ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေ (အသံလွှင့်ဆောင်းပါး)
သူတို့သားအမိရဲ့ ဖုန်းနံပါတ် ကျမမှာရှိပေမယ့် ဖုန်းမဆက်ရဲဘူး။ သူတို့အဆင်ပြေပါစေလို့ပဲ ဆုတောင်းရင်း သူတို့သားအမိသတင်းတွေကို နားစွင့်နေမိတယ်။ အခုနောက်ပိုင်း ပြန်ကြားရတာကတော့ .........
သူတို့သားအမိရဲ့ ဖုန်းနံပါတ် ကျမမှာရှိပေမယ့် ဖုန်းမဆက်ရဲဘူး။ သူတို့အဆင်ပြေပါစေလို့ပဲ ဆုတောင်းရင်း သူတို့သားအမိသတင်းတွေကို နားစွင့်နေမိတယ်။ အခုနောက်ပိုင်း ပြန်ကြားရတာကတော့ .........
“ရဲဘော် ၂ယောက်က မနေ့ကပွဲမှာ ကျတာ။ KKG က တယောက်ကျတယ်တော့ သိထားတယ်။ နောက်တယောက်ကတော့ ရင်းကဖြစ်မလား၊ ပကဖက ဖြစ်မလား မသိသေးဘူး။"
“G-12က စကစကျောင်းတွေမှာ သင်ရိုးစာအုပ်တွေထွက်တယ်၊ ဒါပေမယ့် MOE ကကျတော့ G-12 သင်ရိုးမထွက်သေးဘူး၊ ကလေးတွေတချို့က G-12 ရောက်နေပြီ၊ သူတို့တွေကကျတော့ စကစဆီက အရင်စာအုပ်နဲ့ပဲ သင်ရမလား၊ နောက်စာအုပ်ပဲစောင့်ရမလား ကိုးလိုးကန့်လန့်ဖြစ်နေတယ်။”လို့ မြောင်မြို့နယ်ထဲက ကျောင်းဆရာတဦးက ပြောပါတယ်။
“ခုသင်တန်းက အခက်ခဲတွေ အများကြီးရှိတယ်၊ အရင်သင်တန်းထပ်လည်း ပိုအားရတယ်၊ မိုးတွင်းဖြစ်နေတဲ့အတွက် ရေကြီးရေလျှံတာတွေ ဖျားနာတာတွေကြားက ရအောင် ပေးခဲ့ရတယ်၊ ဆုရအမျိုးသမီးရဲဘော်က သင်တန်းကာလတလျှောက်လုံး တရက်မှ မနားဘူး နေမကောင်းဖြစ်နေတာတောင် မနားဘူး၊ ဇွဲရှိတယ်။”လို့ တပ်ရင်းတာဝန်ခံ ကိုစံသျှားက မြေလတ်အသံကို ပြောပါတယ်။
အဖက်ဖက်က အသာစီးရထားတဲ့ စခန်းသိမ်းတိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် လက်နက်မမျှလို့ အောင်မြင်မှုတဝက်သာ ရခဲ့ကြပါတယ်၊။ အဲ့ဒါကြောင့် တပ်ဖွဲ့ရဲ့ တိုက်စစ်ကို ပိုမြှင့်ဖို့အတွက် “အောက်ချင်းတောင်ပံ”ဆိုတဲ့ ကမ်ပိန်းနဲ့ ဒရုန်းတစီး ဝယ်ယူဖို့ကြိုးစားနေတယ်လို့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
“ရဲကင်းမှာ အင်အားက ၇ ယောက်ကို ၅ယောက် အသေပစ်ခဲ့လိုက်ရတယ်။ ကိုယ့်ဘက်ကပဲ လက်ဦးမှု ယူပြီးတိုက်ခဲ့တာ၊ သူတို့က အငိုက်မိသွားတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တော့ မပစ်ခဲ့ဘူး။ ကျနော်တို့ဘက်ကပဲ ပစ်တာ”
“စာသင်ကျောင်းကို ဝင်စီးဖို့လာတဲ့အခါ ကျောင်းသားတယောက်က မြင်လိုက်လို့ အကုန်ထွက်ပြေးလိုက်နိုင်တယ်၊ ခြေလျင်စစ်ကြောင်းဆိုရင် အသာလေးရှောင်တိမ်းလို့ရတာပေါ့၊ ခုကျ ကားနဲ့ ရောက်လာတော့ ကပ်ကာ လွဲကာ ရှောင်တိမ်းလိုက်ရတယ်၊ ခုလောလောဆယ်တော့ စာမသင်ဘဲ ရပ်ထားရတာပေါ့။”
စက်တင်ဘာလ ၉ ရက် ဒီနေ့ မနက်ပိုင်းမှာ “Our Ambassador - Our Voice၊ ငါတို့သံအမတ် - ငါတို့အသံ” စာသားပါဘန်နာကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“အထဲထိဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ သူတို့ဘက်က ဗိုလ်လို့ယူဆရတဲ့သူက ရေချိုးဆင်းလာတယ်။ အဲ့မှာရန်သူက ကျတော်တို့ ရဲဘော်တွေကို သူတို့ရဲဘော်ထင်ပြီး ဘာလုပ်နေကြတာလဲ လှမ်းမေးတဲ့အချိန်မှာ စပစ်တာပေါ့။ မလှမ်းမကမ်းမှာရှိတဲ့ စကစ နောက်တယောက်က ရန်သူ ရန်သူဆိုပြီးအော်တယ်။ အဲ့ရဲဘော်လည်း ရှင်းနိုင်တယ်၊ လက်နက်နဲ့ ချောက်ထဲပြုတ်ကျသွားတယ်။ လက်နက်တော့ မကောက်နိုင်ခဲ့ဘူး။”
စက်တင်ဘာ ၈ ရက် ဒီကနေ့ မနက် ၃ နာရီဝန်းကျင်လောက်ကတည်းက ရေစတက်လာတာဖြစ်ပြီး မြို့တွင်းရေမြောင်းတွေ အမှိုက်ပိတ်ဆို့တာ၊ မိုးများတာတွေကြောင့် ရေက ဆက်တိုက်တက်နေကာ တောင်ဇလပ်၊ တောင်ဖီလာနဲ့ အောင်မင်္ဂလာ ရပ်ကွက် ၃ ခုကတော့ ရေနစ်မြုပ်မှု အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
မြောင်းကြီးစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၄ ရက်က လူ ၂ ဦးစီးလာတဲ့ ဆိုင်ကယ်တစီးဟာ ရပ်မပေး လို့ဆိုပြီး လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ရာက အစစ်ဆေးခံဖို့ရပ်ထားတဲ့ ကားခေါင်းခန်းထဲက ပြည်သူ တဦးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ၁၀ လပိုင်းကတည်းက MDF Special force - လင်းယုန်စစ်ကြောင်းကို စတင်တည်ထောင်ခဲ့ပေမယ့် စစ်ရေးတဖက် သင်တန်းတဖက်နဲ့ တဆင့်ခြင်း တည်ဆောက်ခဲ့ရတဲ့အတွက် ၂၀၂၃ ခုနှစ်မှ စစ်ကြောင်းတခုအနေနဲ့ ရုပ်လုံးပုံပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
“စက်ရုံနားကို အနီးကပ် ကပ်ပြီဆိုတဲ့ အချိန်မှာကျတော့ စစ်သားတွေက ထွက်ပြေးသွားပြီး ပျူစောထီးတွေပဲ ချန်ခဲ့တယ်။ အံ့ဩစရာကောင်းတာက စစ်ကူလာတာမျိုး လုံးဝမတွေ့ရဘူး။ အသေခံခိုင်းတဲ့ သဘောလည်းတွေ့ရတယ်။ နောက်ပြီး စကစက ပျူတွေကို ထိုးကျွေးတဲ့ပုံစံမျိုးလည်း တွေ့ရတယ်။”လို့ မင်းကင်းတပ်ရင်း ၁၁ မှ ကိုကျားက ပြောပါတယ်။
“အခု ကြက်ဥတလုံးကို ၁၂၀၀ ပေးစားနေရတယ်၊ ခရမ်းချဉ်သီးတလုံးကို ၆၀၀၊ အာလူးတလုံးကို ၇၀၀၊ ပိဿာနဲ့ မရောင်းတော့ဘဲနဲ့ အလုံးအရေတွက်နဲ့ ရောင်းနေကြတာ၊ ဓာတ်ဆီ တဂါလံကို ၃၆၀၀၀၊ ခမ်းပတ်တိုက်ပွဲဖြစ်ပြီးနောက်မှာ ဈေးက ၃ ဆ တက်သွားတာ၊ ကြက်ဥတောင် လူတိုင်းမစားနိုင်ဘူး၊ မြို့ခံလူတွေလည်း လမ်းပြန်ပွင့်လာမှာပါဆိုပြီး တောင့်ခံထားကြတာ။”
“မနေ့နဲ့ ဒီနေ့ မိုးတအားများတာရော အထက်က ချောင်းရေကျတာရော ပေါင်းပြီးရေလျှံတာ။ အရင် မိုခါ (မုန်တိုင်း)တုန်းက ရေအဆင့်ရှိတယ်၊ ညကတည်းက ရေ တက်တာဆိုတော့ တချို့ဆို ရွေ့ချိန်ကိုမရလောက်ဘူး၊ ည ၁၀နာရီဆိုတော့ လူအိပ်ချိန်ဖြစ်နေပြီလေ၊ ဒီမနက် ထမင်းပို့ဖို့သွားတာ ရေကပေါင် အရင်းလောက်ရှိတော့ သွားမရဘူးဖြစ်နေတာ။ ရေစီးကလည်း နည်းနည်းသန်တယ်”