စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်နေလို့ ပဲခူးနဲ့တောင်ငူမှာ ရေကြီးမှုအန္တရာယ်သတိပြုဖို့လိုအပ်နေ
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့လယ် ၂ နာရီခွဲအချိန် တိုင်းတာချက်အရ စစ်တောင်းမြစ်ရေက တောင်ငူမြို့မှာ စိုးရိမ်ရေအမှတ်အထက် ၁ လက်မခန့်၊ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ညောင်လေးပင် မြို့နယ်၊ မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်အထက် ၂ ပေခွဲခန့်ကျော်လွန်နေပြီး နောက် ၆ နာရီအတွင်း ပဲခူး၊ ရွှေကျင် စတဲ့မြို့နယ်တွေမှာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။