မီးရှို့ခံရတဲ့အိမ်တွေ ပြန်တည်ဆောက်ရတာများလို့ ထန်းရွက်တွေ ရှားပါးလာ
စစ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ်တွေ ပြန်လည်ဆောက်လုပ်ပေးရတာတွေ များပြားလာလို့ အိမ်ဆောက်ရာမှာ အသုံးပြုတဲ့ ထန်းရွက်တွေ ရှားပါးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။