ရွှေဘိုမြို့အဝင်မှာ သေနတ်ဖောက်ပြီး PDF စိန်ခေါ်၊ လာစစ်တဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ၃ ဦးသေ ၁ ဦးဒဏ်ရာရ (ရုပ်/သံ)
ဩဂုတ်လ ၁၁ ရက် မနက် ၁၁ နာရီခန့်မှာ ရွှေဘိုမြို့အဝင်မုဒ်ဦးအနီးဝန်းကျင် စစ်ကောင်စီအဖွဲ့တွေ ကင်းပုန်းဝပ်တတ်တဲ့ နားမှာ မိုင်းဆင်ပြီး မုဒ်ဦးနားထိသွားရောက်ကာ သေနတ်ပစ်ဖောက်ပြီး စစ်ကောင်အဖွဲ့ကို ထွက်လာအောင် စိန်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။