သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက် ဒုဗိုလ်မှူးကြီးတဦး အရှင်ဖမ်းမိ
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေဘက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဩဂုတ် ၂၆ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။