပေါ် ဝေဖန်ချက်တွေနဲ့ စကားရည်လုခေါင်းစဥ်တွေ သတ်မှတ်ပြီးတော့ စကားရည်လုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာပါ။”

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာ မြို့လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ

“ကောလင်း၊ ပင်လည်ဘူး မြို့ပေါ် နယ်ပါမကျန် သူတို့အုပ်ချုပ်ရေး ယန္တရား မလုပ်နိုင်ဘူးလေ။ အုပ်ချုပ်ခံလူလည်း မရှိဘူး၊ ပင်လည်ဘူးဆို အကုန်ရှင်းတယ်။”

ကောလင်းမှာ ၃ ရက်ဆက်တိုက် လေကြောင်းကြဲခံရလို့ ၇ ဦးသေ ၁၀ ဦးဒဏ်ရာရ (ရုပ်/သံ)

ကန့်ဘလူနဲ့ ကျွန်းလှက ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဖွင့်လှစ်ထားတဲ့ “ကျွန်းလှမီးအိမ်ရှင်” တယ်လီဂရန်ချန်နယ်မှာ အဆိုပါကျေးရွာတွေကို လေကြောင်းနဲ့ တိုက်ခိုက်ပေးဖို့ ပြောဆိုတာတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ကန့်ဘလူနဲ့ ကောလင်းမြို့နယ် လမ်းကြောတဆက်ထဲမှာရှိတဲ့ ပင်းတဲ၊ မကျီးကုန်း၊ ရွာသစ်၊ တဂေါင်းအိုင်၊ ဥက္ကံ စတဲ့ရွာတွေကို လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်နေတာလို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ရင်း ဧည့်စာရင်းပါစစ်ပြီး မတိုင်ထားသူတွေကို ဖမ်းဆီး

“ရပ်ကွက်ရဲ့ထိပ်တိုင်း၊ ထွက်လမ်း ဝင်လမ်းတွေမှာ အကုန်လုံး **တွေ ပိတ်ပြီးမှ ကောက်တာ။ သူတို့လုပ်တာက ဧည့်စာရင်း စစ်တာလို့ပြောတာ။ ဒါပေမယ့် သန်းခေါင်စာရင်းတွေ ကောက်တာ။”

စစ်သား၃၀ကျော်သေဆုံးကာ ၄၀ကျော်အညံ့ခံပြီး လက်နက်၅၀ကျော်ရခဲ့တဲ့ ကူတော်ရွာတိုက်ပွဲ(ရုပ်/သံ)

တိုက်ပွဲပြင်းထန်ခဲ့တဲ့ စက်တင်ဘာ ၃၀ရက် ညနေ ၃နာရီဝန်းကျင်မှာတော့ မိတ္ထီလာ၊ ရှမ်းတဲလေတပ်က တက်လာတဲ့ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်မှု ၉ကြိမ် ပြုလုပ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးမိုးကြီးနိုင်ပြီး ၂၄ နာရီအတွင်း လေရှီးနဲ့လဟယ်မြို့က ဒေသခံတွေနေရာရွှေ့ပြောင်းဖို့လိုအပ်

မိုးလေဝသ လေ့လာသူတဦးဖြစ်တဲ့ မစုစုစံကလည်း ၂၄ နာရီအတွင်း ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေနဲ့ ကရင်၊ မွန်၊ ကယား၊ ရှမ်းပြည်နယ်တွေအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ နေပြည်တော်မှာ မိုးရွာသွန်းနိုင်ပြီး ရွှေဘို၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာနဲ့ ပြင်ဦးလွင်ခရိုင်တွေအပြင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံနိုင်တယ်လို့ ရေးသားထားပါတယ်။

ကောလင်းမှာ လေကြောင်းကဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံး

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဥက္ကံကျေးရွာက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးကာ အလောင်းတချို့ကပျက်စီးခဲ့တာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူတွေနဲ့ပက်သက်တဲ့ အချက်အလက်တွေကို အတိအကျရဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၄၀ခန့် သေပြီး ၅၀ နီးပါး လက်နက်ချအညံ့ခံ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်ကောင်စီ အထိုင်စခန်းကနေထွက်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းတခုလုံးနီးပါးပြုတ်ကာ ၄၀ ခန့် သေပြီး ၅၀ နီးပါး အရှင်ဖမ်းမိတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

မန္တလေး လပခ ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်လို့ ထိခိုက်သူများပြား

“ဘားတိုက်အဆောက်အဦ ၂ လုံးကို သွားထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်ထိခိုက်တယ်လို့ သိရပါတယ်။ သေဆုံးမှုရှိမရှိကိုတော့ စုံစမ်းနေဆဲပါ။ လပခထဲက ကား ၂ စီးလည်း ထိသွားတယ်လို့ သိရတယ်၊ နောက်ထပ် အပျက်အစီးအထိအခိုက်က ဆက်စုံစမ်းနေဆဲပါ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10