Cherry

ငွေမဲစက္ကူ ၂ သောင်းတန် အသုံးမပြုရေး ကန့်ကွက်ဆန္ဒပြ

“ငွေမဲစက္ကူ ဖြစ်နေတဲ့အတွက် အသုံးမပြုအောင်လို့ ကန့်ကွက်တဲ့ သဘောအနေနဲ့ လုပ်ဖြစ်ခဲ့တာ၊ ပြည်သူတွေကို လုံးဝအသုံးမပြုဖို့ လှုံ့ဆော်ပေးတဲ့သဘောပါ၊ ၂ သောင်းတန် စက္ကူငွေ ထွက်လာခဲ့ရင်လည်း အသုံးမပြုကြဖို့ တိုက်တွန်းချင်ပါတယ်။" လို့ ဆားလင်းကြီး ပကဖ အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကျပ် ၂ သောင်းတန် လက်ထဲမရောက်ရေး ဆုတောင်းနေရတဲ့ အညာပြည်သူတွေ

နည်းလမ်းမျိုးစုံနဲ့ ရောက်လာနိုင်တဲ့ ကျပ် ၂ သောင်းတန်ငွေစက္ကူကို ဒေသခံပြည်သူတွေက လက်မခံပါကလည်း စစ်ကောင်စီဘက်က အန္တရာယ်ပေးနိုင်သလို လက်ဝယ်ထားရှိပါကလည်း PDF တွေရဲ့ အရေးယူမှုကို ခံရနိုင်တာကြောင့် ဒီအခြေအနေဟာ ဒေသခံပြည်သူကို အင်မတန် အကြပ်ရိုက်စေတဲ့ အနေအထားဖြစ်စေတယ် လို့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်အင်အားစုမှ ရဲဘော် ကိုစနေက ပြောပါတယ်။

အညာဒေသက ကျောင်းသားလက်ရုံးတပ် အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို AA တာဝန်ရှိသူတွေ တက်ရောက်

“အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲက ပထမဆုံးအကြိမ်ပါဗျ။ သင်တန်းလေ့ကျင့်ရေး ကြမ်းတမ်းမှုကြောင့် ရဲဘော် ၂ ဦး ဆေးနားသွားရတယ်။ ကျနော်တို့လှုပ်ရှားတဲ့ စစ်ဒေသတွေမှာ မဟာဗျူဟာမြောက်တိုက်ပွဲတွေ ဖော်ဆောင်ဖို့ကို အဓိကထားလုပ်ဆောင်သွားမှာပါ " လို့ ကျောင်းသားလက်ရုံးတပ်တော် တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

နိုင်ကျဉ်းတချို့နဲ့ အဖမ်းခံရသူတွေကို စစ်ကြောင်းထိုးရာမှာ စစ်ကောင်စီက အသုံးပြု

“သေဒဏ်ကျထားတဲ့ ၄ ယောက်မှာ အမျိုးသမီးကတော့ ကျန်ထားခဲ့တယ်။ ကျန်တဲ့ ၃ ယောက်ကတော့ စစ်ကြောင်းထဲ ပါသွားတယ်။ အဖမ်းခံရပြီး စစ်ကြောင်းထဲ ထည့်ပေးလိုက်တာတော့ရှိတယ်၊ ပြစ်ဒဏ်ကျပြီးမှ စစ်ကြောင်းထဲထည့်တာတော့ ဒါပထမဆုံးပဲ။ ဖမ်းခံရတာက အများကြီး၊ ထောင်ထဲရောက်တာက နည်းနည်းလေးရယ်” လို့ အင်းတော်ဒေသခံတဦး က ပြောပါတယ်။

စစ်တပ်ထုတ်ကုန် ဝင်ငွေလျှော့ချရေး ကမ်ပိန်း

ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲအဖြစ် ဩဂုတ်လကနေ စပြီး ၂ လအတွင်း စစ်တပ်ပိုင် ဘီယာ ၆ မျိုးနဲ့ ဆေးလိပ် ၂ မျိုးရဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ပိတ်ဆို့ဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ပါဝင်ပေးကြဖို့ သပိတ်အင်အားစုတွေက တောင်းဆိုထားပါတယ်။

အင်းတော်က ၂ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးနဲ့ ABSDF ရဲဘော် ၁ ဦးသေဆုံး

“စစ်ကောင်စီဘက်က ပထမဆုံးနေ့မှာ အင်းတော်ကို သေတဲ့ ၂ ယောက်ပို့တယ်။ မနေ့(သြဂုတ် ၂၈)ကတော့ အနည်းဆုံး ၆ ယောက်လောက်သေတယ်၊ ဒဏ်ရာရတွေလည်း အများကြီးပဲ၊ မိုင်းတွေလည်း မိထားတာ၊ ကိုယ့်ဘက်ကျတာက ရန်သူရဲ့ ရှေ့ပွိုင့်တွေက အများကြီးကျတော့ လက်နက် သွားကောက်တာမှာ နောက်က ငါးကြင်းမြီး (စက်လတ်)နဲ့ ဆွဲလို့ ထိသွားတာ။”

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆီဘောက်ဆာတွဲကား တိမ်းမှောက်ပြီးမီးလောင်လို့ ယာဉ်မောင်းသေဆုံး

“ ဆီဂါလံ ၈၀၀၀ ကျော်မယ်ထင်တယ် ဘောက်ဆာတွဲကားက တော်တော်ကြီးတယ်။၊ ၂ နာရီလောက် မီးငြှိမ်းလိုက်ရတယ်၊ ကားကတော်တော်ဆိုးဆိုးကို လောင်သွားတာဆိုတော့ အလောင်းကတော့ တွေ့၊ မတွေ့ မသေချာဘူး”

မကွေး ခမရ ၃၀၁ နဲ့  ၃၁၇ တပ်ရင်းမှူးတွေ အမိန့်ဖီဆန်မှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

တပ်မ ၈၈ ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်အတွင်းမှာ ခမရ ၃၀၁ ယာယီ တပ်ရင်းမှူး စစ်တက္ကသိုလ်အပတ်စဉ် ၄၆ ဆင်း ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ဇေယျာထွန်း ဟာ စစ်ခေါင်းဆောင်တွေရဲ့ စစ်ရေးအမိန့်ညွှန်ကြားမှုကိုဖီဆန်ခဲ့လို့ ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းအတွင်း ပြီးခဲ့တဲ့ဇွန်လက ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ထောင်အနှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့ CDM တပ်မတော်သားတွေနဲ့စုဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင် - People's Goal က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ထုတ်ကုန် ဝင်ငွေ ၇၀ ရာခိုင်နှုန်း လျော့ချရေး အညာက မြို့နယ် ၂၀ ကျော်မှာ ကမ်ပိန်းပြုလုပ်

“နယ်တွေမှာဆို စစ်တပ်ထုတ်ကုန်က မရှိသလောက်နီးပါးကို ရှားနေပြီ၊ ပြည်သူလူထုကလည်း အားမပေးကြဘူး၊ ဈေးဆိုင်တွေက မတင်ဘူးဆို ဒီပစ္စည်းတွေက ပြည်သူဆီ ရောက်မှာမဟုတ်တော့ ဈေးဆိုင်တွေကို အဓိကထားပြီးတော့ ဖြန့်နေတယ်၊ မြို့နယ်ပေါင်း ၂၀ကျော်မှာ စနေပြီ။”

စစ်ကြောင်းဝင်သွားတဲ့ရွာကို နယ်မြေရှင်းလင်းရေးဝင်ချိန် ခေါင်းမပါတဲ့ ရဲဘော်အလောင်း ၅လောင်းတွေ့

“ကျေးရွာဘုန်းကြီးကျောင်းရဲ့ မြောက်ဘက် အုတ်တံတားဘေးမှာ သတ်ဖြတ်ထားခဲ့တယ်။ ၅ ယောက်လုံးက အရှင်ဖမ်းခံရပြီးမှ သတ်ဖြတ်ခံရတာ။ သေနတ်ဒဏ်ရာ မတွေ့ဘူး။ ခေါင်းတွေပဲ အကုန်ဖြတ်သွားတယ်။ ခေါင်းတခြား ကိုယ်တခြားပေါ့။ ခေါင်းတွေကတော့ တန်းစီထားခဲ့တာ။”

မင်းတုန်းမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့  အနည်းဆုံး ၁၅ ဦးသေ

“ကျနော်တို့က မိုင်းဆွဲတော့ စကစဘက်က ဘေးနီးစပ်ရာ တောတွေထဲဝင်ပြီး တိုက်ပွဲဖြစ်ကြတယ်။ သူတို့ဘက်က လက်နက်ကြီးပစ်ကူတာ သူတို့လူအပေါ်ကို ပြန်ကျတာရှိတယ်။ စုံစမ်းသိရသလောက် ၅၀ ဝန်းကျင်သေတယ်။ ၅ မိုင်မှာ ကျွင်းတူးပြီး သင်္ဂြိုလ်တယ်လို့ ကြားရတာပေါ့။" လို့ သရက်ခရိုင်တပ်ရင်း - ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

အင်းတော်မှာ အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဒဏ်ချမှတ်ခံရ

“တဦးက ကားမောင်းတာ၊ ကျနော် သိသလောက်တော့ PDF တွေနဲ့ အဆက်စပ်မရှိဘူး၊ ၂ ဦးက ထီးချိုင့်ကနေ ခရီးသွားရင်း အင်းတော်မြို့ထဲမှာ ဖမ်းခံလိုက်ရတာ၊ ကသာခရိုင်မှာဆို အင်းတော်က အဆိုးဆုံးဖြစ်နေတယ်၊ ထောင်နှစ်ရှည်ချတာရော၊ ပုဒ်မကြီးတွေ တပ်တာရော၊ နယ်စပ်ဒေသမို့ အဖမ်းအဆီး ပိုကြမ်းပြီး ပိုတင်းကြပ်နေတာ။”

စစ်ကိုင်းနယ်စပ်က စစ်ကြောင်းကြောင့် ရဲဘော် ၃ ဦး သတ်ခံရပြီး အမျိုးသမီးငယ် ၁ ဦး သေဆုံး

“ကင်းသမားလေးတွေကို မနက် ၁ နာရီလောက်မှာ မိပြီး သတ်ပစ်လိုက်တယ်။ ကင်းကို ပတ်ဝိုင်းလိုက်တာဆိုတော့ ဘယ်လိုမှ မလွတ်တော့ဘူး ဖြစ်သွားတာ၊ နေ့လယ်ပိုင်းမှာ စစ်ကြောင်းထွက်သွားတယ် အယောင်ပြပြီး ကင်းပုန်းနဲ့ကျန်နေခဲ့တယ်။ အဲ့ချိန်မှာ ရွာသားတွေက အလောင်းထွက်ကောက်ချိန် အကောက်မခံဘဲ စက်လက်တွေနဲ့ တောက်လျှောက်ဆွဲတာ။ အဲ့မှာ နောက်ထပ်တယောက် ထပ်ကျသွားတယ်။” လို့ ဒေသခံတဦး က ပြောပါတယ်။

တပ်ကြပ်ကြီးအပါ ၃ ဦးသေဆုံးခဲ့ပြီး သေနတ် ၂ လက်ပါရခဲ့တဲ့ ကပစ ၂၃ စစ်စခန်းကုန်းတိုက်ပွဲ (ရုပ်/သံ)

“လုံခြုံရေးမိုင်းတွေလည်း အထပ်ထပ်ကာထားတယ်။ အဲ့ဒါကို ကျနော်တို့က တက်ပြီးမှ သိမ်းတာပါဗျ။ သူတို့ဘက်က သေတဲ့သူတွေက ဒီတိုင်းပဲ အလောင်းတွေရတယ်။ မသေတဲ့ တချို့ တပ်သားတွေကတော့ လက်နက်တွေ ယူပြီးမှ ထွက်ပြေးသွားတယ်။ ကျနော်တို့က ပြင်းပြင်းထန်ထန် ကျားထိုးပြီးမှ ပစ်အားကောင်း ကောင်းနဲ့ ဝင်လိုက်တာဆိုတော့ ထွက်ပြေးသွားတဲ့အခြေနေမျိုးပါ။”

ကပစ ၂၃ စခန်းကုန်းတိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေ၊ သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ရ

“လုံခြုံရေးမိုင်းတွေလည်း အထပ်ထပ်ကာထားတယ်။ အဲ့ဒါကို ကျနော်တို့က တက်ပြီးမှ သိမ်းတာပါဗျ။ သူတို့ဘက်က သေတဲ့သူတွေက ဒီတိုင်းပဲ အလောင်းတွေရတယ်။ မသေတဲ့ တချို့တပ်သားတွေကတော့ လက်နက်တွေ ယူပြီးမှ ထွက်ပြေးသွားတယ်။ ကျတော်တို့က ပြင်းပြင်းထန်ထန် ကျားထိုးပြီးမှ ပစ်အားကောင်းကောင်းနဲ့ ဝင်လိုက်တာဆိုတော့ ထွက်ပြေးသွားတဲ့အခြေအနေမျိုးပါ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10