ခိုင်ကမ်းမြို့ ရဲစခန်းနဲ့ တမိုင်ပတ်လည်က ပြည်သူတွေကို နေရာပြောင်းရွှေ့ခိုင်း
စစ်**တွေဘက်က ရှောင်တဲ့အိမ်၊ ထွက်ပြေးတဲ့အိမ်တွေကို မီးရှို့မယ်လို့ ပြန်ခြိမ်းခြောက်တယ်၊ အများစုကတော့ ရှောင်နေကြပြီ
စစ်**တွေဘက်က ရှောင်တဲ့အိမ်၊ ထွက်ပြေးတဲ့အိမ်တွေကို မီးရှို့မယ်လို့ ပြန်ခြိမ်းခြောက်တယ်၊ အများစုကတော့ ရှောင်နေကြပြီ
“နယ်မြေမငြိမ်တဲ့အတွက် ဒီကနေ့မှ နာရေးအခမ်းအနား လုပ်ဖြစ်ခဲ့တာ၊ မိသားစုကတော့ နောက်ဆုံးအကြိမ် မျက်နှာမကြည့်လိုက်ရတော့ အဲ့တာကို မချိတင်ကဲဖြစ်တာပေါ့”
“အရင်ရက်က တိုက်ပွဲမဖြစ်ဘဲ ရွာထဲကို ဒရုန်းလွှတ်ပြီး ဗုံးသီးချခဲ့တာဗျ။ အဲ့ဒါကြောင့် ကျနော်တို့ဘက်က အနီးတစ်ဝိုက်မှာ စောင့်ကြည့်နေတဲ့အချိန် စစ်တပ်ဘက်က ဒရုန်းထပ်လွှတ်ခဲ့လို့ သူတို့(စကစ) ဆီက ရခဲ့တဲ့ Drone Gun နဲ့ ပစ်ချလိုက်ခဲ့တာ”
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ သပိတ်စစ်ကြောင်းတွေစုပေါင်းပြီး တရုတ်နိုင်ငံတော်အလံကိုမီးရှို့ကာ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်
“စစ်ကြောင်းက သူတို့ဆီဦးတည်လာတာ၊ ကြားမှာရှိတဲ့ ကင်းတွေနဲ့ကလည်း ထိတွေ့မှုဖြစ်နေပြီ၊ စခန်းကိုရောက်ဖို့ မိနစ်ပိုင်းပဲလိုတော့တဲ့အချိန် ချက်ချင်းဆုတ်ဖို့ ညွှန်ကြားချက်ပေးတယ်။ ဖြစ်ချင်တော့ သူက ဆုတ်တော့ဆုတ်မှာ မဆုတ်ခင်မှာ မိုင်းဆင်ခဲ့ဦးမယ်ဆိုပြီး မိုင်းတပ်ဆင်တဲ့အချိန် ပွိုင့်တပ်စိတ်နဲ့ တည့်တည့်ကြီးတွေ့ပြီး အဖမ်းခံလိုက်ရတာ၊ ဆုတ်ဖို့ ညွှန်ကြားချက်ပေးချိန် တခါတည်း တန်းဆုတ်သွားရင် အကုန်လွတ်တယ်၊ အမိန့်နာခံမှုအားနည်းတာ။ လုပ်ချင်ဇောကြီးသွားတာလို့ပဲ သုံးသပ်ရမယ်"
စစ်ကောင်စီစခန်းတွေ ဝင်ရောက်စီးနင်းနိုင်ဖို့ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရဲဘော်တွေ စွမ်းရည်မြှင့်တင်ဖို့ အခုလို စစ်ရေးလေ့ကျင့်နေကြတာ
“လေယာဉ်တွေဝဲနေတဲ့ကြားက ကျနော်တို့ရဲ့ အထိမ်းမှတ်နေ့လေးဖြစ်နေလို့ လုပ်ခဲ့တာ၊ သင်တန်းဆင်းပွဲမှာဆို ပထမဆုံး အမျိုးသမီးရဲဘော်တွေ ပါဝင်လာတယ်”
“စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဘေးက အိမ်တွေကို လေယာဉ်နဲ့ ၃ ခေါက်တိတိ လာပစ်တာဆိုတော့ ပဇီကြီးလိုပဲလို့ ပြောလို့ရတယ်၊ ပထမတခေါက်လာကြဲတုန်းက ထွက်ပြေးတဲ့သူတွေက နောက်တခေါက်လာပစ်တဲ့ချိန်မှာ လွတ်သွားတာမျိုး၊ ဗုံးက တလုံးပဲချလို့ ဒီလောက်အသေပျောက်နည်းတာ၊ ပြီးတော့ ဂျက်ဖိုက်တာနဲ့ကြဲတယ်၊ သေတာက ကလေးပါမယ်၊ အဖွားအရွယ်ပါမယ်၊ လူလတ်ပိုင်းတွေ ပါမယ်၊ အရွယ်စုံတယ်ဗျ။”
“လမ်းကြောင်းက အိန္ဒိယကမ်းခြေဘက်ကို ယိမ်းသွားရင် မုန်တိုင်းဒဏ် တိုက်ရိုက်ခံရတာသက်သာပြီး၊ ဆန့်ကျင်ဘက်အနေနဲ့ မုန်တိုင်းလမ်းကြောင်းက ရခိုင်ကမ်းရိုးတန်းဘက်ကို ရွေ့လာရင်တော့ မြန်မာနိုင်ငံအတွက် မုန်တိုင်းလေပြင်းတိုက်တဲ့ ဒဏ်နဲ့မိုးများလွန်းလို့ နောက်ဆက်တွဲဖြစ်လာမယ့် သဘာ၀ ဘေးအန္တရာယ် ဆိုးကျိုးတွေကို ခံစားရမယ်”
“စစ်ကောင်စီတပ်က ထောက်လှမ်းရေးတွေနဲ့ လိုက်နေတယ်၊ အဓိက စစ်ရေးအခြေအနေကိုပေါ့၊ သူတို့ ခံရတာများတော့ သပိတ်ကိုလည်း အာရုံစိုက်လာတယ်၊ အင်အားလည်း ကောင်းတယ်လေ။ ဒါကြောင့် အခုတလော သပိတ်ကိုအာရုံပြောင်းလာကြတာ၊ ခုထိတော့ အဆင်ပြေပါသေးတယ်”
“၅၀၅ သီးသန့်အကုန်လွှတ်မပေးဘူး၊ ကျန်ကာလ တနှစ်အောက်တွေကိုပဲ လွှတ်ပေးတာ၊ ထွက်လာသူတွေက ကျန်းမာရေးကောင်းကြပေမယ့် အထဲမှာက ဆေးဝါးလိုအပ်ချက်တွေ အများကြီးရှိနေတယ်၊ ဘာရောဂါဖြစ်ဖြစ် ဆေးတမျိုးပဲပေးတယ်”
“နဂိုကဆို ရေအိုင်တွေရှိတယ်။ အဲ့အိုင်တွေကနေ ချိုးရေဆိုလည်းဒါပဲ။ သောက်ရေဆိုလည်း ဒါပဲ။ ဒါပေမယ့် ခုနွေရာသီရောက်တဲ့အခါမှာ အဲ့အိုင်တွေကလည်း ရေတဖြည်းဖြည်းခမ်းလာတယ်။ ရေတော်တော်ကို ရှားပါးပြီး သောက်ရေအတွက် ရေရတဲ့နေရာထိကို လှည်းတွေနဲ့ လာသယ်နေရတယ်။ ညအိပ်လာသယ်ရတာတွေရှိတယ်။ လူတွေသောက်ဖို့တောင် ခက်ခဲနေတော့ နွားတွေကိုလည်း အချိန်မှန်မှန်မတိုက်နိုင်တော့ သေဆုံးတာတွေ ဖြစ်ကုန်တာ။"
“ယာယီပွိုင့်ကုန်းထိုးတဲ့နေရာတွေကို တပြိုင်ထဲတိုက်တာဗျ၊ သူတို့ဘက်က ၂ ယောက်ကျပြီးတော့ အလောင်းပြန်ကောက်တဲ့အချိန်မှာ နောက်တကြိမ် ထပ်ဖြစ်တယ်။ ကျတော်တို့သိထားတာ ၇ ယောက် ကျတယ်။ ၁ ယောက်ကတော့ အလောင်းလာမကောက်သေးဘူး။ မြစ်ဘယ်ဘက်ခြမ်းက တိုက်ပွဲအခြေနေကတော့ သေချာမသိရသေးဘူး။ လောလောဆယ်ဆယ်တော့ စစ်ဆိုင်ထားတုန်းပဲ။"
"ရင်းမှူးက ဘော်ဒီဂတ်ကလေးနဲ့ စစ်ကြောင်းသွားထောက်တာ။ စစ်**မရောက်သေးဘူး ထင်ပြီး သဲကောရွာကို ဖြတ်တာ။ စစ်**တွေက ရွာထဲမှာ အရင်ရောက်နှင့်နေပြီး အဖမ်းခံလိုက်ရတာ။ နယ်မြေမကျွမ်းတာလည်း ပါမှာပေါ့။ ရင်းမှူးက ပြောင်းလာတာ မကြာသေးဘူး။ သူတို့ နှစ်ယောက်ကိုက ရွာထဲမှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် မီးရှို့သတ်သွားတယ်။ ရဲဘော်တွေက ရင်းမှူးအဖမ်းခံလိုက်ရတယ်ကြားလို့ စစ်ကူလာဖြည့်ရင်း မိပြီး ပစ်သတ်ခံရတာ"
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တနေ့ကို မီး ၁ နာရီလောက်သာ လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရေအခက်ခဲ ကြုံနေရပြီး သောက်သုံးရေကအစ ရှားပါးနေတယ်