Cherry

ကလေးမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး သေဆုံး

“ဆုံးတာက အဲ့တယောက်ထဲ၊ သူ့ယောက်ကျ်ားလည်း ခါးထိတာ အခြေအနေမကောင်းဘူးလို့ပြောတယ်၊ အသက်ရှင်ရင်တောင်မှ ဘာမှလုပ်နိုင်မယ့်ပုံ မရှိတော့ဘူး။”

စစ်ရှောင်စခန်းက မူလတန်းလွန်ကျောင်းအတွက် အမိုးအကာနဲ့ အကူညီတွေလိုအပ်နေ (ရုပ်/သံ)

မိုးတွင်းကာလ ရောက်တော့မှာဖြစ်တဲ့အတွက် ကျောင်းအတွက် အမိုးအကာတွေနဲ့ စာသင်ကြားရေး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းဖြစ်တဲ့အတွက် အစစအရာရာခက်ခဲနေပြီး ကလေးတွေနဲ့ ဆရာ၊ ဆရာမ တွေစားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေသလို စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့အခြေပြုကျောင်းအတွက် CDM အထက်တန်းပြဆရာတွေ လိုအပ်နေ

“အထက်တန်းအဆင့် Grade 10,11,12 တွေမှာတော့ ဘာသာရပ်အလိုက် Specialized သမားတွေ လိုအပ်လာပြီ။ ဆရာလိုအပ်ချက်က ကျောင်းတိုင်းမတူကြဘူး။ သူတို့မှာ အထက်တန်းအတွက် CDM ၂ ယောက်ရယ် Volunteer လောက်ရယ်နဲ့ Run နေကြရတာ၊ CDM လာရင် Volunteer တွေက အလယ်တန်းကိုကူကြရမှာ။”

ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာပါခဲ့တဲ့ မုံရွာမှာ မိုးသက်လေပြင်းကျလို့ နေအိမ်တချို့ပျက်စီး

“လေရောမိုးရော တပြိုင်တည်းကျတာ၊ နေရာအနှံ့ သစ်ကိုင်းတွေကျိုး၊ ဓါတ်တိုင်တွေလဲ၊ သွပ်မိုးတွေလန်၊ တချို့အိမ်လေးတွေ ခေါင်တွေပါလန်တယ်။”

ကျင်ဒွေးတိုက်ပွဲမှာ သေနတ် ၂၀ ကျော်ရပြီး သုံ့ပန်းတချို့ဖမ်းမိ

“စစ်ကောင်စီက မြို့ကနေထွက်ခွာပြီးနောက် အကွဲကွဲအပြားပြားဖြစ်နေတယ်။ မကွေးဘက်ကိုလည်း ဆုတ်နေ တယ်။ သုံ့ပန်းတွေက ဆက်တိုက်မိနေတယ်။ တယောက်မိလိုက် သေနတ်ရလိုက်တော့ ဖြစ်နေတယ်။ ကျင်ဒွေး စက်ဝန်းထဲကနေ လွတ်သွားအောင်တော့ အပြီးသတ် ချေမှုန်းနေတုန်းပဲ”

ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီး မြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်

“အောင်မြင်မှုတော့ ရှိပါတယ်။ မပြီးစီးသေးပါဘူး။ အခုချိန်မှာ အခြေအနေက ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။”

SNA က တပ်စိတ်မှူးအဆင့်ရှိ ရဲဘော် ၂ ဦးအပါ ၅ ဦး လက်နက်တွေနဲ့အလင်းဝင်

“ပြည်သူနဲ့ ပူးပေါင်းပြီး ပြည်သူ့ဘက်က ရပ်တည်ချင်လို့ ဝင်လာတာပါ၊ ဆိုင်ရာဆိုင်ရာ ရပ်ကျေး ပကဖတွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာပါတယ်၊ အားလုံးကို သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း ကူညီပံ့ပိုးပေးနေတယ်။”

အောင်လံမှာ ပြည်သူ ၁၅၀ နီးပါးကို စစ်တပ်ကဖမ်းပြီး သွေးစစ်တာတွေလုပ်နေ

“အရင်နေ့က ရွာတွေထဲက မဲပေါက်တဲ့သူတွေကို လိုက်ခေါ်ထားတာရှိတယ်။ အဲ့လူတွေကိုက ရွှေတောင်(မြို့)ကို ပို့တယ်။ မနေ့က ထပ်ဖမ်းထားတဲ့ သူတွေက အထက ၁ ထဲမှာပဲ ရှိနေတယ်။ မြို့ထဲကို ‘အောင်လံမိုး’ ယာဥ်လိုင်းကကားတွေနဲ့ ပတ်ဆွဲတာပါ။ မနက်ဖြန်ကျရင် ရွာတွေထဲထိ ဝင်ဆွဲမယ်လို့ ကြားတယ်။”

နာရေးလိုက်ပို့ချိန် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၂ ဦးထပ်မံသေဆုံး

“မနေ့က သေတဲ့သူတွေကို သင်္ချိုင်းပို့တာလေ၊ ပို့ရင်း အဲ့နားကို လက်နက်ကြီးကျတာ။ ကျနော့်သူငယ်ချင်း တယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တယောက်က အောက်ဆီဂျင်သွင်းထားသေးတယ်။ နာရီဝက် လောက်နေမှ ဆုံးတာ။”

ကလေးမြို့မှာ စစ်တပ်ကလက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်လို့ ရဲဘော် ၂ ဦးနဲ့ ကလေးတွေအပါ အရပ်သား ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ပျဥ်းတော်ဦးရွာနဲ့ညောင်ကုန်းရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးသီးထိမှန်လို့ ကာကွယ်ရေးရဲဘော် ၂ ဦးနဲ့ ကလေးငယ်တွေအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်လံကစစ်တပ်ဂိတ်တခုမှာ လမ်းသွားကားတွေတားပြီး လူငယ်တွေကိုဖမ်းဆီးနေ၊ အမျိုးသား ၃၀ ကျော်ဖမ်းဆီးခံထားရ

“အရှေ့တောဘက်ကလာတဲ့ တောကားတွေပေါ်မှာ ပါလာတဲ့ လူငယ်တွေကို ဆွဲခေါ်ထားပါတယ်။ ကားတိုင်းကို ကားပေါ်တက်ကြည့်တယ်။ လူငယ် ၃ ယောက်လောက်ပါရင် သန်သန်မာမာ ၂ ယောက်လောက်ဆွဲတယ်။ ၂ ယောက်ပါရင် တယောက်ရွေးပြီးဆွဲတယ်။ ‘မင်းတို့ခဏနေခဲ့ဦး’ပြောပြီး အကုန်ဆွဲချထားတယ်။”

ကိုယ်ဝန်ဆောင်တွေဆေးကုနေတဲ့ ဆေးခန်းအနီး လေကြောင်းကနေဗုံးကြဲလို့ ၇ ဦးထိခိုက်

“ကင်းထောက်လေယာဥ်ကြီးက တမနက်လုံးပတ်နေတာ။ ဆေးခန်းကလည်း ဖွင့်နေတာဆိုတော့ တို့တွေက အဲ့ကတည်းက မသင်္ကာဘူး။ ဒီနေ့က OG ရှိတဲ့နေ့ဆိုတော့ ဗိုက်ကြီးသည်တွေကလည်း တအားများ။ ဆေးခန်းကဖွင့်တော့ ဈေးထဲကလူတွေကလည်း ဈေးရောင်းနေတာ။ အဲ့လူတွေ ထိလိုက်တာ၊ ဆေးခန်းနားကပ်ကျတာ၊ ဆေးခန်းကိုသာကျရင် မလွယ်ဘူး။”

မိုင်ဂျူလီယာဆွီးနိကိမ် (ရုပ်သံဆောင်းပါး)

သူ့နာမည်က မိုင်ဂျူလီယာဆွီးနိကိမ် (ခ) A Nge ပါ။ အသားဖြူဖြူ လူကောင်သေးသေး ဆံပင်တိုတို။ သူ့ကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကူလ်ဇမ်ရွာမှာ မွေးခဲ့တာပါ။ အာဏာမသိမ်းခင်က ကလေးတက္ကသိုလ်၊ ဘူမိဗေဒမေဂျာမှာ တတိယနှစ်တက်နေတဲ့ ကျောင်းသူဖြစ်ပြီး မေဂျာဘောလုံးအသင်းမှာလည်း ပါဝင်ခဲ့သူပါ။

ကလေးနဲ့ NUG ထိန်းချုပ်နယ်မြေ ခမ်းပါတ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲမှု အနည်းဆုံးအရပ်သား ၃ ဦးသေဆုံး

“ တလုံးနဲ့ တလုံးကမိနစ်ပိုင်းပဲခြားတယ် ကြဲသွားတာ။လတ်တလောသိထားတာက စော်ဘွားရေရှင်က ၁ ယောက်၊ ခမ်းပါတ်က ၂ ယောက်သေတယ်။ ဒဏ်ရာရတာက ခမ်းပါတ်က ၈ ယောက်၊ ရေရှင်က ၅ ယောက်”

ဥပဒေပညာပါ သင်ကြားပေးခဲ့တဲ့ RKDF တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပြီ (ရုပ်/သံ)

“သင်တန်းသားတွေက တိုက်ခိုက်ရေး တမျိုးထဲကိုပဲ သင်ယူရတာမဟုတ်ဘူး၊ ညစခန်းသိမ်း နေ့စခန်းသိမ်းဆိုတဲ့ ပုံစံမျိုးစုံနဲ့ သင်တန်းပေးတယ်၊ ဥပဒေပညာကိုတော့ စာတွေ့အနေနဲ့ သင်ကြားပေးတယ်၊ သင်တန်းမဆင်းခင် စာမေးပွဲတွေ ဖြေဆိုခဲ့ရတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10