Cherry

အထိခိုက်ဆုံး မီးဘေးသင့်အိမ်ထောင်စု ၅၀၀ ကျော်အတွက် အသုံးအဆောင်တွေ လှူတန်း

“‌ရေဦး၊ ဆားလင်းကြီး၊ ဒီပဲယင်း အဲ့ဘက်ရွာတွေကို ဦးစားပေးဖြစ်တယ်။ အဲ့ဘက်တွေက မီးရှို့ခံရတာတွေက အကြိမ်ရေကိုမနည်းတော့ဘူးလေ။ အထိခိုက်ဆုံးရွာတွေကို ရွေးထုတ်ပြီး လုပ်ပေးနေတာပါ။ လုပ်ပေးချင်တာတော့ အကုန်လုံးကို လုပ်ပေးချင်တာ။ ငွေကပြန်ကြည့်နေရတော့ တော်တော်လေး ဒုက္ခရောက်တဲ့သူတွေကိုပဲ ကူညီနေရတာ။”

လေကြောင်းနဲ့ ပစ်ခတ်ခံရမှု ပြည်သူ ၂ ဦး‌ သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက ကုက္ကိုကုန်းရွာကို လေကြောင်းနဲ့ ပစ်ခတ်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် သေဆုံးပြည်သူ ၂ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က Mi35 ၂ စီးနဲ့ ၁ နာရီကျော်ပစ်ခတ်ပြီး၊ Mi 17 ၂ စီးနဲ့ အင်အား ၅၂ ယောက်ခန့် ချထားခဲ့ကာ မီးရှို့ဖျက်ဆီးတာတွေ၊ ပစ်သတ်တာတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဗျူဟာမှူးကျလို့ ‌ရွာလုံးကျွတ်မီးရှို့ခံရပြီး သေဆုံးပြည်သူတွေလည်း ရှိနေ

"ပြာပုံကြီးပဲ ရှိတော့တယ်။ မနေ့ကထိကို ရှို့နေတုန်း။ ပြည်သူသေဆုံးတာတွေ ရှိတယ်။ မီးထဲပါတာတွေ၊ စစ်ကြောင်းဝင်လာလို့ ပစ်သတ်တာတွေရော၊ စစ်ကြောင်းပြန်မလှည့်သရွေ့တော့ အတိကျပြောလို့ မရသေးဘူး။ သူတို့ဘက်က ဗျူဟာမှူးကျသွားတော့ တအားကို အထိနာသွားပြီး ရမ်းသမ်းမီးတွေ ရှို့တော့တာပဲ။”

ဖုန်းထင်ပြီးကောက်လိုက်ချိန် ဗုံးပေါက်ကွဲလို့ နွားကျောင်းနေသူတဦး ထိမှန်ဒဏ်ရာရ

“သူက နွားကျောင်းရင်းတံတားအနီးမှာ ကီးပတ်ဖုန်းကိုတွေ့လို့ ကောက်ယူချိန်မိုင်းကွဲတာပါ၊ စိုးရိမ်ရတဲ့ အခြေအနေပါ၊ ဖုန်းကိုအရောင်ပြပြီး အောက်မှာမိုင်းထောင်ထားတာ၊ ဒီဒေသမှာက စစ်**တွေပဲလှုပ်ရှားလာတာပါ၊ ကျနော်တို့ဘက်ကလူတွေက ပြည်သူဒုက္ခဖြစ်စေတဲ့လုပ်ရပ်တွေကို မလုပ်ပါဘူး"လို့ ပြောပါတယ်။

စားသောက်ဆိုင်လာတဲ့ ဒလန်အဖမ်းခံရပြီးနောက် ဆိုင်ပိုင်ရှင်တွေကို စစ်ကောင်စီကဖမ်းဆီး

“သူက(ဒလန်) မြို့နယ်မှူးအတွက် ထမင်းဝယ်ပြီးထမင်းဆိုင်ကအထွက်ကို လက်နက်ကိုင်အဖွဲ့စည်းကဖမ်းတာ၊ အဲ့နောက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက ဆိုင်ကိုလာသောင်းကျန်းပြီး အဲ့ဆိုင်က လင်မယားကိုဖမ်းသွားတာ။” လို့ မျက်မြင်တွေ့ခဲ့တဲ့ ပြည်သူတဦးက ပြောပါတယ်။

တော်လှန်ရေးမှာ ပြည်သူတွေဆက်လက်ပါဝင်နိုင်ဖို့ လူထုနိုင်ငံရေးဆွေးနွေးပွဲကျင်းပ

“ဒီဘက်ဒေသတွေမှာက ခဏခဏမီးရှို့ခံရတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမသွားအောင် အားပေးတဲ့ပုံစံမျိုးလည်း ဖြစ်တယ်၊ နိုင်ငံရေးမှာလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုတဲ့ အကြောင်းရာတွေလည်း ကွဲဖို့ပေါ့၊ ပြည်သူတွေကို ဖြည်းဖြည်းချင်းတော့ မျက်စိဖွင့် နားဖွင့်ပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။” လို့ ဆွေးနွေးပွဲမှာပါခဲ့တဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

အာဏာသိမ်း ၂နှစ်ပြည့်မှာ အသံတိတ်သပိတ်လုပ်နိုင်ဖို့ပြင်ဆင်နေ

"ပြည်သူတွေရဲ့ အန္တရာယ်အတွက်ကိုလည်း စိုးရိမ်မိသလို ထိခိုက်မှာကိုလည်း မလိုလားပါဘူး။ အဲ့တာကြောင့် လုံခြုံရေးကို အထူးဂရုစိုက်ပြီး ပါဝင်ကြပါ။ များများပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူ့အင်အားပြဖို့ ပူးပေါင်းကြပါ။ မိမိတို့ အနာဂတ်အတွက် တိုက်ပွဲဝင် တော်လှန်ကြဖို့ တိုက်တွန်းလိုပါတယ်။"

မြို့သိမ်းတိုက်ပွဲအတွက် ကျည်အစစ်တွေသုံးကာ လေ့ကျင့်ရေးဆင်း

NUG လက်အောက်ခံ ၉၀၁ တပ်ရင်းမှာ မွမ်းမံသင်တန်းပေးတာတွေ၊ စစ်ရေးလေ့ကျင့်တာတွေကို အပြင်းထန်လုပ်နေပြီး ၂၀၂၃ ခုနှစ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရွှေဘိုက ပျူစောထီးကင်းစခန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

“ ကျနော်တို့ဘက်က ကင်း ၄ ကင်းလုံးစီးနိုင်ခဲ့တယ်၊ ကင်းတဲတွေကို မီးရှို့ပြီးတော့ သူတို့ဘက်က စစ်ကူချက်ချင်းရောက်လာတယ်၊ ရွာလယ်မှာ အထိုင်ချထားတဲ့စခန်းထိ ဝင်စီးနိုင်ပေမယ့် ရဲဘော်တွေထိထားလို့ နောက်ပြန်ဆုတ်ခဲ့တယ်"

အင်းတော်တိုက်ပွဲမှာ ၂ ဘက်အကျဆုံးရှိပြီး ဓားစာခံပြည်သူ ၃ ဦး သတ်ခံရ

"သူတို့က ဘယ်က ပြည်သူတွေလည်းတော့ အစက မသိဘူး။ အလောင်းတွေ့မှ လိုက်မေးကြည့်တော့ လယ်မှီးရွာကဆိုတာ သိရတာ။ အဲ့တာနဲ့‌ အဲ့ရွာကို လှမ်းချိတ်မေးတော့ စစ်ကြောင်းနဲ့ ပါသွားတဲ့သူတွေဆိုတာ သိရတာ"

ဗဟင်းတိုက်နယ်ဆေးရုံ လေကြောင်းပစ်ခံရပြီး အမျိုးသမီးတဦးသေဆုံး

“ဆေးရုံကို ဦးတည်ပြီးပစ်တာ၊ ပင်မဆောင်တို့၊ ဓာတ်ခွဲခန်းတို့ကို စပစ်တယ်။ ခွဲခန်းဝင်နေတဲ့လူနာတွေလည်း ရှိတယ်။ ခွဲခန်းဝင်နေရင်း တန်းလန်းကို လေယာဉ်နဲ့ လာပစ်တဲ့အခါကျတော့ ကသောင်းကနင်းပဲ။ ဆေးရုံထဲက ပစ္စည်းတွေလည်း ကွဲတဲ့ဟာကကွဲ၊ တိုက်လဲတာကလဲနဲ့ တော်တော်ကို မွစာတက်သွားတယ်။ ရစရာမရှိအောင်ကို ပစ်ထားတယ်”

အညာ မီးဘေးအတွက် ကျောတခင်းစာ ဖန်တီးပေးသူများ (ရုပ်/သံ)

တအိမ်ကို ပျမ်းမျှကုန်ကျစရိတ်က ၂ သိန်း ၃ သောင်းဝန်းကျင်နဲ့ အိမ်ခြေ ၂၅၀ ကို ဆောက်လုပ်ပြီးသွားပြီလို့သိရကာ အခုဆိုရင် စစ်ကောင်စီမီးရှို့လို့ အိမ်ယာမရှိတော့တဲ့ ပြည်သူတွေ လာရောက်နေထိုင်နေကြပြီလို့လည်း သိရကာ လာရောက်တိမ်းရှောင်သူအများစုမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိနေကြပါတယ်။

ဒီပဲယင်းမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး ပြန်လွတ်လာတဲ့ပြည်သူတဦး ၆ ရက်အကြာမှာ သေဆုံး

“သူက ပြန်ရောက်လာချိန်ထဲက စကားတောင်ကောင်းကောင်းပြောနိုင်တော့တဲ့ အခြေနေမျိုးမဟုတ်ဘူး၊ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေရှိတယ်၊ ခေါင်းတွေမှာပေါက်ပြဲထားတဲ့ဒဏ်ရာတွေရှိတယ် အဲ့ဒဏ်ရာတွေနဲ့ပဲဆုံးသွားတယ်။”

ညောင်ဦးအခြေစိုက်တပ်ရင်းမှာ အမျိုးသမီးထောက်လှမ်းရေး သင်တန်းဆင်းပွဲပြုလုပ်

“ကျနော်တို့လို ပုဂံ ညောင်ဦးမြို့တွေဆိုတာက စစ်ကောင်စီဘက်က အင်အားအတော်လေးသာတယ်။ သေချာလေ့ကျင့်မသင်ဘူးဆိုရင် ရှေ့မှာလည်း ပြဿနာတွေကြုံခဲ့ရတာရှိတယ်။ အဲ့တာကြောင့်လည်း တကယ်တတ်ကျွမ်းတဲ့ ဆရာတွေခေါ်ပြီး ရဲဘော်တွေကို သင်တန်းပေးဖြစ်တာပါ။ ရေရှည်မှာဆိုရင်လည်း အမျိုးသမီးတွေကို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါနိုင်အောင်လို့ ဘယ်လိုသင်တန်းတွေ ဘာတာဝန်တွေ ပေးမယ်ဆိုတာတော့ အထက်ပိုင်းနဲ့ တိုင်ပင်ပြီး စီစဉ်မှာပါ”

အင်တာနက်ဖြတ်တောက်ခံရတဲ့ဒေသတွေမှာ လူထုလွတ်မြောက်ရေးစာစဉ်တွေ ဖြန့်ဝေ

“နိုင်ငံရေးအတွေးအခေါ် ထည့်သွင်းပေးနိုင်ဖို့က စာစဉ်တွေရဲ့ တာဝန်ဖြစ်တယ်။ အင်တာနက်မရတဲ့‌ဒေသက ပြည်သူတွေဆီကို အင်တာနက်ရတဲ့ဒေသက သတင်းတွေ၊ ဆောင်းပါးတွေ၊ ဖျော်ဖြေစရာတွေ၊ နိုင်ငံရေးအတွေးအခေါ်တွေကို ပေးနိုင်ဖို့၊ အဲ့လိုပဲ အင်တာနက်ဖြတ်တောက်ခံဒေသက လှုပ်ရှားမှုတွေကို အင်တာနက်ပေါ်မှာရှိတဲ့ ပြည်သူတွေဆီ ပြန်ပေးနိုင်မယ့် ပေါင်းကူးတခုအနေနဲ့ ထုတ်ဝေခဲ့တာဖြစ်ပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10