Cherry

အင်းတော်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦး အပါ ပြည်သူ ၁၇ ဦး သေဆုံး

“ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချသွားတာ၊ PDFတွေရှိတဲ့နေရာကိုကြဲတာကို မှားပြီးတော့ စစ်တပ်အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကြဲမိတာ။ အဲ့မှာ ပြည်သူတွေပါ သေသွားတာ။ သေတဲ့သူ တော်တော်များများက မိသားစုဝင်တွေ များတယ်။”

ပျူစောထီးတွေကျက်စားတဲ့နေရာအနီး လူနာတင်ကားပစ်ခံရပြီး ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်

"ဆရာတော်က ကားခေါင်းခန်းမှာ ပွဲချင်းပြီးပျံလွန်တော်မူတာ။ အဲ့ဒီနေရာက မြို့နဲ့အနီးဆုံးဆိုတော့ ပျူစောထီးတွေ အမြဲတမ်းနေတဲ့နေရာ"

ကလေးမြောက်ပိုင်းတိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံး

“ ဆည်ကြီးမှာကျတာ။ သဲကုန်းတန်းမှာက သူ့ဘက်၊ကိုယ့်ဘက် ထိခိုက်ရှိတယ်၊ ကျဆုံးမရှိဘူး။ လက်နက်ကြီးတွေ မနက်အစောကြီးကစ ဆက်တိုက်ထုတာ၊ ဒရုန်းရော၊ အဲ့တာတွေမှာ ထိကြတာ။ စစ်ကောင်စီဘက်ကလည်း ** ၂ ကောင်နဲ့ **ဗိုလ် ၁ ကောင်ထိတယ်”

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အရာတော်နဲ့ မြင်းမူမှာ ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် သပိတ်အဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ချေမှုန်းရေးတာဝန် ထမ်းဆောင်နေတဲ့ LGBT ရဲဘော် (ရုပ်/သံ)

တော်လှန်ရေး ကာလတလျှောက် စိတ်ဓာတ်ကျတာတွေ စိတ်အားငယ်တာတွေ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် လက်လျော့မသွားဘဲ တိုက်ပွဲဝင်နေဆဲဖြစ်ကာ တော်လှန်ရေး အောင်မြင်သွားခဲ့ရင် LGBT တွေအနေနဲ့ ဖြစ်တည်မှုအတိုင်း လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်နဲ့ LGBTတွေအတွက် ကောင်းမွန်တဲ့ ဥပဒေတွေ ပေါ်ပေါက်လာဖို့လည်း သူကမျှော်မှန်းထားပါတယ်။

ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာပြင်းထန်ရ

ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဥ်းသူ ၃၀ ကျော်နဲ့ ဒိုက်ဦးထောင်မှာရှိတဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း ၅၀ ကျော်ကို ဦးစီးအရာရှိ ကျော်ဇေယျ၊ မျိုးသီဟအောင် (၁ ပွင့်)၊ မင်းဇော်သိန်း (၁ ပွင့်)၊ အဆောင်မှူး ကိုလေးမြင့်တို့က ဦးဆောင်ကာ အမျိုးသားဝန်ထမ်း ၂၀ ခန့်က သေနတ်ပစ်ဖောက်ပြီး လေးခွနဲ့ ပစ်တာ၊ ရာဘာတုတ်၊ သစ်သားတုတ်၊ ကျစ်ကြိုး စတာတွေနဲ့ ရိုက်နှက်ခဲ့တာအပြင် ကျဥ်စက်နဲ့ တို့တာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာပအဖတွေပါ နုတ်ထွက်ခဲ့ကြတဲ့ ထီးချိုင့်နယ်ပသုံးလုံးရဲ့ လမ်းသစ်စီမံကိန်း

“ ပြည်သူတွေကလက်မခံတာကို အားတမ(အဓမ္မ)ပဲဖောက်တာ။ ဒါဟာမတရားမှုပဲဆိုပြီး ကျနော်တို့က ပြည်သူတွေဘက်ကို မျက်နှာမူပြီး ပြည်သူနဲ့တသားတည်း ရပ်တယ်။ ပြည်သူကို မျက်နှာလည်း မပြရဲတော့ဘူး၊ ရှက်စရာလည်းကောင်းတယ်။ မင်းတို့ အဖွဲ့အစည်းအောက်မှာ မလုပ်နိုင်တော့ဘူးဆိုပြီး နုတ်ထွက်လိုက်တာပါ”

မင်းတုန်းနယ်က အများပြည်သူသုံးတဲ့လမ်းတွေမှာ စစ်ကောင်စီက မိုင်းတွေထောင်

“တောင်ယာသွားတဲ့လမ်းတွေ၊ သစ်ထုတ်တဲ့လမ်းတွေ၊ နွားပို့တဲ့လမ်းတွေမှာ ထောင်ထားတာ။ စစ်ရေးပစ်မှတ် နေရာတွေလည်း မဟုတ်ဘူး။ အများပြည်သူ သွားတဲ့လမ်းတွေ၊ လမ်းဆုံတွေဆို ပိုထောင်တယ်။ မလွတ်အောင်ပေါ့၊ ဒီကောင်တွေက ပျိုးကြဲသလိုပဲ မိုင်းကွင်းတကွင်းကို ၂၅ လုံးလောက် ထောင်ထားတာ။ အဲ့မိုင်းတွေနင်းမိလို့ အသက်ဆုံးရှုံးခဲ့တာတွေ ရှိတယ်။”

စစ်မှုထမ်းဥပဒေကိုရှောင်ပြီး PDF တွေဆီရောက်လာတဲ့ လူငယ်‌ ၄ ဦးထွက်ပြေး၊ စစ်ကောင်စီက PDF တွေ အလင်းဝင်တယ်ဆိုပြီး အခမ်းအနားနဲ့ကြိုဆို (ရုပ်/သံ)

“ PDF တော့ မဟုတ်ဘူးပေါ့။ သင်တန်းတက်နေရင်းကနေ မပြီးမြောက်သေးဘဲ ထွက်ပြေးသွားတဲ့ ကလေးတွေပေါ့ ”

စစ်မှုထမ်းဥပဒေကိုရှောင်ပြီး PDF တွေဆီရောက်လာတဲ့ လူငယ်‌ ၄ ဦးထွက်ပြေး၊ စစ်ကောင်စီက PDF တွေ အလင်းဝင်တယ်ဆိုပြီး အခမ်းအနားနဲ့ကြိုဆို

“ PDF တော့ မဟုတ်ဘူးပေါ့။ သင်တန်းတက်နေရင်းကနေ မပြီးမြောက်သေးဘဲ ထွက်ပြေးသွားတဲ့ ကလေးတွေပေါ့ ”

နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက VPN တွေစစ်ဆေးပြီး ဖမ်းဆီးငွေတောင်းနေ

“ဒီမနက်မှ စ,စစ်တာ၊ ခရီးသွားတွေဆီက VPN ဆော့ဝဲလ် မိရင် ၅ သောင်း တောင်းတယ်။ အသိတယောက်ဆို VPN စစ်နေတာတွေ့လို့ ပြန်လှည့်ပြေးခဲ့ရတယ်။”

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် တနိုင်ငံလုံးအတိုင်းတာနဲ့ ပန်းသပိတ်ပြုလုပ်ဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

“စစ်ကောင်စီက ပြည်သူလူထုအပေါ်ကို အရှိန်မြှင့်ပြီး ဖိနှိပ်နေတဲ့ ကာလဖြစ်တယ်။ ဒီလိုအချိန်ကာလမှာ စစ်အာဏာရှင်တွေ ပြုသမျှ “ငုံ့မခံဘဲ” စုစုစည်းစည်းနဲ့ တုန့်ပြန်ကြရမယ့် အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်။ အဲ့ဒီအတွက် ပန်းသပိတ် လှုပ်ရှားမှုတွေကနေ စစ်အာဏာရှင်တွေ ပြုတ်ကျသွားအောင်အထိ ကျနော်တို့ ပြည်သူလူထုကိုယ်တိုင် နည်းလမ်းမျိုးစုံနဲ့ တုန့်ပြန်ကြဖို့ အရေးကြီးပြီလို့ တိုက်တွန်းချင်ပါတယ်။"

ကလေးမြို့က ရေကူးကန်မှာ လူငယ်တွေကို စစ်တပ်ကဝင်ဖမ်းပြီး စစ်မှုထမ်းမယ့်ခံဝန်ထိုးခိုင်း

“ပျူ ၃ ကောင်က ရေကူးကန်က ကောင်မလေးတွေကို ထိကပါး ရိကပါးလိုက်လုပ်နေလို့ ကောင်မလေးတွေက တာဝန်ခံကို တိုင်လိုက်တာ။ အဲ့မှာ သူတို့ ၃ ယောက်ကို ရေဆက်မကူးခိုင်းတော့လို့ ပြန်သွားပြီး ရေကူးကန်မှာ PDF တွေ ရောက်နေပါတယ်ဆိုပြီး စစ်တပ်ကို ခေါ်လာတာ။”

တန့်ဆည်မှာ စစ်ကောင်စီသတ်လို့ PDF ၄ ဦးနဲ့ ပြည်သူ ၅ ဦး သေဆုံး

“အိုးသည်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ ညအိပ်တယ်၊ နောက်ရက် စစ်ကြောင်း‌ပြန်ခေါက်သွားမှ ပြည်သူ သတ်ထားခဲ့မှန်း သိတယ်၊ ၂၇ ရက်ကနေ ၆ ရက်နေ့အတွင်း တန့်ဆည်အရှေ့ခြမ်းကတင် ပြည်သူ ၅ယောက် အသတ်ခံရတယ်။”

ခန္တီးနဲ့ မော်လိုက်ခရိုင်က ၁ လအတွင်းတိုက်ပွဲတွေမှာ စစ်သား ၁၀၀ ဝန်းကျင်သေဆုံးပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်ထဲက ကျေးရွာတွေအနီး မေလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၀၀ ဦးဝန်းကျင်သေဆုံးပြီး သေနတ် ၃၉ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဇွန် ၇ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10