Kyaw Gyi

မင်းလှမှာ စစ်ကောင်စီအတွက် ဂိတ်ကြေးကောက်ပေးနေတဲ့လင်မယား ရှင်းလင်းခံရ

"အမျိုးသားဖြစ်သူက သစ်တောဂိတ်မှာ စကစ အတွက် ဂိတ်ကြေးကောက်ပေးတဲ့ အလုပ်လုပ်တယ်လို့တော့ သိရတယ်။ မိန်းမလုပ်သူကတော့ စျေးရောင်းတယ်။ ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာတော့ မသိရဘူး"

မန္တလေး-ရန်ကုန်မီးရထားလမ်းပိုင်းမှာ မိုင်းကွဲလို့ ကုန်တင်ရထားတွဲဆိုင်းတွေ ပျက်စီးတိမ်းမှောက်

"ဖြစ်တာက သပိတ်လှန်ဘုန်းကြီးကျောင်းအနော​က်ဘက် ကျောက်တံခါးနဲ့ ဖြူးမြို့နယ်ကို ခြားထားတဲ့ တံတားနားမှာဖြစ်တာ။ စက်ခေါင်းနဲ့ ရှေ့တတွဲက လွတ်သွားပေမယ့် နောက်တွဲတွေက ထိသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် ကျောင်းသား ၂ ဦး အပါ ၄ ဦးသေဆုံး

"စကစ ဘက်ကတော့ ခုရက်ပိုင်းမှာ လက်နက်ကြီးတွေကို အလွန်အကျွံသုံးပြီး နေ့တိုင်းပစ်ခတ်နေတာရှိတယ်။ KNU တပ်မဟာ ၃ နယ်မြေထဲက ရွာတွေကိုပစ်နေတာ။ စစ်ကြောင်းမဝင်ခင် ကြိုတင်ပစ်ခတ်တဲ့ သဘောလဲပါတယ်။ အကြောင်းမဲ့ပစ်နေတာကများတယ်။"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွှေဘိုမှာ မိုင်းထိလို့ ကလေး  ၁ ဦးအပါအဝင်  ၃ ဦးဒဏ်ရာရ

"သူတို့က ရွှေဘိုမြို့မှာ သွားနေပြီး ရွာကို လာလိုက်ပြန်လိုက်ရှိတယ်။ အဲ့လမ်းမှာ မိုင်းရှိနေလို့ ဒေသခံတွေကို မသွားလာဖို့ ကာကွယ်ရေးအဖွဲ့က သတိပေးထားတယ်။ သူတို့က မသိဘဲလာတာ၊ မိုင်းကလည်း error တက်ပြီး ကွဲတာနဲ့တိုက်ဆိုင်ပြီး ထိသွားတာ။ ပြီးတော့ မနေ့က ၆ ရပ်ကွက်နားမှာလည်း ကလေးတယောက်မိုင်းထိတယ်လို့ သိရတယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မကွေးမှာ ရေကန်အတွင်း ရေဆင်းကူးတဲ့ ၆ တန်းကျောင်းသား ၂ ဦး ရေနစ်သေဆုံး

ဩဂုတ်လ ၁၆ ရက် မနေ့ကနေ့လယ် ၁ နာရီကျော်အချိန်မှာ ဆားတိုင်ကန်ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၂ ဦးဟာ ကျေးရွာဘောလုံးကွင်း အနောက်ဘက် အနက် ၇ ပေခန့်ရှိ ရေကန်အတွင်းမှာ ရေဆင်းကူးနေစဥ် ရေနစ်သေဆုံးသွားတာလို့ ဆိုပါတယ်။

ရွှေဘိုနယ်၊ ဂွေးကုန်းရွာကို စစ်ကောင်စီ ဒုတိယအကြိမ် မီးရှို့ပြန်

“သူတို့က မနေ့ညကတည်းက တောမှာအိပ်တယ်။ ဒီနေ့မနက်မှ ရွာထဲကိုဝင်လာတာ။ အခုချိန်ထိ နေအိမ်ဘယ်လောက် မီးထဲပါသွားလဲဆိုတာ မသိသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေ ရှိမရှိဆိုတာလည်း စုံစမ်းနေတုန်းပါ"

ကျောက်တံခါးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲ၊ မိုင်းနင်းမိလို့ KNLA အဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ

"မနက်ပိုင်း တိုက်ပွဲဖြစ်တယ်။ တနာရီနီးပါးဖြစ်ပြီးတော့ စကစဘက်က ပြန်ဆုတ်သွားတယ်။ သူတို့ပြန်ဆုတ်တော့ ကျနော်တို့ဘက်ကလည်း နယ်မြေလိုက်ရှင်းတာ။ သိပ်မကြာဘူး စကစဘက်က တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတာ ပစ်ခတ်တာတွေ လုပ်သွားတယ်"

ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေဆုံး

"စကစ လက်နက်ကြီးပစ်တဲ့ ရွာနဲ့ လက်နက်ကြီးပစ်ခံရတဲ့ ရွာက စစ်တောင်းမြစ်အရှေ့နဲ့အနောက်ပဲ ခြားတယ်။ ဒီမနက်က ၈၁ မမ ၃ လုံး လှမ်းပစ်တာ။ ပစ်တဲ့ စကစ အဖွဲ့က လှုပ်ရှားစစ်ကြောင်း အင်အား ၁၀၀ လောက်ရှိမယ်"

ရွှေဘိုမှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံး (ရုပ်/သံ)

"ရော့ကတ်နဲ့ ၆၀ မမ စုစု​ပေါင်း အလုံး ၅၀ လောက်ပစ်တာ။ ပစ်ခတ်မှုက ၁ နာရီခွဲလောက်ကြာတယ်။ ပစ်နေတဲ့ အချိန်မှာပဲ စကစအင်အား ၁၅ ဦးလောက်က ကျနော်တို့ရှိနိုင်တယ်လို့ ယူဆတဲ့ တဂဏန်းဘက်ကို ထွက်လာရာမှာ မိုင်းဆွဲခဲ့တာ။"

အုတ်တွင်းမှာ ဒရုန်းဗုံးကျလို့ မိန်းကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

"စကစ အဖွဲ့တွေမှာ Jammerတွေ ပါလာတယ်။ အဲ့ဒါကြောင့် ဒရုန်းဗုံးသီးတွေက စကစဘက်ကို မကျဘဲ ရွာအစွန်နားဘက်ကျပြီး ရွာက မိန်းကလေးငယ် ၁ ဦးနဲ့အမျိုးသမီး ၁ ဦးဒဏ်ရာရသွားတယ်။"

ပဲခူးမြစ်ရေ ပြန်ကျလို့ ကယ်ဆယ်ရေးစခန်းအားလုံးပိတ်သိမ်း၊ ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်

"ရှေ့ရက်တွေကလည်း ပြန်ကြသူတွေရှိတယ်။ မနေ့ကတော့ ရေက စိုးရိမ်ရေမှတ်အောက် ၆၀ စင်တီမီတာလောက် ကျသွားပြီဆိုတော့ ရေမရှိတော့ဘူးလေ။ အဲ့ဒါကြောင့် ကယ်ဆယ်ရေးစခန်းအားလုံးပိတ်လိုက်ပြီ "

ဒိုက်ဦးနယ်ကို စစ်အုပ်စုကစစ်ကြောင်းထိုးကာ ဒေသခံ ၃ ဦးကိုဖမ်းဆီးထား

"မနေ့ညနေက ရောက်လာပြီး မွှေတယ်။ ဒီမနက်ပိုင်းအထိလည်း နေအိမ်တွေရှာဖွေပြီး စစ်ဆေးနေတယ်။ ပြီးတော့ ရွာနားတွေမှာ ကင်းပုန်းဝပ်နေကြတယ်"

တောင်ငူမြို့နယ်မှာ ကြံခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ၁ ဦးပစ်သတ်ခံရ

"သူက ဟိုနေရာဒီနေရာပါတတ်သလို အုပ်ချုပ်ရေးအဖွဲ့၊ စကစ ​အဖွဲ့တွေနဲ့လည်း ပေါင်းသင်းသွားလာတတ်တာရှိတယ်။ ဘာကြောင့်အသတ်ခံရလည်းဆိုတာတော့ သေချာမသိဘူး"

ကန့်ဘလူမှာ မိသားစုဝင် ၅ ဦး နေအိမ်မှာ အသတ်ခံရ

"သိရသလောက် သူတို့က မြို့ပေါ်က ဟုတ်ဘူး၊ ရွာဘက်ကနေ လာရှောင်နေကြတာ။ သေဆုံးသူတွေထဲက မဖြိုးသီရီလှိုင်ဆိုတာက သားဖွားဆရာမလို့ သိရတယ်။ အသတ်ခံရတဲ့အထဲ မပါတာဆိုလို့ ၂ နှစ်ကျော်အရွယ် ကလေး ၁ ဦးပဲ လွတ်တယ်"

စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် အစမှန်လို့ ပြည်သူ ၁ ဦးဒဏ်ရာရ

" သူတို့ပစ်တာက စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ထန်းတပင်မြို့နယ်ထဲက ကွေ့ကြီး၊ ပိန်းကျော်၊ ငါးဆီလှောင်ကျေးရွာတွေဘက်ကို လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့တာ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10